Wednesday, March 9, 2016

English Speaking Basics (67)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

not only X, but also Y = X သာမက..Yလည်းပဲ
================
I. EXAMPLES:
.....................
1. He is not only humorous, but also patient.
သူက ဟာသဉာဏ် ရှိရုံသာမက စိတ်လည်းရှည်ပါတယ်။


.
2. He is not only a good leader, but also an eloquent speaker.
သူက ခေါင်းဆောင်ကောင်းတစ်ယောက် အဖြစ်သာမက အပြောအဟောကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်
.
3. I’m not only going to the party, I’m also going to sing at it.
ကျနော်က ပါတီပွဲကို သွားရုံသာမက သီချင်းလည်းဆိုဦးမှာပါ
.
4. Not only do I support you, so do your acquaintances.
ကျနော်ခင်ဗျားကို ထောက်ခံအားပေးရုံသာမက ခင်ဗျားရဲ့ ရင်းနှီးခင်မင်သူတွေကိုပါ ထောက်ခံအားပေးပါတယ်
...........................
II. DIALOGUES:
........................
A: Have you seen the movie Gone with the Wind?
ခင်ဗျား Gone with the Wind ဇတ်ကားကို ကြည့်ပြီးပြီလား
.
B: Yeah. I think Vivian Leigh is beautiful.
အင်း ၊ Vivian Leigh က လှတယ်လို့ ထင်တယ်
.
A: She’s not only beautiful; she’s also a talented actress.
သူမက လှပရုံသာမက ပင်ကိုယ်စွမ်းရည်ရှိတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်
.
B: Yes, I’ve enjoyed all her movies.
ဟုတ်တယ် ၊ ကျနော် သူ့ဇတ်လမ်းတွေ အားလုံးကို ကြိုက်နှစ်သက်ပါတယ်
.
A: Which one is your favorite?
ဘယ်ဇတ်လမ်းကို အကြိုက်ဆုံးလဲ
.
B: I like her best in A Streetcar Named Desire.
ကျနော် သူမကို A Streetcar Named Desire ဇတ်ကားမှာ အကြိုက်ဆုံးပါပဲ
.................
Credit to : http://englishspeakingcourses.com/022-he-is-not-only-but-…/…
...................
ဝေါဟာရများ
...................
Humorous (adj) ဟာသဉာဏ်ရှိသော
Patient (adj) စိတ်ရှည်သော
Eloquent (adj) အပြောအဟောကောင်းသော ၊ နှုတ်စလျှာစရှိသော ၊ နှုတ်ရေးကြွယ်သော
Talented (adj) ပင်ကိုယ်စွမ်းရည်ရှိသော
Acquaintances (n) ခင်မင်ရင်းနှီးသူများ
...
ရှင်းလင်းချက်များ
............
(1) Not only ..but also နဲ့ ရေးတဲ့အခါမှာ ၀ါကျဟာ parallel ဖြစ်ရပါမယ် ၊ လိုက်ဖက်ညီမျှရပါတယ်
Noun အချင်းချင်း ၊ verb အချင်းချင်း ၊ adjective အချင်းချင်း ၊ phrase အချင်းချင်း ၊ clause အချင်းချင်း စသည်ဖြင့် တူညီတာတွေကိုပဲ ဆက်ရပါမယ်
................
They need not only FOOD but also SHELTER. (Here we use nouns :food and shelter)
သူတို့ဟာ အစားအသောက် သာမက နားခိုစရာနေရာလည်းပဲ လိုအပ်ပါတယ်
.
She is not only RICH but also GENEROUS. (Here we use adjectives : rich and generous)
သူမဟာ ချမ်းသာရုံမျှမက ရက်ရောမှုလည်းရှိပါတယ်
.
My uncle not only BROUGHT me to the city but also FOUND a good job for me. (Here we use verb phrases)
ကျနော့်ဦးလေးက ကျနော့်ကို မြို့ခေါ်သွားရုံတင်သာမကပဲ ကျနော့်အတွက် အလုပ်တစ်ခုလည်း ရှာပေးခဲ့ပါတယ်
..
(2) Not only ကို ၀ါကျအစမှာ ထားပြီးသုံးတဲ့အခါမှာတော့ Not only + Helping verb + Subject ပုံစံရေးရပါတယ်
NOT ONLY WILL THEY paint the outside of the house but also the inside.
သူတို့ဟာ အိမ်ရဲ့ အပြင်ဖက်ကိုသာမက အတွင်းဖက်ကိုပါ ဆေးသုတ်ကြပါလိမ့်မယ်
..
(3) Not only ကိုရှေ့တင်ပြီး သူ့နောက်ကလိုက်ဖို့ helping verb မရှိလျှင် v-do ကို အကူခေါ်ရပါမယ် ၊ ဒီလို ၀ါကျမှာ but (also) ကို ဖြုတ်နိုင်တယ်လို့ ဆိုပါတယ် ၊ သို့သော် အထက်ဆုံးက example ၀ါကျများမှာ Not only ရှေ့ဆုံးမှာ မရှိလျှင်လည်း ဖြုတ်တာတွေကို တွေ့ရပါတယ် ၊ speaking မို့လို့ ဖြစ်နိုင်ပါတယ် ။ (When there is no auxiliary verb or main verb be, we use do, does, did. But can be left out in this case.)
...
NOT ONLY DID MY UNCLE bring me to the city; he also found a good job for me.
ကျနော့်ဦးလေးက ကျနော့်ကို မြို့ခေါ်သွားရုံတင်သာမကပဲ ကျနော့်အတွက် အလုပ်တစ်ခုလည်းပဲ ရှာပေးခဲ့ပါတယ်
.....
(4) Noun နှစ်ခုကို ဆက်ပြီးရေးတဲ့အခါမှာတော့ သုံးမယ့် verb ဟာ အနည်းအများစဉ်းစားဖို့လိုလာပါသေးတယ် ၊ but also ရဲ့နောက်က noun ကိုကြည့်ပြီး verb ကိုစဉ်းစားရမှာဖြစ်ပါတယ်
.
Not only proteins BUT ALSO VITAMINS ARE essential for small children.
အသားဓါတ်များသာမက ဗိုက်တာမင်ဓါတ်များဟာလည်း ကလေးငယ်လေးများအတွက်မုချလိုအပ်ပါတယ်
( Vitamins က အများဖြစ်လို့ are နဲ့တွဲတယ်)
..
Not only proteins BUT ALSO VITAMIN “C” IS essential for small children.
အသားဓါတ်များသာမက ဗိုက်တာစီဓါတ်ဟာလည်း ကလေးငယ်လေးများအတွက် မုချလိုအပ်ပါတယ်
(Vitamin C က အနည်းဖြစ်လို့ is နဲ့တွဲတယ်)
.
(5) ဆက်စပ်မှုရှိလို့ ပြောလိုက်ချင်ပါတယ် ၊ ဒီလိုဝါကျမျိုးကို both ..and နဲ့ ရေးလည်းရပါတယ် ၊ both and ကတော့ အမြဲပဲ အများကိန်း plural verb နဲ့ပဲ ရေးပါတယ်.
Both proteins and vitamin “C” ARE essential for small children.
အသားဓါတ်များနဲ့ ဗီတာမင်စီဓါတ် နှစ်မျိုးလုံးဟာ ကလေးငယ်လေးများအတွက် မုချလိုအပ်ပါတယ်
.
(6) But also အစား as well, too တို့ကိုလည်းသုံးနိုင်ပါတယ် ၊ သို့သော်လည်း as well နဲ့ too တို့ကိုတော့ ၀ါကျရဲ့ နောက်ဆုံးမှာပဲ ထားရပါတယ်
.
This place not only depressed me but made me want to go home AS WELL.
ဒီနေရာက ကျနော့်ကို စိတ်ဓါတ်ညှိုးငယ်ထိုင်းမှိုင်းစေရုံသာမကပဲ အိမ်ကို ပြန်ချင်တဲ့ဆန္ဒလည်း ဖြစ်စေတယ်
.
He not only used a fictitious example, but he reproduced it TOO.
သူက လုပ်ကြံဖန်တီးထားတဲ့ နမူနာတွေကိုသုံးခဲ့ရုံသာမက အဲဒါတွေကို ထပ်ပြီးတော့လည်း ပွားများခဲ့ပါသေးတယ်
.
(7) အရေးမှာတော့ Comma ကို ၀ါကျပိုင်း clause နှစ်ခုကို ယှဉ်တွဲဖေါ်ပြတဲ့အခါ (ဆက်တဲ့အခါ) but also ရှေ့မှာထည့်လေ့ရှိပါတယ် ။
.
(8) Not only နဲ့ but also မှာ .. also ကိုဖြုတ်ရေးကြတာ တွေ့ရများပါတယ် ။ but ကိုလည်း not only နဲ့ စတဲ့ ၀ါကျမှာ ဖြုတ်တာတွေ့ရသလို ၊ but also တစ်တွဲလုံးဖြုတ်တာ လည်းရှိပါတယ် နောက်ဆုံး Not only ကိုပါ ဖြုတ်ရေးတာမျိုးလည်း ရှားရှားပါးပါးရှိပါတယ်
.
“It depends on your point of view, but also on where you live.” (Don Watson, Weasel Words)
.. ဘာကိုပဲ ဖြုတ်ဖြုတ် ပုံစံကျမှု formality လျှော့သွားတယ်လို့ ဆိုပါတယ် ။
.
(9) but also နေရာမှာ so နဲ့ ပြောင်းသုံးတာတွေလည်း example (4) မှာ တွေ့ခဲ့ရပါပြီ ၊ so ကိုရှေ့မှာ ထားရေးတဲ့အခါမှာလည်း inversion လုပ်ပေးရမှာဖြစ်ပြီး so ဟာ in the same way ထိုနည်းတူစွာ ၊ အဲဒီအတိုင်းပဲ .. ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ် ။
..
တွေ့ခဲ့ရတဲ့ example များဟာ မူရင်းဝါကျများဖြစ်ပါတယ် ။ ကဲ ဖြည့်သင်တဲ့ အချက်လေးတွေ ရှိလျှင်လည်း ပြောခဲ့ပါဦးနော် ..
စကားပြောဝါကျတွေကို မျှဝေတာကနေ မသိမသာနဲ့ grammar တွေ sentence construction တွေ usage တွေ အကြောင်း ကျနော် ပြောသွားခဲ့လေ့ရှိပါတယ် ၊ grammar ဆိုတာက သူ့ချည်းသက်သက် လေ့လာဖို့ဆို တော်ရုံလူ စိတ်မ၀င်စားဘူး ပျင်းဖို့ ကောင်းတယ်ဆိုတာ.. ကျနော်သိနေတာရယ် ၊ ပေးချင်နေတာရယ်ကြောင့်သာ ဖြစ်ပါတယ် ..
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...