Tuesday, March 15, 2016

ရေငုံတဲ့ ငှက်လေးလို ပုဂ္ဂိုလ်များများပေါ်ထွက်ပါစေ

သိန်း မြင့်

ဆရာမကြီး လူထု ဒေါ်အမာ တချိန်တုန်းက ပြောခဲ့တဲ့ ပုံပြင်တိုလေးပါ။
ပုံပြင်ထဲမှာ မြေ၀ပ်ငှက်ကလေး တစ်ကောင်ရဲ့ အသိုက်ကလေးဟာ တစ်နေ့မှာ တစုံတရာသော အကြောင်းကြောင့် မီးလောင်ပါတယ်။ အဲဒိတော့ မြေ၀ပ်ငှက်ကလေး ဒုက္ခ ရောက်ရှာတယ်။
အဲဒိအချိန်မှာ စွန်ရဲကြီး တစ်ကောင်က တစ်နေရာက မီးခဲ တစ်ခုကိုချီလာပြီး အဲဒိ အသိုက်ထဲကို ပစ်ချတယ်။ အလားတူပဲ ဇင်ယော်ငှက်ကလေး တစ်ကောင်ကလဲ ရေထဲကို သွားပြီး ရေတစ်ငုံ ငုံပြီးတော့ အသိုက်ထဲကို ရေထွေးချတယ်။

ဒေါ်အမာ ပြောတာက စွန်ရဲကြီး ချီလာပြီး ပစ်ချတဲ့ မီးခဲ တစ်ခဲကြောင့် ဒီအသိုက်က မီးပိုလောင်မှာ မဟုတ်သလို ဇင်ယော်လေး ထွေးချတဲ့ အာတစ်ငုံစာ ရေတစ်စက်ကြောင့်လဲ ဒီအသိုက်က မီးငြိမ်းသွားစရာ
အကြောင်း မရှိပါဘူး ... တဲ့။ ဒါပေမယ့် ဘယ်သူ့မှာ ဘာစေတနာ
ရှိတယ် ဆိုတာကတော့ ပေါ်တာပါပဲ ... တဲ့။
ဆရာမကြီးဆီက ကြားဖူးတဲ့ ပုံပြင်ကို ဆရာကြီး ဦးဝင်းဖေက တဆင့် ပြန်ပြောပြတာပါ။ ခုခေတ်စကားနဲ့ ပြောရရင်တော့ စိတ်ဓာတ်လေးတွေ သိရတာပေါ့ ... လို့ ဆရာကြီးက ပြောပါတယ်။
Credit:Kyaw Zwar Min Htut
K.K(ကနောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...