Wednesday, March 23, 2016

50 Common Grammar Mistakes in English (5)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

တတ်၍ ရေးခြင်းလည်း မဟုတ်ပါ ၊ ငတ်၍ရေးခြင်းလည်း မဟုတ်ပါ ၊ ၀ါသနာပါ၍ ရေးခြင်းလည်း မဟုတ်ပါ ။ သိသမျှထဲကနေ မျှဝေလိုသောစိတ်ဖြင့်သာ ရေးပါသည် ။ ဗဟုသုတများကိုသာမက စိတ်ချမ်းသာပျော်ရွှင်မှုများ မေတ္တာတရာများ ခင်မင်မှုများကိုပါ ပေးလိုခဲ့ပါသည် ။ သို့သော် နားလည်အောင် မဖေါ်ပြနိုင်ခဲ့သော် ခင်မင်စိတ်ရှည်စွာဖြင့် ဆက်လက်အားပေးကြပါလို့ ...

.
(36)
Wrong : My brother has 30 years.
Right : My brother is 30 (years old).
ကျနော့်အကိုက အသက် ၃၀ ပါ ။
.
အသက်ကို ပြောတဲ့အခါ အသုံးများတဲ့ ပြောနည်း (၃) မျိုးရှိပါတယ်
My brother is 30.
My brother is 30 years old.
My brother is 30 years of age. စသည်ဖြင့်
ဆန်းသစ်တီထွင်ပြီး ပြောတဲ့ အခြားနည်းလေးတွေလည်း တစ်ခါတရံမှာ တွေ့ရတတ်ပါတယ် ။
................................................
(37)
Wrong : I want eat now.
Right : I want to eat now.
အခု ကျနော် အစာစားချင်တယ်
.
Want = ရချင်သည် လိုချင်သည် (want + noun)
I want a car. ကျနော် ကားတစ်စီး/လိုချင်တယ်
.
Want to = ချင်သည် ( want to + V1)
I want to go to Italy.
ကျနော် အီတလီကိုသွား/ချင်တယ်
.
Want = သင့်သည် ၊ အပ်သည် (want to be + adj)
(I နဲ့ we အတွက်တော့ ဒီအဓိပ္ပါယ်မယူရပါ)
You want to be careful.
ခင်ဗျား ဂရုစိုက်/သင့်တယ်
(ကျနော်က ထူးဆန်းပြီး ဘာသာပြန်ပြတာ မဟုတ်ပါ ၊ အဘိဓါန်တွင် ပါသော အဓိပ္ပါယ်သာ ဖြစ်ပါတယ်
..............................................
(38)
Wrong : You are very nice, as your mother.
Right : You are very nice, like your mother.
ခင်ဗျားက ခင်ဗျားအမေလိုပဲ သိပ်သဘောကောင်းတယ်နော်
.
ဒီမှာ as your mother က ခင်ဗျားအမေအဖြစ်နဲ့ ..လို့ ယူရမှာ ဖြစ်ပြီး
, like your mother က ခင်ဗျားအမေလိုပဲ ..လို့ ယူရမှာဖြစ်ပါတယ်
အခု ဒီမှာ As နဲ့ like နှစ်ခုလုံးက preposition (၀ိဘတ် ၊ ဆက်စပ်မှုပြစကားလုံး) အဖြစ် သုံးထားတာဖြစ်ပါတယ် ။ as ကို conjunction (စကားဆက်) အဖြစ်လည်း သုံးနိုင်ပါသေးတယ် ။
conjunction အဖြစ်သုံးတဲ့အခါမှာတော့ as + S + V ပုံစံ သုံးရပါတယ်
................................................
(39)
Wrong : She said me that she liked you.
Right : She told me that she liked you.
သူမက ကျနော့်ကို သဘောကျတယ်လို့ ပြောခဲ့ပါတယ်
.
Say ကိုသုံးတဲ့အခါ object မလိုပါ ၊ tell ကိုသုံးလျှင် object ထည့်ပါ ။
..................................................................
(40)
Wrong : My husband engineer.
Right : My husband is an engineer.
ကျမအမျိုးသားက အင်္ဂျင်နီယာ တစ်ယောက်ပါ
.
ဘယ်သူက ဘာဖြစ်တယ် လို့ ရေးချင်လျှင် ဒီလိုစဉ်းစားကြည့်မယ် (နည်းကြိုက်လျှင်ယူပါ - ရှင်းလင်းတင်ဆက်ပုံ တစ်မျိုးလေးပေါ့)
My husband = engineer
အင်္ဂလိပ် ဘာသာစကားက နာမ်တွေရှေ့မှာ တိကျစေချင်တဲ့အခါ article ထည့်ပေးရပါတယ်
( မြန်မာလိုမှာကျ.. ကျမယောက်ျားက အင်္ဂျင်နီယာပါ .. ဆိုပြီး “တစ်ယောက်” ဆိုတာ မပါလည်း နားလည်နိုင်ပါတယ်)
My husband ကရှေ့မှာ My ဆိုတဲ့ possessive case (possessive adjective) ဖြစ်ပြီး possessive determiner လည်း ဖြစ်ပါတယ် ၊ ပိုင်ဆိုင်မှုပြအညွှန်းစကားလုံးပါနေလို့ တိကျပြီးသားမို့ article ထည့်ဖို့မလိုဘူး ၊ noun တစ်ခုရှေ့မှာ determiner နှစ်လုံးထပ်ပြီး သုံးလေ့မရှိပါဘူး
.
Engineer က တစ်ယောက် ..နှစ်ယောက် စသည်ဖြင့် ရေတွက်လို့ရတဲ့အတွက် a, an , the တစ်ခုခု ထည့်ပေးရတော့မယ် ၊ အင်ဂျင်နီယာ ဆိုတဲ့ အသံထွက်ရဲ့ အစစာလုံးက သရသံ(“အ”သံ)ဖြစ်နေပြီး တစ်ယောက်လို့ ဆိုချင်တာကြောင့် an ထည့်ပါမယ် ။ ဒါကြောင့်
My husband = an engineer ဖြစ်သွားပြီ ၊
ညီမျှခြင်းနေရာမှာ သင့်တော်ရာ V-be လေးထည့်ပြီး ၊ နောက်ဆုံးမှာ full-stop လေးထည့်လိုက်ပါ ။ ရပါပြီ ။
My husband is an engineer. လို့ ..
.
ပြီးသွားပြီဆိုမှ မှားနေတဲ့ sentence ကို ပြန်ကြည့်လိုက်တဲ့အခါ တိကျမှုမရှိဘူး ၊ ညီမျှခြင်းပြ (noun နှစ်ခုကို ဆက်စပ်ပေးတဲ့) စာလုံး မပါဘူး ဖြစ်နေတယ်ဆိုတာ သိသွားပါပြီ ။
......
အဲလိုပဲလေ ကျနော်တို့မှာ လိုအပ်နေတဲ့ အချက်လေးတွေကို ရှာဖွေပြီး .. သိပြီး ဖြည့်ဆည်းပေးရမှာပါ ၊ ဒါကြောင့် တည်ဆောက်ပုံမှန်ကန်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဘ၀ရဲ့ ၀ါကျလှလှလေးတွေ ဖန်တီးနိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါကြောင်း .. sunglasses emoticon
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...