Sunday, February 21, 2016

ကောက်ညှင်းပေါင်း (Feb 9,16)

Meemeetofu

လူနည်းတဲ့ မိသားစုမှာ ကောက်ညှင်းပေါင်းစားချင်တယ်ဆိုရင် ပေါင်းဇကာရှာရ ( အသိမ်းလွန်နေလို့) အိုးဆေး၊ ခွက်ဆေး ရတာ.. အလုပ်အလွန်ရှုတ်လှတယ်..။ အဆင်ပြေချင်တော့ ကောက်ညှင်းချက်နည်းလေးကို အင်္ဂလိပ်လူမျိုး တယောက်က YouTube မှာ တင်ထားတာကို တွေ့လိုက်တယ်၊၊ သူ့ဆီက နည်းလေး တခု သင်ယူခဲ့ပီး ကောက်ညှင်းချက်ရာမှာ သုံးကြည့်တာ အလုံး အဆန်မပျက် တင်းတင်းအိအိနဲ့ ပေါင်းထားသလို အနေအထားရလို့ ကောက်ညှင်းပေါင်း ချစ်သူများကို လာဝေမျှပါတယ်ရှင်..။

အခု ကောက်ညှင်းချက်နည်းမှာ ပမာဏ နည်းနည်းဘဲ ချက်လို့ ရပါတယ်၊ Rice cooker ကလည်း အကျက်မြန်တဲ့၊ မကပ်တဲ့ rice cooker ဖြစ်ရပါမယ်။ မမီး မှာ အမျိုးတူပီး ..မော်ဒယ် မတူတဲ့ rice cooker ၂ လုံး ရှိတာမှာ ဈေး သက်သာတဲ့ တလုံးက အကျက်မြန်ပီး ကောက်ညှင်းချက်တာ အတွက် အသုံးတဲ့ နေပါတယ်..။ ကိုယ့် rice cooker ရဲ့ အစွမ်းစ ကိုကြိုသိထားဘို့ လိုပါတယ်၊ အကြာကြီး ချက်နေမည့် rice cooker နဲ့ ချက်မိရင် ပျော့ပျဲကြီးဘဲ ရပါလိမ့်မယ်၊
ပြုလုပ်ပုံ
1. ကောက်ညှင်း ၁ ခွက် (rice cooker ခွက်) ကို ရေနွေးနွေးလေးနဲ့ ၃-၄ ခါ လောက် ရေ ကြည်သွားတဲ့ အထိ ဆေးပါ၊ အဲလို ဆေး နေစဉ်မှာ လက်ချောင်းလေးတွေနဲ့ အသာလေး ဘဲ စက်ဝိုင်းပုံလေး မွှေပေးနေရပါမယ်၊ အကြမ်းပတမ်းကြီး မွှေပီး ပွတ်တိုက် လိုက်ရင် ကောက်ညှင်းဆန် ကျိုးသွားပီး မလှတော့ပါဘူး။
2. ဆေးထားတာကို ရေ အနည်းဆုံး ၆ နာရီစိမ်၊ (မမီးက မနက် စားဘို့ ည အိပ်ခါနီမှာ စိမ်လိုက်တော့ ၈ နာရီ လောက် ရှိပါတယ်၊ ) ပီး rice cooker ထဲမှာ ချက်လိုက်ရုံပါဘဲ၊
3. ရေ အချိုးကတော့ ကောက်ညှင်းဆန် တခွက်အတွက် ရေကို အဲဒီခွက်ရဲ့ တ၀က် ထည့်ပါတယ်။
4. ကောက်ညှင်း ငချိတ်လေး ရောချင်ရင် ကောက်ညှင်းဆန်ဖြူ တခွက်ကို ကောက်ညှင်း ငချိတ်ဆန် စားပွဲတင်ဇွန်း တဇွန်း နုံး ထည့်ပါတယ်၊ သူ့ကိုလည်းရေ သေချာဆေးပီး သီးသန့်ခွက်မှာ ရေစိမ်ထားပါတယ်၊ ချက်ခါနီးမှ အတူထည့်ပီးချက်ပါတယ်၊ အဲလို လုပ်တာကတော့ ကိုယ်လိုချင်တဲ့ အရောင် အနေ အထားအတွက်ပါ၊ ရောစိမ် ရောချက်လည်း ရပါတယ် ၊ အရောင် ပိုရင့်သွားမှာပေါ့နော်။
5. ကောက်ညှင်းငချိတ်ရောချက်တယ် ဆိုရင် သူ့ အတွက် ရေ လက်ဘက်ရည်ဇွန်း ၂ ဇွန်းလောက် ပိုထည့်ပါတယ်၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...