Saturday, February 27, 2016

English Speaking Basics (57)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

အကြောင်းအရာတစ်ခုခုကို သေချာရဲ့လားလို့ မေးချင်တဲ့အခါ ဒီလိုလေးမေးလိုက်ပါ ၊ ၀ါကျကို လိုချင်တဲ့ အကြောင်းအရာရောက်အောင် ချိတ်ဆက်ပုံဖေါ်သွားတဲ့ ချိတ်ကလေးတွေကို သေချာမှတ်ပါ ၊ ၀ါကျတွေပွားယူပါ ။ တစ်ခါဖတ်တိုင်း ကြိုက်တဲ့ ၀ါကျလေးတွေထဲကနေ တစ်ကြောင်းနှစ်ကြောင်း လောက်ပဲ ဖြစ်ဖြစ် အပိုင်ရသွားအောင် လုပ်ပါ ။
....................
Are you sure...?


.......................
I. EXAMPLES:
.....................
1. Are you sure?
သေချာရဲ့လား
.
2. Are you sure ABOUT that?
အဲဒါနဲ့ ပတ်သက်ပြီး သေချာရဲ့လား
.
3. Are you sure OF what you said?
ခင်ဗျား ပြောတာက သေချာရဲ့လား
.
4. Are you sure THAT he is not coming?
သူလာမှာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား
.....................
II. DIALOGUES:
.....................
A: I’ve had so many problems with my car. It’s driving me crazy.
ကျနော့်ရဲ့ကားသစ်က ပြဿနာပေါင်းများစွာ ရနေခဲ့တယ် ၊ အဲဒီကားက (ကျနော့်ကို) ရူးအောင်လုပ်နေပြီ
.
B: Are you sure you don’t want to buy a new one?
ခင်ဗျား ကားသစ်တစ်စီး မ၀ယ်ချင်တာ သေချာရဲ့လား
( a new car လို့ မပြောတော့ဘူး a new one လို့ပဲ ပြောတော့တယ် one က car အစားသုံးထားတာဖြစ်ပါတယ်)
.
A: How can I? I already spent a lot of money on this one.
ဘယ်လိုတတ်နိုင်မှာလဲ ၊ ကျနော်က ဒီတစ်စီးအပေါ်မှာ ပိုက်ဆံတွေ အများကြီး သုံးပြီးသွားပြီ
.
B: I guess you’ll be spending a lot of money on repairs then.
ဒါဆို ပြုပြင်တာတွေမှာ ပိုက်ဆံတွေအများကြီး သုံးနေလိမ့်မယ်လို့ ကျနော်ခန့်မှန်းမိတယ်
.
A: I guess so. Unless, you want to buy the car.
ကျနော်လည်း အဲလိုပဲထင်တယ် ။ ကားကို ခင်ဗျားဝယ်ချင်ပါမှပဲ (ကားသစ်ဝယ်နိုင်မယ်)
( ပြဿနာရှိတဲ့ ဒီကားတစ်စီးအကြောင်းပြောနေတာဖြစ်လို့..ဘယ်ကားကိုရည်ညွှန်းနေတယ်ဆိုတာ သေချာလို့ the car လို့ သုံးထားတာဖြစ်တယ်)
.
B: No, thanks. I don’t think I’d want to buy your car. It has too many problems.
နေပါစေတော့ ကျေးဇူးပါပဲ ။ ခင်ဗျားရဲ့ကားကို ကျနော်ဝယ်ချင်လိမ့်မယ်လို့ မထင်ပါဘူး ၊ အဲဒီကောင်က ပြဿနာတွေ များလွန်းတယ် ။
.
A: I don’t blame you. It’s a piece of junk.
ကျနော် ခင်ဗျားကို အပြစ်မဆိုပါဘူး ၊ အဲဒါက အသုံးမကျတဲ့ အစုတ်ပလုပ်ပဲဟာ ..
.............................
Drive (somebody) crazy တစ်စုံတစ်ယောက်ကို ရူးအောင်လုပ်သည်
Repair (v,n) ပြုပြင်သည် ၊ ပြုပြင်ခြင်း
Unless (conj) ပြုပါမှ ၊ ဖြစ်ပါမှ ၊ ရှိပါမှ ။ မပြုခဲ့သော် ၊ မဖြစ်ခဲ့လျှင် ။
Junk (n) တိုလီမုတ်စ ၊ ဗြုတ်စဗျင်းတောင်း ၊ တန်ဘိုးမရှိသည့်အရာ
......................
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...