Wednesday, February 24, 2016

မိန်းမဆိုတဲ့အမျိုးဟာလေ

Angelin Bangster


မိန်းမဆိုတဲ့အမျိုးဟာလေ~~~😂
ချစ်သူနဲ့ရန်ဖြစ်ပြီဆို ဘယ်တော့မှ စ မခေါ်ဘူး~~
ပထမတစ်ရက်တော့ပစ်ထားလိုက်တယ် Black List လုပ် ဘာညာပေါ့~~😎😎
နောက်တစ်နေ့ Facebook မှာ လှတဲ့ပုံလေးတွေရွေးတင်တယ် Check-In တွေတင်တယ် သူနဲ့မခေါ်လည်း ပျော်နေတယ်ဆိုတာသိစေချင်တာလေ~~😌😌
သုံးရက်မြောက်နေ့ဆို သူ့ Wall ပေါ်သွားသွားကြည့်လာပြီ~~
ငါ့ Messenger များ ပျက်နေသလားဟဲ့ ဆိုပြီး Account နှစ်ကောင့်ဖွင့် ဟိုဖက် ဒီဖက် Message တွေ ခဏခဏ ပို့ကြည့်ရတာအမော~~😂😂

ဖုန်းကိုလည်းတိုင်မိရဲ့လား မမိလားကြည့်ပြီး တိုင်မိအောင်လည်း နေရာစုံ လျှောက်ရွှေ့ရတာအမော~~ 😁😁
လေးရက်မြောက် ကျတော့ စိတ်က ဝမ်းနည်းလာပြီ ငါ့ကို အဖတ်တောင်မလုပ်ပါလားပေါ့~~ငါ များလွန်သွားသလား~~ငါမူတာ များသွားပြီလားပေါ့~~😔😔
Message တွေ အရှည်ကြီးရိုက် ပြန်ဖျက်~~Ph Contact ကို အကြာကြီး စိုက်ကြည့်လိုက် ပြီးရင်နှိပ်လိုက် ဖုန်းမဝင်ခင်ပြန်ချလိုက်~~တစ်ယောက်တည်း ရူးနေတာဆိုတာလေ 😭😭
ခံစားချက် Status တွေရေးတင်တယ်~~'သူ' များ ကိုယ်ရေးထားတာ မြင်ပြီး သနားပြီး လာ စ ခေါ်မလားပေါ့~~😞😞
ရေးတင်ပြီး သူ့ Wall ထဲ သွားကြည့်ရင် သူက ဘာမှလည်း မတင်ထား Share ထားတာတွေကလည်း ခံစားချက်နဲ့ ပတ်သက်တာမဟုတ်ပဲ ဟာသတွေ တခြားဟာတွေဆို ကိုယ်တစ်ယောက်တည်း ခံစားနေရပါလားဆိုပြီး ပေါက်ကွဲ~~😠😠
ငါးရက်မြောက်နေ့ကျတော့ တော်ပီ~~ပြတ်ပီ အဲ့အကောင်နဲ့ငါနဲ့~ငါ့ဘက်ကသာ ဖြစ်နေတာ သူကတော့ စိတ်ထဲတောင်မရှိဘူး Message တစ်စောင် ဖုန်းတစ်ချက်တောင်မလာဘူး ဆိုပြီး စိတ်တွေဆိုး ဝမ်းတွေနည်း😡😡😣😣
Block လည်း မလုပ်နိုင်သေးတော့ Unfollow လုပ် Favourite ဖြုတ် Close Friend တွေဖြုတ်ပြီးထားတယ်~~😒😒
ပြီးတော့ ဟုတ်တာလည်း မဟုတ်ပါဘူး Search Box ကနေရှာ Name ပြန်ရိုက်ပြီး သူ့Wall ထဲ သွားသွား ကြည့်နေတာပဲ~~😢😢
ညဘက် Active Now ဖြစ်နေရင် Active Now ကို ထိုင်ကြည့်~~စိတ် က ပြတ်ပြီသာပြောနေတာ စကားပြန်လာပြောဖို့ကမျှော်လင့်တုန်း~~😓😓
ပြန်ခေါ်ဖို့ကျတော့လည်း ဒီလောက်ထိ စိတ်ကိုတင်း ထားလာပြီးကာမှ လျှော့လည်းမလျှော့ချင်~နောက်ဆို ငါပဲ အမြဲ အရှုံးပေးရမလား~~ငါပဲ အမြဲ ပြန် စ ခေါ်နေရမယ် ဆိုပြီးတော့😞😞
အဲ့တော့ ခံပေါ့လေ😭😭😣😣
Active Now ဖြစ်နေရာက Active 1m ago,3m ago တို့ ဖြစ်သွားရင် ငါ Online ဖြစ်နေရဲ့သားနဲ့ ဒင်းက Out သွားတယ်ပေါ့~~အော် အဲ့လိုလားဆိုပြီး စိတ်တွေပင်ပန်းရတာအမော~~😖😖
ခြောက်ရက်မြောက်ကျတော့ ဒီတိုင်းတော့ အပြတ် မခံနိုင်ဘူး~~ဘလိုင်း ကြီး ဒါ ငါ့ကို သက်သက်ချေတာ~~ဖုန်းဆက်ပြီး ပြသနာရှင်းရမယ် ဆိုပြီး လုပ်(တကယ်တော့ ဖုန်းဆက်ချင်လို့ ကိုယ့်ဦးနှောက် ကို အကြောင်းပြချက်ပေးတာပါ)😜😜
ခဏနေဖုန်း ပြန်ချပြီး Message ပဲ ပို့မယ်ဆိုပြီးလုပ်~~သူဖုန်း နား မရှိရင်ဘယ်လိုလုပ်မလဲတွေး~~အဲ့တော့ Facebook ပေါ် Active Now ဖြစ်လားကြည့် 😒😒
ခဏစောင့်ကြည့်တဲ့ အထိ သူကလာမပြောဘူး~~ပြီး တော့ ကိုယ်တော်က လိုင်းပေါ် ဆယ်မိနစ်လောက်ပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့ အသည်းတွေယားတာယားတာဆိုတာလေ😒😒 (နောက်မှသူပြန်ပြောတာ သူလည်း စကားစပြောရင်ကောင်းမလား မကောင်းလား ဆို တာ တွေးနေတာတဲ့ ပြီးတော့ ကိုယ် များ လာပြောမလားပေါ့ သူကလည်းစောင့်နေတာ😏😏)
အဲ့ လို့ ကြည့်နေရင်း ကိုယ့်ဆီ သူ့ဖုန်းကဝင်လာပါလေရော ဘာပြောကောင်းမလဲ မျက်နှာဆို တာ ပြုံးဖြီးလို့ RingTone မြည်ပြီး ခဏလောက်နေမှ ကိုင်လိုက်တယ်😈😈 ဟီးဟီး😁😁 အကြာကြီးလည်း မနေရဲဘူး တော် ကြာ ပြန်ချသွားမှာလည်း ကြောက်ရသေး~~😝😝
လေသံက ခပ်မာမာနဲ့ ဒီအချိန်ထိ မအိပ်သေးပဲ ဘာလုပ်နေတာလဲတဲ့~~😏😏ပြန် ခေါ်တာတောင် အပိုးက မကျိုးသေးတာ~~ကိုယ်လည်း လျှော်လိုက်ပါတယ် အော် သူ က စ ခေါ်ရတာပဲ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး (တကယ်တော့ ဘယ်လို လာပြောပြော ဒီမှာ က အသေအကြေ ပျော်နေတာ )😍😍
နောက်ဆုံး ပြန်ခေါ်တယ်ဆိုတာ သူက အမည်ခံပဲ ရှိတာ ကိုယ် က ချည်းပဲ စကားကို ဦးဆောင်ပြီးပြောသွားတာ😂😂
တော်တော်နေနိုင်ပါလား ဟင်!!စကားမပြောရတဲ့ ရက်အတွင်း တော်တော် ပျော်နေတယ်မလား?? ဘယ်တွေသွားသေးလဲ?? Night Out တယ် မလား သူငယ်ချင်းတွေကို မ TAG ခိုင်းတာမလား? နေကောကောင်းတယ်မလား?? နဲ့ မေးတာ ပြောတာ ဆိုတာ သူတောင် ဖြည်းဖြည်းပြောပါလို့ ပြောယူရတဲ့အထိပဲ 😁😁😂😂😝😝
စကားမပြောမဆိုနဲ့အသံတိတ် ရန်ဖြစ်နေတာက ရေးပြတော့သာ ခဏလေး တကယ် အပြင်မှာ စောင့်ရတာ တစ်ရက် တစ်ရက် ဘယ်လောက်ကြာတယ်ဆိုတာ ကြုံဖူးသူတွေသိလိမ့်မယ်😔😔😔
ယောက်င်္ကျားလေးတွေ က အမြဲ အလျှော့ပေးပြီး စ ခေါ်ရတယ် ဆိုတာ အမည်ခံယုံပဲရှိတာ တကယ်တော့ အဲ့ဒီ ပြန် စ ခေါ်တယ်ဆိုတယ်ဆိုတာရဲ့ နောက်ကွယ်မှာ မိန်းကလေးကချည်းပဲ ဒိုင်ခံ ဦးဆောင်ရတာ သူတို့က မခေါ်ချင်ခေါ်ချင်ပုံစံတွေ ကိုယ်တွေက အမလေးဟဲ့ ပြန် စခေါ် တယ်ဟဲ့ ဆိုပြီးတော့သာ ကြွေနေတာ~~😔😔😒😒
အာ့ကြောင့်ပြောတာပေါ့
မိန်းမဆိုတဲ့ အမျိုးဟာလေ လို့😂😂
‪#‎ကြုံဖူးတာလေးပါ‬ ‪#‎စုံစမ်းမေးမြန်းခြင်းသည်းခံပါ‬😜😜
‪#‎ဒါနဲ့အခုလက်ရှိကိုယ်တွေကSingleတျောက်ပါ‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...