Wednesday, February 24, 2016

ဘာနဲ့တူတယ်ထင်လို့လဲ

ခင်ဇော် ဦး

အသစ်စက်စက် လက်ထပ်ပြီးစလင်မယားစုံတွဲတစ်တွဲ အိမ်အသစ်သို့ ပြောင်းရွှေ့
လာကြသည်။ အိမ်ပေါ်သို့ရောက်စမှာပင် မိန်မက ယောက်ျားကိုပြောသည်
“ဟန်နီ . . ရှင်သိလား။ အိမ်ပေါ်ထပ်က ရေချိုးခန်း က ပိုက်တွေ ပျက်နေတယ်။
ရှင် ပြင်ပေးနိုင်မလား”
ယောက်ျားက ပြန်ပြောသည်။
“ဘာလဲ . . . ငါ့ပုံက ပိုက်ပြင်သမားနဲ့တူနေလို့လား”

ရက်အနည်းငယ် ကုန်လွန်သွားသည်။ ယောက်ျား လုပ်သူ အလုပ်မှပြန်ရောက်စ
အချိန်တွင် မိန်းမက စီးပြောသည်။
“ဟန်နီ . . ကျမကားက စတတ်တာ မရဘူးဖြစ်နေတယ်”
“ဘက်ထရီ မကောင်းတော့လို့ ဖြစ်မှာပေါ့”
“ရှင် ဘက်ထရီကို လဲပေးပါလားဟင်”
“ဘာလဲ . . . ငါ့ပုံက မက်ကင်းနစ်တစ်ယောက်နဲ့ တူနေလို့လား”
နောက်ထပ် ရက်အနည်းငယ်အကြာတွင်ဖြစ်သည်။ ထိုနေ့က မိုးသည်းထန်စွာ
ရွာသွန်းနေသည်။ သူတို့ ၏ အိမ်ခေါင်မိုးတွင် အပေါက်များကြောင့် မိုးယိုနေသည်။
ဤသည်ကို ကြည့်ရင်း မိန်းမက ယောက်ျားလုပ်သူကို ပြောသည်။
“ဟန်နီ အိမ်က မိုးယိုနေတယ်။ ရှင် တက်ပြင်ပေးပါလားဟင်”
“ဘာလဲ . . . ငါ့ပုံက လက်သမားဆရာနဲ့ တူနေလို့လား”
နောက်နေ့တွင် ယောက်ျားလုပ်သူ ရုံးမှ အိမ်သို့ ပြန်ရောက်လာသည်။ ရေချိုးခန်းထဲ
ကပျက်နေသည့် ပိုက်များ ပြင်ပြီးသွားသည်ကိုတွေ့ရသည်။ ထိုအတူ မော်တော်ကား
ဘက်ထရီလည်း လဲပြီးသွားပြီ။ ခေါင်မိုးမှ အပေါက်များလဲ ဖာပြီးသွားသည်ကို တွေ့
လိုက်ရသည်။ ထို့ကြောင့်မိန်းမကို လှမ်းမေးသည်။
“မိန်းမရေ . . . ဒါတွေ ဘယ်သူပြင်ပေးသွားတာလဲ”
မိန်းမက ပြန်ဖြေသည်။
“လမ်းထဲက အလုပ်သမားတစ်ယောက်နဲ့ တွေ့လို့ အကူအညီတောင်းပြီး ပြင်လိုက်တာ
လေ”
“ဟုတ်လား . . ဘယ်လောက်ပေးလိုက်ရလဲ”
“သူက ပိုက်ဆံမတောင်းဘူး။”
“ဒါဆို ဘာတောင်းသလဲ”
“ကိတ်မုန့်ကောင်းကောင်းတစ်လုံးဖုတ်ပေးရင်ပေး၊ မဟုတ်ရင် သူနဲ့ အတူတူ
အိပ်တဲ့”
“မင်းက ကိတ်မုန့်ဖုတ်ပေးလိုက်တယ်ဆိုပါတော့”
“ဒီမယ် . . . ကျမပုံက ကိတ်မုန့်ဖုတ်တဲ့လူနဲ့ တူနေလို့လား”
“အမ်!!!!!”
ခင်ဇော် ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...