Monday, February 22, 2016

နေ့စဉ်စားနေတဲ့ အဆိပ်တွေ ( ဖြေကြပါ )

Nyunt Aung

နေ့စဉ်ချက်ပြုတ်စားနေကြသော အသီးအရွက်။ အသားများသည်ဓါတု
ဆေးဝါးများဖြင့်ပြုပြင်ထားသဖြင့် အဆိပ်ဓါတ်တွေခြုံငုံနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အချိုမှုန့်သည် ဓါတုဓါတ်အပြည့်ရှိသော်လည်း မရှောင်နိုင်သူတွေ အများကြီးရှိနေသေးသည်။

ပြည့်ဝဆီ ဖြစ်တဲ့ စားအုံးဆီကိုလည်း မဖြစ်မနေကြောင့် စားသုံးနေရသူတွေ အများကြီး။
အချိုပွဲ ဖြစ်သည့် သင်္ဘောသီးအပါအဝင်အသီး တွေကလည်း ဓါတုနှင့်မကင်းကြ။
အစားအစာတွင် တက်စာ။ ခိုက်စာတွေကိုလည်းစားနေကြသည်။
ငါးသလောက်ပေါင်း။ မျှစ်ချဉ်။ ဒညင်းကြီးတို့ကို မဆင်မခြင်စားလျှင်သွေး
တက်။ခေါင်းရီဝေဝေ ဖြစ်တတ်သည်။
ကော်ဖီမစ်။ နို့ဆီ တွေကလည်းအတု။ အကျော်အလှော်တွေကလည်း
ဓါတု နှင့် မကင်း။
ဤသို့တက်စာ။ ခိုက်စာ။ပြည့်ဝဆီ။ ဓါတုမကင်းသည့်အစားအစာတွေ
ကြောင့်အရိုးပွရောဂါ။ အဆိပ်တွေကြောင့်ရောဂါအမျိုးမျိုး။ ဝမ်းတွင်းက
လီစာတွေမှာ ကင်ဆာတွေဖြစ်။
နောင် ဘာရောမျိုးတွေ ဖြစ်လာအုန်းမည်ကမသိရသေး။
အင်္ဂလိပ်နှင့် မြန်မာရိုးရာ အယူအဆလွဲနေတာက။
အင်္ဂလိပ်က စားချင်လျှင်စားစေသည်။
မြန်မာနည်းကမရ။ဥပမာ မီးဖွါးပြီးခါစမိန်းမအားမျှစ်။ မှို လုံးဝမစားရ။
မှိုသုံးနှစ်။ မျှစ်သုံးလ မစား ရ ။ဟုသတ်မှတ်သည်။ မရှောင်ပါက
အကြောရောဂါမျိုးစုံ နှစ်ရှည်ခံရမည်ဟုဆိုပါသည်။
တက်စာဖြစ်သော အခါးဓါတ်ပါအသီးအရွက် နှစ်မျိုးတွဲမစားရ။
လေတွန်းစာဖြစ်၍ သွေးတက်ပြီးလေဖြတ်တတ်သည်။ ဥပမာ
ကြက်ဟင်းခါးသီး။ကြောင်ရှာသီး။ဂွေးတောက်ရွက်။
ဆေးရုံ။ဆေးကုခန်းတွေမှာလူနာတွေ များနေတာ။ကြိတ်ကြိတ်တိုးပါဘဲ။
ဝမ်းထဲကအဆိပ်တွေကို တမျိုးတည်းဖြေဆေး အင်္ဂလိပ်မှာမရှိ။
မြန်မာမှာ။ ဓါတုဓါတ်တွေ။ အဆီအအိမ့်။ တက်စာခိုက်စာ။ရောဂါဖြစ်စေ
တဲ့ဓါတ်တွေကို ဓါတ်ခွဲ။ ဓါတ်ပျက်။ဓါတ်ချေ ပြုလုပ်ပေး။ပျောက်ကင်းစေတာကတော့။
မြန်မာ့ရိုးရာ ထန်းလျက် စားခြင်းပါဘဲ။
ထန်းလျက်အညိုရင့်ရင့်။ကြီးလျှင် တလုံး။ ငယ်လျှင်နှစ် လုံးစားပါ။
မြန်မာ့နည်းတွေမှာဒညင်းသီးက ဓါတ်ပြင်းသဖြင့်
ကျောက်ကပ်ပျက်စီးတတ်၍ မစားရတဲ့သဘော။ ထန်းလျှက်နှင့် ပြုတ်
လိုက်ပါက ဓါတ်ပျက်သွားတော့စားလို့ရပြီ။
မြွေပွေးကိုချက်ပြုတ်လျှင်အဖုံးဖွင့်ထား။ အဖုံးပိတ်ချက်လျှင်မျက်စေ့ မွဲတတ်သည်။
ကလောပီနန်ဥ ပြုတ်လျှင်လည်းအဖုံးဖွင့်ရသည်။ ပိတ်ထားလျှင် အဆိပ်သင့်တတ်သည်။
ကဇွန်းရွက်အရည် ကြိုတင်သောက်ပြီး။ စိန်နဲ့သံပုရာရည်ရောသောက်အဆိပ်မသင့်။ အဆိပ်သင့်
လျှင် ကဇွန်းရွက်အရည်သောက်။
ရှေးလူကြီးတွေက ထမင်းစားပြီး အချိုတဲဟုဆုံးမရခြင်းမှာ အစာ
လဲကျေ။ အဆိပ်ဓါတ်တွေကိုဖယ်ရှားနိုင်တဲ့ ထန်းလျက်စားခိုင်းတာပါ။
သက်သေပြကြရအောင် တက်စာတွေဖြစ်တဲ့ ငါးသလောက်ပေါင်း။ ဒညင်းသီးတွေကိုမဆင်မချင်
စားပြီးထန်းလျက်စားလိုက်ပါ။သွေးတက်ခြင်းမရှိ။ဘာမှ မဖြစ်ပါ။
ဝက်သားစားပြီး ထန်းလျက်စားအီသည့်အရသာပျက်။ အဆီဓါတ်ကိုပါထိန်းလိုက်သည်။
ထန်းလျက်ထွက် သည့်အညာဒေသတွေမှာ နေ့စဉ်ပုံမှန်မစားဖြစ်သော်လည်း ရန်ဖန်ရန်ခါစား
ကြသဖြင့်အဆီဓါတ်တွေ ပြေနေ၍ လူဝကြီးတွေ။ ဗိုက်ပူကြီးတွေ မရှိ။
ခေါင်း ထိပ်ပြောင် နောက်ပြောင်တွေမရှိသလောက်။
မြို့နေသူတွေထက် ရောဂါ အလွန်နည်းသည်ကိုတွေ့ရမည်။ မိမိသည်လည်းကြုံသလို စားနေသဖြင့်
ပြီးခဲ့သည့်လက ဆေးစစ်ရာ မည်သည့်ရောဂါမှ မရှိခဲ့ပါ။
အဆိပ်ဓါတ်တွေကို ချေဖျက်နိုင်တဲ့ ထန်းလျက် ကို ထမင်းစားပြီး
စားကြပါရန် အကြံပြုပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...