Sunday, February 28, 2016

ပွဲကြီးပွဲကောင်း။ ။

 
မဆလခေတ်မှာခိုးဝှက်ထားတာခဲ့ကြတာကို
နဝတ၊နအဖလက်ထက်မှာ
မဖော်ထုတ်နိုင်ခဲ့ဘူး။
ပြီးခဲ့တဲ့(၅)နှစ်သက်တမ်းဦးဖိုးချမ်းဒီမိုကရေစီခေတ်မှာလည်း
မဖော်ထုတ်နိုင်ခဲ့ဘူး။
ဘယ်ဖော်နိုင်ပါ့မတုန်း၊
သူခိုးတွေဝါစဉ်အတိုင်းနှစ်ပေါင်းငါးဆယ်ကျော် ကြီးစိုးခဲ့သကိုး။
(၂၀၁၆) မှာတော့ ....၊
သူခိုးတွေဇာတာညှိုးပြီ။
အချင်းချင်းလက်သိပ်ထိုးပေးထားတဲ့စီမံကိန်းတချို့
ပူပူနွေးနွေးလွှတ်တော်ဆုံးဖြတ်ချက်ကြောင့်
စတင်ရပ်ဆိုင်းနေပြီ။
ဘယ်အတွက်ဘယ်သူ့ကိုဘယ်လောက်ပေးထားရပါတယ်
ဆိုတဲ့အသံတွေထွက်လာပါတော့မယ်။
တတိုင်းပြည်လုံးဖြူကာပြာကာကျအောင်
နှစ်ပေါင်းငါးဆယ်ကျော်ရောင်းစားပြီး၊
နိုင်ငံတကာမှာကဲ့ဝှက်ထားတဲ့
ခိုးထုတ်ခိုးထည်တွေကို
မုဆိုးတောနင်းသလိုနင်းရှာကြတော့မဲ့ကာလကို
မကြာခင်ရောက်လာတော့မယ်။
သူခိုးတွေရဲ့နောက်ချန်တပ်ကတော့၊
ခိုးရာပါတိုက်ရာပါပစ္စည်းတွေကို
ရေဆုံးရေဖျားလိုက်လံကာကွယ်ဖို့
လွှတ်တော်ထဲမှာတောင် ထိုင်ထလေ့ကျင့်နေကြပြီ။
ရှိုးဝိုင်းမှာရှစ်ပူးနဲ့ဖြဲသလို စစ်ရေးလေ့ကျင့်ပြသတဲ့။
ဒင်းတို့လိုက်မမီတဲ့ခေတ်မီလေယာဉ်ပျံတွေ
ဖြတ်ပျံပြလိုက်တော့ ဟိုဒင်းဖြစ်တဲ့ဇာတ်ခင်းကုန်ရော။ ။
ပွဲကတော့ ပွဲကြီးပွဲကောင်းပါပဲ။
နေ့ခင်းမှာလသာသလား။
ညဦးဖက်မှာနေထွက်မလား
စောင့်ကြည့်ကြပေတော့။ ။

ရုပ်ပုံ။ ။အင်တာနက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...