Saturday, February 6, 2016

** အမေကြိုက်တဲ့ စိုင်းထီးဆိုင် **

Music Crazy Te Te Tar Tar

ကျွန်မဒီနေ့ အိမ်ပြန်ရောက်တဲ့အချိန် မှာအိမ်ထဲက သူငယ်ချင်း တစ်ယောက် ဖွင့်ထားတဲ့ စိုင်းထီးဆိုင် ရဲ့လေညာရပ်ကအချစ် ကဆီးကြိုပါတယ်၊သူ့အသံကို မကြားရတာအတော် ကြာပီလေ၊ လူကိုယ်တိုင် ဆိုတာကိုတော့ ဘယ်တော့မှမကြားရတောပါဘူး၊ ကျွန်မအမေ ကသူ့သီချင်းတွေ အရမ်းကြိုက်တဲ့အတွက် ဟိုးငယ်ငယ် ကတည်းက သူ့သီချင်းသံတွေနဲ့ ရင်းနှီးနေခဲ့တာပါ၊
ဒီနေ့ ဦးထီးရဲ့သီချင်းသံလေးကိုကြားပီး ကျွန်မဖတ်ထားမိတဲ့ သူ ဘဝအကြောင်းလေး ကျွန်မ စာမျက်နှာပေါ်မှာ မှတ်တမ်းတင်ချင်လို့ပါ၊

စိုင်းထီးဆိုင် ကို အဖ ဦးနန္ဒာ၊ အမိ ဒေါ်နန်းအိမ်တို့မှ ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့တွင် ဖွားမြင်ခဲ့ပါသည်။ မောင်နှမသား ချင်းငါးဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံး ဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသန်းထွေး(ခ)ယိင်းနှင့် ညီ စိုင်းအောင်ခမ်းထီးတို့ ဖြစ်ပါသည်။ စိုင်းထီးဆိုင်မွေးစက ပြာနှမ်းနှမ်းမည်းတူးတူးလေးဖြစ်၍ နာမည်ကို "အိုက်တူး" ဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသားအရွယ် အမည်မှည့်ချိန် ရောက်တော့ "စိုင်းတင်ဦး" ဟု မှည့်ခဲ့ကြသည်၊ ကိုရင်ကြီး ဝတ်ချိန်တွင်တော့ "ရှင်ဓမ္မရက္ခိတ" ဘွဲ့အမည်ဖြင့် သက်န်းစည်းခဲ့သည်။
အသက် ငါးနှစ်ကျော်အရွယ်၌ လင်းခေးရှိ အလယ်တန်းကျောင်းတွင် တတ်သော်လည်း စာသင်နှစ်မပြီးခင် အချိန်မှာပဲ လင်းခေးကျောင်းမှထွက်ပြီး လွယ်လင်ရှိ Sacred Heart Convent High School တွင် ကျောင်းအိပ်ကျောင်းစား သွားနေရတယ်။ စိုင်းတင်ဦးး အမည်မှသည် ရစ်ချက်နန္ဒာ ဟု ခေါ်တွင်ခဲ့သည်၊ ယင်းကျောင်းတွင် စစ္စတာပီးယား လက်ဆောင် ပေးသော နိုင်လွန်ကြိုး လေးချောင်းတပ် ယူကလီးလီး တူရိယာ ကို တီးခွင့်ရခဲ့ပြီး အဆို၊အတီးပညာနှင့် စတင်ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ စတုတ္ထတန်းအောင်၍ ပဉ္စမတန်း ရောက်သောအခါ National Christian High School တွင်ပြောင်းတတ်ခဲ့ပါသည်၊ ယင်းကျောင်းတွင် ဂစ်တာသေသေချာချာ တီးတတ်အောင် သင်ပြပေးခဲ့သော သူငယ်ချင်းမောင်မောင်နှင့် တွေ့ဆုံခဲ့ပြီး မောင်မောင်နှင့်အတူ တောင်ကြီးယဉ်ကျေးမှုတီးဝိုင်းတွင် အဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့ပါသည်။
ကိုးတန်းနှစ်ရောက်တော့ စာမေးပွဲကျသဖြင့် ဖခင်ဖြစ်သူက တောင်ကြီးတွင် မထားတော့ပဲ လွယ်လင်တွင် ကျောင်းပြန်နေစေသည်။ ကိုးတန်းအောင်မှ တောင်ကြီးတွင် ပြန်နေခွင့်ပေးမည်ဟုဆိုခဲ့သည်။ လွယ်လင်ပြန်ရောက်တော့ သွားလာလည်ပတ်စရာသိပ်မရှိ၊ အပေါင်းအသင်းလဲ နည်းသွား သည့်အတွက် သီချင်းလေးတွေ ပိုစပ်ဖြစ်လာခဲ့သည်။ နွေရာသီ လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုများပြုလုပ်ရာ ရှမ်းစာပေ သင်ကြားတတ်မြောက်ရေးသည်လဲ အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်လာသည်။ ယင်းသို့ သင်ကြားရာတွင် ရှမ်းစာပေမူသစ် မူဟောင်းရှိရာ ဘယ်မူနှင့် သင်ကြားမလဲ ဆိုသည်ကို အတည်ပြုရန် ညီလာခံတစ်ရပ်အား တောင်ကြီးတွင် ကျင်းပခဲ့ပါသည်။ ထိုညီလာခံ၌ စိုင်းခမ်းလိတ်နှင့် စတင်တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက် တွေ့ဆုံမှုမှာ မြန်မာနိုင်ငံတလွား ကိုယ်ပိုင်သံစဉ် တေးလောကတွင် ခေတ်တစ်ခေတ် ဖြစ်စေမည့် အင်အားကြီးမားသည့် ရှေးရေစက်တစ်ခုပင် ဖြစ်ပါတော့သည်။
ကျောင်းများ ပြည်သူပိုင်သိမ်းသော် ရစ်ချက်နန္ဒဆိုသည့် အမည် ကိုပြောင်းရန် စိတ်ကူးရလာသည်။ တောင်ကြီးမြို့တွင် နေထိုင်သော ရှမ်းစာဆိုတော်တစ်ဦးဖြစ်သည့် ဦးခွန်မဟာကား နက္ခတ္တဗေဒဒ၊ မဟာဘုတ်နှင့် ဗေဒင်ကိန်းခန်း တတ်ကျွမ်းသူ ဖြစ်၍ သွားရောက်တွက်ချက်ပြီး အမည်မှည့်ခိုင်းရာမှ စိုင်းထီးဆိုင် ဖြစ်လာသည်။ ထီး ဆိုသည်မှာ ထိပ်ဖျား၊ဆိုင်ကစိန် ဖြစ်၍ ထိပ်ထက်ဖျားက စိန်ကျောက်မျက်ဟု အဓိပ္ပါယ်ရပါသည်။ လွယ်လင်မှာ ကိုးတန်းအောင်တော့ တောင်ကြီးသို့ ပြန်ရောက်ခဲ့သည် ။ သို့သော် တစ်ဖက်နိုင်ငံ ချင်းမိုင်မြို့သို့ ရှမ်းဘာသာဖြင့် အသံလွှင့်နိုင်ဖို့ ကြိုးပမ်းခဲ့ရာမှ စာမေးပွဲဖြေဖို့ ဖောင်တင်ရက် နောက်ကျသွားခဲ့ရသည်။ ထို့ကြောင့်ဖခင်ဖြစ်သူ ကလည်း လင်းခေးမှာပဲ ဆယ်တန်းဖြေဖို့ပြောခဲ့ရာ လင်းခေး ပြန်ရောက်လာခဲ့သည်။ စာမေးပွဲဖြေဆိုပြီးသောနေ့မှာ စိုင်းထီးဆိုင် အပါအဝင်ဖြစ်သော လင်းခေးဘောလုံး အဖွဲ့သားတွေ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပွဲကြည့်ဖို့် ရန်ကုန်သွားခဲ့ကြသည်။
အားကစားပွဲကြည့်ရင်း သူငယ်ချင်း စိုင်းစိုင်းမြင့်နှင့် တွေ့ရသည်။ စိုင်းစိုင်းမြင့်မှ မြန်မာ့အသံ ရှမ်းအစီအစဉ်မှာ သီချင်းတွေအသံ သွင်းဖို့ရှိတယ်၊ ဒီရက်အတွင်း အသံသွင်းမယ်ဆိုရင် ဖြစ်မလားလို့ မေးလာခဲ့သည်။ ယင်းတွင်မှ "အဝေးကချစ်သူ"၊"လှေငယ်ရှင်ဆုတောင်" ၊"အကျည်းတန်ချစ်သူ" ၊ "ကိုယ်သဘောကျသူလေး" ၊ "ပန်းချယ်ရီ" စသည့် ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် ရှမ်းသီချင်း ငါးပုဒ် အသံသွင်းဖြစ်ခဲ့သည်။ ယင်းသီချင်း များသည်လည်း လူကြိုက်များပြီး ဓာတ်ပြားရကာ အမြဲတမ်း အသံလွှင့်ပေးဖို့ ဖြစ်လာခဲ့သည်။ ဆယ်တန်းအောင်သောအခါ စိတ်ပညာမေဂျာဖြင့် မန္တလေးတက္ကသိုလ်သို့ တတ်ခွင့်ရခဲ့သည်။ ဤတွင် စိုင်းခမ်းလိတ်နှင့်ပြန်တွေ့ဖြစ်သည်။ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းဝါသနာပါသောကြောင့်သာမက ညီဖြစ်သူ စိုင်းခမ်းသီဧ။် သူငယ်ချင်းအဖြစ်လည်း သံယောဇဉ်ရှိသူဖြစ်သည် ၊ မန္တလေးရောက်တော့ ဂီတ မိတ်ဆွေများ တိုးပွားလာခဲ့ရာ တေးရေးဆရာ ကိုနေဝင်း အပါအဝင် ဖြစ်ပေသည်။ ကိုနေဝင်းဧ။် "မောင့်လပြည့်ဝန်း" သီချင်းမှာလဲ မကြာခဏ ကြားကြားနေရ၍ ရနေခဲ့ရာ ညဘက် အဆောင်ရှေ့မှာ အမြဲလိုလို သီဆိုဖြစ်ခဲ့သည်။ ယင်းနောက် ၁၉၇၃ ခုနှစ်ခန့်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်နှင့် စောသိမ်းဝင်းတို့ ပါဝင်သော The Outsiders တီးဝိုင်းဖွဲ့ခဲ့သည်။ မန္တလေးတက္ကသိုလ် နယ်မြေတွင် The Outsiders အဖွဲ့ဧ။် သီဆို တီးခတ်မှုများ လူသိများလာခဲ့သည်။ ၎င်းအချိန်တွင် မန္တလေးစင်ထရယ်(ဗဟို)တေးသံသွင်းမှ ငွေကြေးအကုန်အကျ ခံပြီး အသံဖမ်းကြည့်ကြသည်။ ပထမဆုံးရလဒ်ကတော့ စတီရီယို
ဟိုင်ဖိုင်သံမထွက်၊ အတီးပိုင်းမသပ်ရပ်၊ အသံဖမ်းကွာလတီလိုအပ်၊ အဆိုပိုင်း စကားသံများ ပီပီသသမရှိဘဲ သိပ်ဝဲနေသည် အတွက် မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရန်ကုန်မှာ အသံဖမ်းစနစ် ကောင်းကောင်း၊ စတူဒီယိုကောင်းကောင်းနှင့် အသံသွင်းမည် ဆိုပြီး ဦးဘသိန်းစတူဒီယိုတွင် အသံသွင်းခဲ့ကြသည်။
မာစတာခွေ ထွက်တော့ ရန်ကုန်ရှိ တေးသံသွင်းတွေ လိုက်ပြရာ ဘယ်သူမှမယူသဖြင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တစ်ပုဒ် နှစ်ကျပ်နှုန်းနှင့် ဖြန့်ရသည်။တချို့ဆို ပစ်ပစ်ခါခါ ငြင်းဆန်သဖြင့် စိတ်ဓာတ်ကျကြရသည်။ တောင်ကြီးမှ"မောတေးသံသွင်း" တဆိုင်ပဲ လိုလိုလားလားရှိခဲ့သည်။ ဈေးမဖြတ်ပဲ အတော်များများ ယူထားလိုက်သည်၊ ထိုအချိန်တွင် သူငယ်ချင်း အောင်ခိုင်မြင့်(ဂျေမောင်မောင်)နှင့် တွေ့သည်။ သူက ရန်ကုန်မှာ လိုက်ဖြန့်ပေးမည်ဆိုပြီး အခွေကိုသေသေချာချာလိုက်ဖြန့်ပေးရာ လူကြားထဲ အတော်ပျံ့နှံ့သွားခဲ့သည်။ ၁၉၇၃ခုနှစ်မှာ The Outsiders နှင့် The Highlanders(စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောဂျော်နီတို့ စုစည်းထားသောအဖွဲ့) ဝိုင်းတော်သားများ ပူးပေါင်းပြီး The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ) တေးဂီတ အဖွဲ့ စတင်ဖွဲ့ခဲ့သည်။ ပြီး ရန်ကုန်ရုပ်ရှင်ခြံမှာ ဒုတိယခွေကို သွင်းဖြစ်ဲ့သည်။ "နွေရာသီ"၊ "ချစ်တာတစ်ခုတည်း သိတယ်"၊ "စိုင်းပြန်ရဦးမယ်"၊ "ရွှေဟသ်ာနားခိုက်" ပါဝင်သော သီချင်း ၁၀ ပုဒ်ဖြစ်သည်။ ထိုအခွေမှာ တေးသံသွင်းများမှ စီးရီးရောင်းရငွေ သိမ်းရတာ ညည အိပ်ရေးပင်ပျက်သည်ဟု ဆိုပါသည်။ ထိုအခွေအား ညည်းညည်းညူညူ တဖျစ်တောက်တောက်နှင့် အသံသွင်းပေးခဲ့သော ရွက်ဝါမောင်မောင် ပင် အံ့အားသင့်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။
ထို့နောက် တတိယခွေကို "ပန်းသာရုပ်ရှင်ခြံ" တွင် သွင်းဖြစ်ပြီး စီးရီးခေါင်းစဉ်မှာ "မန္တလေးရောက်ရှမ်းတစ်ယောက်"ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ စီးရီးမှာ ပေါက်သွာဲး့ပြီး တေးသံသွင်းများမှာ လက်မလည်အောင်ကူးနေခဲ့ရသည်။
နောက်ဆက်၍ "ခြသေ့်လည်ပြန်(သို့)ပြန်ညှိရမယ့်ကာရန်"၊" စိတ္တဇအလွမ်း"၊ "ပျံသာပျံပါရွှေဟသ်ာ"(ကျေနပ်ပါတော့)၊ "အိပ်စက်အနားယူပြီ" စသည့် စီးရီးများ စီကာစဉ်ကာ ထွက် လာသည်။ ယနေ့ မြန်မာဘာသာနှင့် ရှမ်းဘာသာဖြင့် တေးသီချင်း စီးရီးခွေပေါင်း များစွာထွက်ရှိခဲ့ပြီးဖြစ်သည်။ စိုင်းထီးဆိုင်သည် တေးစီးရီးများသီဆိုယုံမက ဒါရိုက်တာ မောင်ငြိမ်းချမ်းစီစဉ်ပြီး ဗွီဒီယို ဇာတ်ကား များ ဖြစ်သည့် "အချစ်အတွက် တဖန်မွေးဖွားခြင်း" (မင်းသမီး မေသန်းနုနှင့်) "မန္တလေးရောက် ရှမ်းတစ်ယောက်" (မင်းသမီး မေသဉ္ဇာဦးနှင့်) "မစ္ဆရိယ"(မင်းသမီး မေသန်းနု)နှင့် ကားများ ရိုက်ကူးခဲ့ပါသေးသည်။ စိုင်းထီးဆိုင် မဆုံးပါးခင် ဆုန်သင်းပါရ်၊ ရတနာဦး တို့နှင့်အတူ သီဆိုထားသော "ဝတ်မှုန်ခရီး" တေးစီးရီး ထွက်ခဲ့ပြီး မကြာခင် စိုင်ခမ်းလိတ် ဧ။် သမီး"နန်းခမ်းနွဲ့လိတ်" နှင့် တွဲဖက်သီဆိုထားသော "တွဲဖက်ကောင်း" စီးရီး ထွက်ဖို့ ရှိပါသည်၊ စိုင်းထီးဆိုင်ဧ။် နောက်ဆုံးတေးစီးရီးဖြစ်ပါသည်။
ယင်းသို့ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သော်လည်း ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ တေးလောကသို့ တိုးဝင် လာခဲ့ရသော စိုင်းထီးဆိုင်သည် ယနေ့ဆိုလျှင် မြန်မာပြည် တနံ တလျားတွင် မသိသူမရှိရလောက်အောင် ပရိသတ်များ ထုနဲ့ ထည်နဲ့ အခိုင်အမာ ရှိခဲ့သူဖြစ်သည်။ မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံအသီးသီးမှလည်း လေးစားစွာ ဖိတ်ကြားခြင်းခံခဲ့ ရသော တေးသံရှင်တစ်ဦးလည်းဖြစ်ပါသည်။
စိုင်းထီးဆိုင်သည် မကျန်းမမာဖြစ်လာရာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အစာအိမ်နှင့်အူလမ်းကြောင်းဋ္ဌာနတွင် တတ်ရောက် ကုသခဲ့ရာမှ ၁၀-၃-၂၀၀၈ ရက်နေ့ နံနက် ၅:၄၅နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ကွယ်လွန်ချိန်တွင်ဇနီးဒေါ်ခင်သန်းစိုး သားစိင်းခိုင်ခမ်း၊ သမီး နန်းစံဟွမ်းနှင့် နန်းယုခေါင် တို့ ကျန်ရစ်ခဲ့ပါသည်။
Credit - ကောင်းကင်ပြာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...