Monday, February 1, 2016

"မတော်လိုက်ရသော... ..."

ကျနော်တို့ငယ်ငယ်က နေခဲ့တဲ့ရပ်ကွက်ထဲမှာ အိမ်တကာလှည့် အတင်းပြောတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်။
နာမည်ကတော့ မေ့တေ့တေ့ ။ ဒေါ်စန္ဒာလင်း ဆိုလား စန္ဒာလဲ့ဆိုလား
တခုခု သိချင်ရင် သူ့သာမေး ဟုတ်တာရော မဟုတ်တာရော သူထင်တာတွေရော ရောသမမွှေပြီး ပြောပါလိမ့်မယ်ဗျာ။

ကျနော့်လို အထက်ကျောင်းသားကိုတောင် အလွှတ်မပေးဘူး
ကွယ်ရာ အတင်းပြောတာ
... ဆိုတော့ ကျနော်ကတော့ တစ်စက်မှ ကြည့်မရဘူးရယ်
တနေ့နေ့ အခွင့်သာရင် ဘေ မယ်လို့ တေးထားတာ။
တစ်ရက်တော့ ကြုံပြီလေ... ....
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်ထိပ်မှာ အားကစားပြိုင်ပွဲတွေလုပ်ကြတယ်။
တစ်ရပ်ကွက်လုံးက လူအားလုံးနီးပါလာကြတယ်
အဲဒီ ဒေါ်စန္ဒာနဲ့ သူ့သားအကြီးကောင်ရယ်၊ သူ့သမီးအငယ်မရယ်လည်း လာကြည့်ကြတယ်။
အဖွားကြီးကသာ အကျင့်မကောင်း ရုပ်ဆိုးတာ
သမီးလေးကျတော့ အလန်းဗျ
ကလေးမက ၈ တန်း၊ ကျနော်က ၁ဝ တန်း
ကျောင်းမှတွေ့နေကျ ငမ်းနေကျ
ခုလည်း တွေ့တော့ ငမ်းတာပေါ့
သူ့သမီးကို လျှာထွက်မတတ်ငမ်းနေတဲ့ ကျနော့်ကို သတိထားမိတော့ အဖွားကြီးက မကြည်တော့ဘူးလေ။
သူ့သားကို အခုခုပြောပြီး သမီးလက်ဆွဲလို့ အိမ်ပြန်သွားတယ်။
ကတောက်စ်... ...
အတော်ညစ်ပတ်တဲ့ အဖွားကြီး။
ကျန်ခဲ့တဲ့ သူ့သားက အားကစားပွဲတွေ ဝင်ပြိုင်နေတယ်။
ဘော်လုံး ဂိုးကျဉ်းတို့၊ ခြေပူးတွဲတို့၊ တာတိုအပြေးတို့။
အဲလို နေတုံး
ကျနော်လည်း တခုခုကိုရုတ်တရက်တွေ့လိုက်တော့
ဒေါ်စန္ဒာအိမ်ကို ပြေးတော့တာပေါ့... ....
အဖွားကြီးက ထမင်းစားမလို့ထင်ပါရဲ့ လက်ထဲ ပန်းကန်ကြီးနဲ့
ကျနော်လည်း သူ့အိမ်ထဲ ပြေးဝင်ရင်း သူ့ကိုပြောတယ်... ...
"အန်... အန် အန်တီ၊ လမ်း လမ်းထိပ်မှာ ရိုက်ပွဲတွေ ဖြစ် ဖြစ် နေဘီ၊ အန်တိသား အန်တီ့သား... သူ .... သူပါ ဝင်ရိုက်နေတယ် ကျနော်တို့လည်း ဝင်မဆွဲရဲလို့ အန်တီ့ကို လာ ပြော ပြော တာ ဟောဟဲ ဟဲဟော.... ...."
အဲမှာ... ...
အဖွားကြီးလည်း ပန်းကန်ကြီးကို ဂလွမ်ဆိုပြီး ပစ်ချရင်း ကိုယ်လုံးကြီး အိပဲ့အိပဲ့နဲ့ လမ်းထိပ် အားကစားပွဲတွေ ရှိရာကို ပြေးပါလေရော
မောကြီးပန်းကြီးနဲ့ တွေ့တဲ့လူကို မေးတာပေါ့... ...
"ငါ့... ငါ့သား ရိုက်နေလို့ဆို "
"ဟုတ်တယ်လေ အန်တီရဲ့"
"ဘယ်မှာလဲ ဟဲ့"
"ဟိုမှာလေ... ..."
လက်ညိုးထိုးပြတာကို ကြည့်လိုက်တော့
သူ့သား... ...
ခေါင်းအုံးရိုက်ပွဲမှာ ဝင်ရိုက်နေတာ
ဝါးပိုးဝါးတန်းပေါ် ကားယားကြီးခွလို့
ငိ ငိ ငိ
တစ်လမ်းလုံး ပွစိ ပွစိ နဲ့ ဆဲဆိုပြီး ပြန်လာတယ်လေ
ရပ်ကွက်ရုံးသွားတိုင်ပ့ါမယ် တကဲကဲ လုပ်နေလို့ ဘေးက တားထားရတယ် တဲ့။
.
.
.
သန်၎ကို - ပေါက်ကရ၄၀
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...