Wednesday, February 24, 2016

ခုနေခါ

Min Ko Naing

ခုနေခါ
စက္ကူယူလာပေးရင်လည်း
လေယာဉ်ပျံ အရုပ်လေးပဲ ချိုးပေးနိုင်မယ်
ငါ့ဆီက
ကဗျာမရနိုင်

.
ခြေလှမ်းတွေဟာ
အလှပြင်ဆိုင်ထဲဝင်တုန်းကလို
မျှော်လင့်ချက်တွေနဲ့ နုပျို
ပြန်အထွက်မှာ
အသက်ပါသေးလား
.
ကိုယ်ယုံကြည်ရာ ကိုယ်ပြောခွင့်ရလား
သူတို့ကြားချင်တာ ကိုယ့်နှုတ်က ပြောနေရလား
ရင်ခုန်သံခမျာလည်း
သွေးပေါင်ချိန်စက်ထဲ
အသံမထွက်ရဲ
.
ပင်ယံပေါ်
မမျှော်တော့ဖူး မျက်လွှာချ
ခြေရင်းမှာ
( ဘယ်သူတွေ သွားမတွေ့တွေ့
တွေ့မသွားသွား)
စံပယ်တွေ
ရိုးမြေကျပါလား။
.
- ‪#‎မင်းကိုနိုင်‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...