Wednesday, February 17, 2016

"ဂင်းနစ် စံချိန် မ၀င်ပေမယ့် ရာဇ၀င်တင်ခဲ့သူ"


မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တဲ့
သမီးလေး ခမည်းပေးဖို့
အမေ့ စီက နားကပ် တရံ
အမွေ ပြန်တောင်းရသူ--------------


မြန်မာ နိုင်ငံ ရဲ့ ဗိုလ်ချုပ်တဦးတဲ့
သူ အစားချင်ဆုံး အရာက
"ပဲပြုတ်နဲ့ နံပြားတဲ့"-------------------

မြန်မာ နိုင်ငံ ရဲ့ ဗိုလ်ချုပ်တဦးတဲ့
ဈေးက ပြန်လာတဲ့ ဇနီးကို
သူ့ ရဲဖော်လေး က ဈေးခြင်းတောင်း
ပြေးပီး ကူဆွဲတာကို
ပေးလိုက်ရ မလားဆိုပီး
"ဒါက တိုင်းပြည်ရဲ့ ရဲဖော်ကွ
မင်းအခိုင်းအစေ မဟုတ်ဘူး" လို့
ပြောရဲတဲ့သူ

မိမိ လိပ်ပြာ မိမိ လုံကာ
ဘယ်သွားသွား သက်တော်စောင့်
အခြံအရံ မခေါ်ပဲ တယောက်ထဲ
သွားလာရဲသော ဗိုလ်ချုပ်---------

အေးချမ်းလှတဲ့ ဒီဇင်ဘာ ဆောင်းတွင်းမှာ
အရက်မူးပီး အိပ်ပျော်နေသော ပြည်သူကို
တယုတယ နဲ့ မိမိဝတ်ထားသော ကုဒ်အင်္ကျီ
ချွတ်ပေးရဲသော ဗိုလ်ချုပ်---------------

ရုပ်ရှင် ကြည့်ချင်သော်လည်း
မိမိ ပိုက်ဆံ မယူလျှင် မကြည့်ဘူးဆိုပီး
ရိုးရိုးတန်းကသာ ပိုက်ဆံပေးကြည့်သော ဗိုလ်ချုပ်-----

ဗိုက်ဆာလျှင် လမ်းဘး အကြော်ဆိုင်တွင်ပင်
ဝင်စားရဲသော ဗိုလ်ချုပ်
ယခု ချိန်ထိ တယောက်ထဲ ရှိသေးတာတောင်
ဂင်းနစ် စံချိန်မ၀င်ခဲ့ပေမယ့်
မြန်မာ နိုင်ငံသူ/နိုင်ငံ သား တွေ
စိတ်ထဲမှာတော့ ယခု ချိန်ထိ ရှင်သန်နေဆဲပါ။     ။

"Happy birthday, General Aung San"
မာန ချစ်သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...