Friday, February 12, 2016

မိခင္ေလာင္းမ်ား ေဆာင္ရန္၊ ေရွာင္ရန္



mgzinmyo-သုတစြယ္စံု
မိခင္ေလာင္းတစ္ဦး မသိမျဖစ္ သိထားသင့္တဲ့ အေျခခံအခ်က္ေတြ ရွိပါတယ္။ အဲဒါေတြကို သိထား လိုက္နာႏုိင္ပါမွ မိခင္ေရာ ရင္ေသြးငယ္ပါ က်န္းမာၿပီး အက်ဳိးမ်ားမွာပါ။
တခ်ဳိ႕အခ်က္ေတြကေတာ့ လူေတြ အေတာ္မ်ားမ်ား သိထားေပမယ့္ တခ်ဳိ႕တစ္၀က္ကိုေတာ့ အမႈမဲ့အမွတ္မဲ့ျဖစ္ေနတတ္ပါတယ္။ ဥပမာ-ကိုယ္ ၀န္ေဆာင္စဥ္မွာ သံဓာတ္အားေဆး ပံုမွန္ေသာက္ရမယ္ ဆုိတာမ်ဳိးကိုသိၾကေပမယ့္ ေဖာလစ္အက္ဆစ္ကို လည္း လံုေလာက္ေအာင္ျဖည့္စြက္ ေသာက္သံုးရမယ္ဆိုတာကိုေတာ့ သိသူနည္းပါတယ္။
ဓာတ္မွန္႐ုိက္ရန္ထြက္လာတဲ့ ဓာတ္ေရာင္ျခည္က ရင္ေသြးငယ္ကို အႏၲရာယ္ရွိေစ တယ္ဆိုၿပီး သတိထားၾကေပမယ့္ မုိက္ခ႐ုိေ၀့(မ္) မီးဖုိကလည္း ကိုယ္၀န္ေဆာင္ခ်ိန္မွာ သတိထားသင့္တယ္ဆုိတာကို သတိမျပဳမိၾကပါဘူး။ ဒီေဆာင္းပါးထဲမွာ ကိုယ္၀န္ လြယ္ထားရစဥ္ ကာလ တစ္ေလွ်ာက္ ေရွာင္သင့္တာေတြ၊ လုပ္သင့္တာေတြကို အစီအစဥ္တက် ျပဳစုေပးထားပါတယ္။
၁။ ပံုမွန္က်န္းမာေရးစစ္ေဆးရန္
ကိုယ္၀န္လြယ္ထားရစဥ္ အခက္အခဲ ျပႆနာမ်ား ေရွာင္ရွားႏုိင္ရန္ အေကာင္းမြန္ဆံုးႏွင့္ အလြယ္ကူဆံုးနည္းလမ္းကေတာ့ ဆရာ၀န္ (သို႔) သားဖြားဆရာမနဲ႔ မွန္မွန္ျပၿပီး စစ္ေဆးေစာင့္ေရွာက္မႈ ခံယူဖို႔ပါပဲ။
၂။ ေဖာလစ္အက္ဆစ္ ပံုမွန္ေသာက္ရန္
ေဖာလစ္အက္ဆစ္ဆုိတဲ့ ၀ါညစ္ညစ္ေဆးလံုးေလးေတြကို ကိုယ္၀န္ ေဆာင္စဥ္မွာ
မျဖစ္မေန ေသာက္ရပါမယ္။ ကေလးငယ္ရဲ႕ ေက်ာ႐ိုးမႀကီး ေကာင္းမြန္စြာ အျပည့္အ၀ျဖစ္လာဖို႔အတြက္ပါ။
၃။ ဂ်ိဳက္သိုးေရာဂါ ကာကြယ္ရန္
ေဆးေလာကအေခၚ ‘Rubella’ (၀ါ) ‘German measles’ ဟူေသာ ဂ်ဳိက္သုိးေရာဂါဟာ သိပ္ကို အႏၲရာယ္ႀကီးပါတယ္။ ကိုယ္၀န္ေဆာင္ ထားစဥ္ ဂ်ဳိက္သုိးေရာဂါျဖစ္ပြားရင္ ေငြ႕ေငြ႕ဖ်ားျခင္း၊ ေခါင္းကိုက္၊ ႏွာေစးၿပီး ခႏၶာကိုယ္ေပၚမွာ အနီျပင္ေပၚျခင္းစတဲ့ တုပ္ေကြးဆန္ဆန္ လကၡဏာေတြ ေပၚလာပါတယ္။ ၿပီးရင္ သူ႔အလိုအေလ်ာက္ ျပန္ေပ်ာက္သြားတဲ့အတြက္ မိခင္ေလာင္းေတြဟာ ေပါ့ေပါ့ဆဆပဲ ေနလိုက္ၿပီးမွ မေမွ်ာ္လင့္ဘဲ ရင္ေသြးေလးဆီကို အဲဒီဂ်ဳိက္သုိးပိုးက ကူးစက္သြားတဲ့အခါ ေမြးရာပါနားမၾကားျခင္း၊ ေမြးရာပါႏွလံုးေရာဂါ၊ ၪာဏ္ရည္နိမ့္ျခင္း နဲ႔ ေမြးရာပါအတြင္းတိမ္စတဲ့ ရင္နင့္ဖြယ္အျဖစ္ေတြ ျဖစ္လာတတ္တာပါ။
၄။ ကီးဂဲလ္ (Kegel) ေလ့က်င့္ခန္းလုပ္ရန္
ေမြးလမ္းေၾကာင္းမွာရွိတဲ့ ႂကြက္သားေတြ ေပ်ာ့ေနရင္ ေမြးတဲ့အခါ ပိုၿပီးနာက်င္တတ္သလို ေမြးခ်ိန္ကလိုတာထက္ ၾကာသြားတတ္ပါတယ္။ သဘာ၀အေလ်ာက္ ကေလး ေမြးဖြား ၿပီးရင္လည္း ႂကြက္သားေတြက အားေပ်ာ့သြားတတ္လို႔ ေနာက္တစ္ခါ ေမြးတဲ့အခါ သက္ေသာင့္သက္သာ မရွိဘဲျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္းႂကြက္သား ေတြ အားေကာင္းၿပီး ေမြးတဲ့အခါ လိုက္ေလ်ာညီေထြျဖစ္ေစဖို႔အတြက္ Kegel ေလ့က်င့္ခန္း လုပ္ေပးႏုိင္ပါတယ္။ အဲဒီလိုမ်ဳိး ေမြးလမ္းေၾကာင္းက ႂကြက္သားေတြ က်ဳံ႕သြားေစတာ Kegel ေလ့က်င့္ခန္းပါပဲ။ ေလ့က်င့္ခန္းလုပ္ေနစဥ္ ေျခေထာက္၊ တင္ပါးနဲ႔ ဗုိက္ကအသားေတြ မလႈပ္ေအာင္ ႀကိဳးစားပါ။ တစ္ခါက်ဳံ႕ထားရင္ ငါးစကၠန္႔နဲ႔ ဆယ္ခါ က်ဳံ႕ေပးပါ။ နာရီအတိအက်မဟုတ္ဘဲ စိတ္ထဲကေန တစ္ကေန ငါးအထိ ျဖည္းျဖည္းခ်င္း ရြတ္ေပးရင္လည္း ငါးစကၠန္႔နဲ႔ တူပါတယ္။ အဲဒီလို မ်ဳိး တစ္ေန႔ကို ၅ ႀကိမ္တိတိ လုပ္ေပးပါ။
၅။ အိမ္တြင္းတြင္ လြယ္ကူစြာ စိုက္ႏိုင္ေသာအပင္မ်ား စိုက္ရန္
တုိက္ခန္း၊ ကြန္ဒုိေတြနဲ႔ အေနမ်ားလာတဲ့ ယေန႔ေခတ္ လူေနမႈဘ၀မွာ အပင္စုိက္တဲ့ အေလ့အထ ပါ ရွားပါးလာၿပီး ေကာ္ေဇာနဲ႔ အိမ္သန္႔စင္ေဆးရည္ အမ်ဳိးမ်ဳိးမွာပါတဲ့ ဓာတုပစၥည္းအမ်ဳိးမ်ဳိးရဲ႕ အႏၲရာယ္ ေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ ရင္ဆုိင္ေနရပါတယ္။ ဥပမာ-ဂမုန္းပင္ဆုိရင္ အိမ္သုတ္ေဆးေတြမွာ ပါတတ္တဲ့ formaldehyde ကို ဓာတ္ျပယ္ေစတဲ့ သတ္ၱိရွိပါတယ္။
၆။ အေကာင္းျမင္စိတ္ ေမြးရန္
အေကာင္းျမင္တတ္တဲ့စိတ္ဆုိတာ လူတုိင္းမွာ ရွိေနသင့္တဲ့ စိတ္ထားပါ။
၇။ ဆရာ၀န္ကို လက္ရွိခံစားရေသာ အေနအထားႏွင့္ မိသားစုရာဇ၀င္ကို မႁခြင္းမခ်န္ ေျပာျပရန္
အထူးသျဖင့္ ေသြးတုိး၊ ဆီးခ်ဳိ၊ ႏွလံုးေရာဂါ၊ အတက္ေရာဂါနဲ႔ ေရယုန္အပါအ၀င္ အျခားေသာ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြဆုိရင္ ပိုဂ႐ုစုိက္ၿပီး တုိင္ပင္အသိေပးသင့္ပါတယ္။
၈။ ပ႐ိုတင္းဓာတ္နဲ႔ ဆီကို ျပည့္၀စြာ စားေသာက္ေပးပါ
ကုိယ္၀န္ေဆာင္ကာလမွာေတာ့ အဆီဓာတ္ဟာ အေရးပါတဲ့ အခန္း က႑ကေန ပါ၀င္ေနပါတယ္။ အဆီမွာ ေပ်ာ္၀င္တဲ့ ဗီတာမင္ေတြျဖစ္တဲ့ ဗီတာမင္ေအ၊ ဗီတာမင္ဒီ၊ ဗီတာမင္အီးနဲ႔ ဗီတာမင္ေကေတြကို စုပ္ယူႏုိင္ဖုိ႔႔ရာ ခႏၶာကိုယ္မွာ အဆီရွိမွ ျဖစ္မွာမို႔လို႔ပါ။ စားအုန္းဆီကို ေရွာင္ၿပီး ပဲပိစပ္ဆီ၊ ဟင္းသီးဟင္းရြက္ဆီ၊ သံလြင္ဆီကို ေရြးခ်ယ္ပါ။
၉။ ေဆးလိပ္မေသာက္ရန္ႏွင့္ ေဆးလိပ္ေသာက္သူမ်ားအနားတြင္ မေနရန္
မိခင္ေလာင္း ႐ွဴ႐ႈိက္မိေသာ ေဆးလိပ္ေငြ႕မ်ားေၾကာင့္ လမေစ့ဘဲ ေမြးဖြားျခင္း၊ လေစ့ေသာ္လည္း ေပါင္မျပည့္ေသာ ကေလးေမြးျခင္း၊ သားပ်က္သားေလ်ာျဖစ္ျခင္းတုိ႔ အျပင္ ေမြးကင္းစကေလးငယ္ေလး ေသဆံုးသည္အထိ ျဖစ္ႏုိင္ေပသည္။
၁၀။ အရက္မေသာက္ပါႏွင့္ / အယ္လ္ကိုေဟာပါေသာ အခ်ိဳရည္မ်ား မေသာက္ပါႏွင့္
ေဆးပညာ အေခၚအရ ‘Foetal Alcohol Syndrome (FAS)’ ၊ ျမန္မာလို “အရက္ ေၾကာင့္ျဖစ္ ရေသာ ရင္ေသြးငယ္၏ ေ၀ဒနာ” ဟု အဓိပၸာယ္ရသည့္ ဆုိး၀ါးလြန္းလွေသာ ၪာဏ္ရည္ၪာဏ္ေသြး နိမ့္က် ေစျခင္း၊ ခႏၶာကိုယ္ေသးေကြးျခင္း၊ မ်က္ႏွာပံုပ်က္ ပန္းပ်က္ျဖစ္ျခင္း၊ ခႏၶာကိုယ္၏ အေရးႀကီးေသာ အစိတ္အပိုင္းမ်ား ပံုမမွန္ျဖစ္ျခင္းတို႔ကို ခံစားရေစသည္။
၁၁။ တားျမစ္ထားေသာ ေဆးမ်ား၊ စိတ္ႂကြေဆးမ်ားကို မသံုးစြဲရန္
မိခင္ေလာင္း သံုးစြဲလိုက္ေသာ ေဆးမ်ားသည္ အခ်င္းတိုင္ကို ျဖတ္၍ ရင္ေသြးငယ္ဆီသုိ႔ ေရာက္သြားသျဖင့္ ရင္ေသြးငယ္မွာလည္း ေဆးသမားျဖစ္ရေလသည္။
ေမြးဖြား ၿပီးေသာအခါတြင္ ထုိေဆးမ်ား၏ အာနိသင္ေၾကာင့္ ေဆးသမား
ေဆးျဖတ္သကဲ့သို႔ပင္ အအိပ္အေနနည္းေသာ ကေလးငယ္ျဖစ္ျခင္း၊ ႏို႔တုိက္ရ ခက္ခဲျခင္း၊ အငုိသန္ျခင္း၊ တက္ျခင္းတို႔ကို ခံစားရေစသည္။
၁၂။ မည္သည့္ေဆး၀ါးကိုမွ် ဆရာ၀န္က မၫႊန္ၾကားဘဲ မိမိသဘာႏွင့္ မိမိိ မေသာက္သံုးပါႏွင့္
ေဆးဆုိင္မ်ားတြင္ အလြယ္တကူ၀ယ္ယူရရွိႏုိင္ၿပီး ဆရာ၀န္ၫႊန္ၾကားခ်က္မလိုသည့္ “over the counter” ဟု ေခၚေသာ OTC ေဆး၀ါး မ်ားသည္ သာမန္အခ်ိန္မ်ားတြင္ လံုၿခံဳစိတ္ခ ်ရေသာ္လည္း ကိုယ္၀န္လြယ္ထားရခ်ိန္တြင္မူ ရင္ေသြးငယ္၏ ႀကီးထြားဖြံ႕ၿဖိဳးမႈကို ေႏွာင့္ယွက္ႏုိင္ သည္။
၁၃။ ဗီတာမင္ေအ ျဖည့္စြက္ထားေသာ အစားအစာမ်ား၊ ေဆးမ်ားကို ေရွာင္ရန္
တန္႐ုံသင့္႐ုံစားလွ်င္ ေဆးျဖစ္ေသာ္လည္း လြန္ၾကဴးပါက ေဘးႀကံဳတတ္သကဲ့သို႔ပင္ ကုိယ္၀န္လြယ္ထားရစဥ္တြင္ ဗီတာမင္ေအကို ပံုမွန္ပမာဏထက္ (၄) ဆပို၍ စားသံုးမိပါက ရင္ေသြးငယ္အား ဆုိးဆုိးရြားရြား ထိခိုက္ေစႏုိင္သည္။
၁၄။ ဓာတ္မွန္႐ိုက္ျခင္းကို တတ္အားသေရြ႕ ေရွာင္ရန္
အမ်ားသိထားသကဲ့သို႔ပင္ ဓာတ္မွန္႐ုိက္ျခင္း နည္းပညာသည္ ေဆးေလာကအတြက္ အက်ဳိးရွိသည့္ အံ့မခန္း နည္းပညာျဖစ္သလိုပင္ ဓာတ္ေရာင္ျခည္၏ ေဘးထြက္ဆုိးက်ဳိး ႀကီးမားလွသည္။ မျဖစ္မေန႐ိုက္ရန္ လိုအပ္ပါကလည္း ၀မ္းဗိုက္ကို အကာအကြယ္ ဖံုးအုပ္၍ အျမန္ဆံုး ႐ုိက္ေပးမည္ျဖစ္သည္။
၁၅။ မီးဖိုေခ်ာင္၀င္ပါက မိုက္ခ႐ိုေ၀့ျဖင့္ မခ်က္ရန္
အခ်ဳိ႕ေလ့လာ ဆန္းစစ္ခ်က္မ်ားအရမူ မိခင္ေလာင္းဘ၀တြင္ မိုက္ခ႐ုိေ၀့မီးဖုိ သံုးစြဲမႈမ်ားျပားျခင္းသည္ ရင္ေသြးငယ္ေလး၏ ႀကီးျပင္းမႈကို ထိခုိက္ေစသည္ဟု ေထာက္ျပထားသည္။
၁၆။ ပိုးသတ္ေဆး အမ်ိဳးစံုကို ေရွာင္ၾကဥ္ရန္
ထုိပုိးသတ္ေဆးမ်ားတြင္ ပါ၀င္သည့္ ဓာတုေဗဒပစၥည္းအမ်ဳိး အစား၊ ထိေတြ႕ခ်ိန္၊ ပါ၀င္သည့္ ျပင္းအားႏွင့္ ရင္ေသြးငယ္ေလး၏ သက္တမ္းအႏုအရင့္ေပၚမူတည္၍ မတူညီေသာဆုိးက်ဳိးအမ်ဳိးမ်ဳိးကို ေပးႏုိင္သည္။
၁၇။ မိခင္ေလာင္း၏ ခႏၶာကိုယ္အပူခ်ိန္မတက္ေအာင္ သတိထားရန္
မိခင္ေလာင္း၏ ခႏၶာကိုယ္အပူခ်ိန္ ၁၀၂ဒီဂရီ ဖာရင္ဟုိက္ထက္ တက္လာပါက တျဖည္းျဖည္း ႀကီးထြားေနေသာ ရင္ေသြးငယ္ေလးကို ထိခုိက္ေစႏုိင္သည္။ ဖ်ားနာျခင္း တစ္မ်ဳိးတည္းေၾကာင့္သာ ခႏၶာကိုယ္အပူခ်ိန္ တက္ႏုိင္သည္ မဟုတ္ဘဲ ေလ့က်င့္ခန္း ျပင္းထန္စြာလုပ္ျခင္း၊ ေနႀကဲႀကဲေတာက္ ပူေနခ်ိန္တြင္ အေဆာင္းအကာမပါဘဲ အျပင္ထြက္ျခင္း၊ ေရေႏြးစိမ္၍ ေရခ်ဳိးျခင္းတို႔သည္လည္း ခႏၶာကုိယ္အပူခ်ိန္ကို တက္ေစႏုိင္သည့္အတြက္ ေရွာင္ၾကဥ္ ရေပမည္။
၁၈။ ေၾကာင္အညစ္အေၾကးမ်ား မကိုင္တြယ္ရန္၊ ေသခ်ာမက်က္ေသာ အသားမ်ားအား ေရွာင္ရန္
အဘယ့္ေၾကာင့္ဆုိေသာ္ ေၾကာင္အညစ္အေၾကးမ်ားႏွင့္ မက်က္ေသာ အသားမ်ားတြင္ toxoplasma ဟုေခၚေသာ ေရာဂါပိုးတစ္မ်ဳိး ရွိႏုိင္ေသာေၾကာင့္ျဖစ္သည္။ ထိုပိုးေၾကာင့္ ရင္ေသြးငယ္မ်ားတြင္ toxoplasmosis ဟုေခၚေသာ ေမြးရာပါေရာဂါဆုိးကို ခံစားရေစသည္။ ထိုေရာဂါဆိုးေၾကာင့္ ရင္ေသြးငယ္ေလး၏ ဦးေႏွာက္၊ မ်က္ႏွာႏွင့္ အာ႐ံုေၾကာမ်ားကို ထိခိုက္ေစသည္။
က်န္းမာသန္စြမ္းေသာ သားသမီးေလးမ်ား ရရွိႏုိင္ေစရန္ႏွင့္ မိခင္ေလာင္းမ်ားပါ အႏၲရာယ္ကင္းေစရန္ ဤေဆာင္းပါးေလးက အေထာက္အကူျပဳႏုိင္ေစရန္ ေမွ်ာ္လင့္ပါသည္။
Credit : Yangon Health Guide


 Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
----------------------------------------------
Unicode Version
 မိခင်လောင်းများ ဆောင်ရန်၊ ရှောင်ရန်

မိခင်လောင်းတစ်ဦး မသိမဖြစ် သိထားသင့်တဲ့ အခြေခံအချက်တွေ ရှိပါတယ်။ အဲဒါတွေကို သိထား လိုက်နာနိုင်ပါမှ မိခင်ရော ရင်သွေးငယ်ပါ ကျန်းမာပြီး အကျိုးများမှာပါ။

တချို့အချက်တွေကတော့ လူတွေ အတော်များများ သိထားပေမယ့် တချို့တစ်ဝက်ကိုတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ပါတယ်။ ဥပမာ-ကိုယ် ၀န်ဆောင်စဉ်မှာ သံဓာတ်အားဆေး ပုံမှန်သောက်ရမယ် ဆိုတာမျိုးကိုသိကြပေမယ့် ဖောလစ်အက်ဆစ်ကို လည်း လုံလောက်အောင်ဖြည့်စွက် သောက်သုံးရမယ်ဆိုတာကိုတော့ သိသူနည်းပါတယ်။

ဓာတ်မှန်ရိုက်ရန်ထွက်လာတဲ့ ဓာတ်ရောင်ခြည်က ရင်သွေးငယ်ကို အန္တရာယ်ရှိစေ တယ်ဆိုပြီး သတိထားကြပေမယ့် မိုက်ခရိုဝေ့(မ်) မီးဖိုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ဒီဆောင်းပါးထဲမှာ ကိုယ်ဝန် လွယ်ထားရစဉ် ကာလ တစ်လျှောက် ရှောင်သင့်တာတွေ၊ လုပ်သင့်တာတွေကို အစီအစဉ်တကျ ပြုစုပေးထားပါတယ်။

၁။ ပုံမှန်ကျန်းမာရေးစစ်ဆေးရန်

ကိုယ်ဝန်လွယ်ထားရစဉ် အခက်အခဲ ပြဿနာများ ရှောင်ရှားနိုင်ရန် အကောင်းမွန်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းကတော့ ဆရာဝန် (သို့) သားဖွားဆရာမနဲ့ မှန်မှန်ပြပြီး စစ်ဆေးစောင့်ရှောက်မှု ခံယူဖို့ပါပဲ။

၂။ ဖောလစ်အက်ဆစ် ပုံမှန်သောက်ရန်

ဖောလစ်အက်ဆစ်ဆိုတဲ့ ၀ါညစ်ညစ်ဆေးလုံးလေးတွေကို ကိုယ်ဝန် ဆောင်စဉ်မှာ မဖြစ်မနေ သောက်ရပါမယ်။ ကလေးငယ်ရဲ့ ကျောရိုးမကြီး ကောင်းမွန်စွာ အပြည့်အဝဖြစ်လာဖို့အတွက်ပါ။

၃။ ဂျိုက်သိုးရောဂါ ကာကွယ်ရန်

ဆေးလောကအခေါ် ‘Rubella’ (၀ါ) ‘German measles’ ဟူသော ဂျိုက်သိုးရောဂါဟာ သိပ်ကို အန္တရာယ်ကြီးပါတယ်။ ကိုယ်ဝန်ဆောင် ထားစဉ် ဂျိုက်သိုးရောဂါဖြစ်ပွားရင် ငွေ့ငွေ့ဖျားခြင်း၊ ခေါင်းကိုက်၊ နှာစေးပြီး ခန္ဓာကိုယ်ပေါ်မှာ အနီပြင်ပေါ်ခြင်းစတဲ့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ပေါ်လာပါတယ်။ ပြီးရင် သူ့အလိုအလျောက် ပြန်ပျောက်သွားတဲ့အတွက် မိခင်လောင်းတွေဟာ ပေါ့ပေါ့ဆဆပဲ နေလိုက်ပြီးမှ မမျှော်လင့်ဘဲ ရင်သွေးလေးဆီကို အဲဒီဂျိုက်သိုးပိုးက ကူးစက်သွားတဲ့အခါ မွေးရာပါနားမကြားခြင်း၊ မွေးရာပါနှလုံးရောဂါ၊  ဉာဏ်ရည်နိမ့်ခြင်း နဲ့ မွေးရာပါအတွင်းတိမ်စတဲ့ ရင်နင့်ဖွယ်အဖြစ်တွေ ဖြစ်လာတတ်တာပါ။

၄။ ကီးဂဲလ် (Kegel) လေ့ကျင့်ခန်းလုပ်ရန်

မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ ပျော့နေရင် မွေးတဲ့အခါ ပိုပြီးနာကျင်တတ်သလို မွေးချိန်ကလိုတာထက် ကြာသွားတတ်ပါတယ်။ သဘာဝအလျောက် ကလေး မွေးဖွား ပြီးရင်လည်း ကြွက်သားတွေက အားပျော့သွားတတ်လို့ နောက်တစ်ခါ မွေးတဲ့အခါ သက်သောင့်သက်သာ မရှိဘဲဖြစ်ပါတယ်။ မွေးလမ်းကြောင်းကြွက်သား တွေ အားကောင်းပြီး မွေးတဲ့အခါ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Kegel လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ အဲဒီလိုမျိုး မွေးလမ်းကြောင်းက ကြွက်သားတွေ ကျုံ့သွားစေတာ Kegel လေ့ကျင့်ခန်းပါပဲ။ လေ့ကျင့်ခန်းလုပ်နေစဉ် ခြေထောက်၊ တင်ပါးနဲ့ ဗိုက်ကအသားတွေ မလှုပ်အောင် ကြိုးစားပါ။ တစ်ခါကျုံ့ထားရင် ငါးစက္ကန့်နဲ့ ဆယ်ခါ ကျုံ့ပေးပါ။ နာရီအတိအကျမဟုတ်ဘဲ စိတ်ထဲကနေ တစ်ကနေ ငါးအထိ ဖြည်းဖြည်းချင်း ရွတ်ပေးရင်လည်း ငါးစက္ကန့်နဲ့ တူပါတယ်။ အဲဒီလို မျိုး တစ်နေ့ကို ၅ ကြိမ်တိတိ လုပ်ပေးပါ။

၅။ အိမ်တွင်းတွင် လွယ်ကူစွာ စိုက်နိုင်သောအပင်များ စိုက်ရန်

တိုက်ခန်း၊ ကွန်ဒိုတွေနဲ့ အနေများလာတဲ့ ယနေ့ခေတ် လူနေမှုဘဝမှာ အပင်စိုက်တဲ့ အလေ့အထ ပါ ရှားပါးလာပြီး ကော်ဇောနဲ့ အိမ်သန့်စင်ဆေးရည် အမျိုးမျိုးမှာပါတဲ့ ဓာတုပစ္စည်းအမျိုးမျိုးရဲ့ အန္တရာယ် ပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။ ဥပမာ-ဂမုန်းပင်ဆိုရင် အိမ်သုတ်ဆေးတွေမှာ ပါတတ်တဲ့ formaldehyde ကို ဓာတ်ပြယ်စေတဲ့ သတ်္တိရှိပါတယ်။

၆။ အကောင်းမြင်စိတ် မွေးရန်

အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိနေသင့်တဲ့ စိတ်ထားပါ။

၇။ ဆရာဝန်ကို လက်ရှိခံစားရသော အနေအထားနှင့် မိသားစုရာဇဝင်ကို မခြွင်းမချန် ပြောပြရန်

အထူးသဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အတက်ရောဂါနဲ့ ရေယုန်အပါအဝင် အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုရင် ပိုဂရုစိုက်ပြီး တိုင်ပင်အသိပေးသင့်ပါတယ်။

၈။ ပရိုတင်းဓာတ်နဲ့ ဆီကို ပြည့်ဝစွာ စားသောက်ပေးပါ

ကိုယ်ဝန်ဆောင်ကာလမှာတော့ အဆီဓာတ်ဟာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါ၀င်နေပါတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတွေကို စုပ်ယူနိုင်ဖို့့ရာ ခန္ဓာကိုယ်မှာ အဆီရှိမှ ဖြစ်မှာမို့လို့ပါ။ စားအုန်းဆီကို ရှောင်ပြီး ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီကို ရွေးချယ်ပါ။

၉။ ဆေးလိပ်မသောက်ရန်နှင့် ဆေးလိပ်သောက်သူများအနားတွင် မနေရန်

မိခင်လောင်း ရှူရှိုက်မိသော ဆေးလိပ်ငွေ့များကြောင့် လမစေ့ဘဲ မွေးဖွားခြင်း၊ လစေ့သော်လည်း ပေါင်မပြည့်သော ကလေးမွေးခြင်း၊ သားပျက်သားလျောဖြစ်ခြင်းတို့ အပြင် မွေးကင်းစကလေးငယ်လေး သေဆုံးသည်အထိ ဖြစ်နိုင်ပေသည်။

၁၀။ အရက်မသောက်ပါနှင့် / အယ်လ်ကိုဟောပါသော အချိုရည်များ မသောက်ပါနှင့်

ဆေးပညာ အခေါ်အရ ‘Foetal Alcohol Syndrome (FAS)’ ၊ မြန်မာလို “အရက် ကြောင့်ဖြစ် ရသော ရင်သွေးငယ်၏ ဝေဒနာ” ဟု အဓိပ္ပာယ်ရသည့် ဆိုးဝါးလွန်းလှသော  ဉာဏ်ရည် ဉာဏ်သွေး နိမ့်ကျ စေခြင်း၊ ခန္ဓာကိုယ်သေးကွေးခြင်း၊ မျက်နှာပုံပျက် ပန်းပျက်ဖြစ်ခြင်း၊ ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများ ပုံမမှန်ဖြစ်ခြင်းတို့ကို ခံစားရစေသည်။

၁၁။ တားမြစ်ထားသော ဆေးများ၊ စိတ်ကြွဆေးများကို မသုံးစွဲရန်

မိခင်လောင်း သုံးစွဲလိုက်သော ဆေးများသည် အချင်းတိုင်ကို ဖြတ်၍ ရင်သွေးငယ်ဆီသို့ ရောက်သွားသဖြင့် ရင်သွေးငယ်မှာလည်း ဆေးသမားဖြစ်ရလေသည်။
မွေးဖွား ပြီးသောအခါတွင် ထိုဆေးများ၏ အာနိသင်ကြောင့် ဆေးသမား
ဆေးဖြတ်သကဲ့သို့ပင် အအိပ်အနေနည်းသော ကလေးငယ်ဖြစ်ခြင်း၊ နို့တိုက်ရ ခက်ခဲခြင်း၊ အငိုသန်ခြင်း၊ တက်ခြင်းတို့ကို ခံစားရစေသည်။

၁၂။ မည်သည့်ဆေးဝါးကိုမျှ ဆရာဝန်က မညွှန်ကြားဘဲ မိမိသဘာနှင့် မိမိိ မသောက်သုံးပါနှင့်

ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသည့် “over the counter” ဟု ခေါ်သော OTC ဆေးဝါး များသည် သာမန်အချိန်များတွင် လုံခြုံစိတ်ခ ျရသော်လည်း ကိုယ်ဝန်လွယ်ထားရချိန်တွင်မူ ရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင် သည်။

၁၃။ ဗီတာမင်အေ ဖြည့်စွက်ထားသော အစားအစာများ၊ ဆေးများကို ရှောင်ရန်

တန်ရုံသင့်ရုံစားလျှင် ဆေးဖြစ်သော်လည်း လွန်ကြူးပါက ဘေးကြံုတတ်သကဲ့သို့ပင် ကိုယ်ဝန်လွယ်ထားရစဉ်တွင် ဗီတာမင်အေကို ပုံမှန်ပမာဏထက် (၄) ဆပို၍ စားသုံးမိပါက ရင်သွေးငယ်အား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။

၁၄။ ဓာတ်မှန်ရိုက်ခြင်းကို တတ်အားသရွေ့ ရှောင်ရန်

အများသိထားသကဲ့သို့ပင် ဓာတ်မှန်ရိုက်ခြင်း နည်းပညာသည် ဆေးလောကအတွက် အကျိုးရှိသည့် အံ့မခန်း နည်းပညာဖြစ်သလိုပင် ဓာတ်ရောင်ခြည်၏ ဘေးထွက်ဆိုးကျိုး ကြီးမားလှသည်။ မဖြစ်မနေရိုက်ရန် လိုအပ်ပါကလည်း ၀မ်းဗိုက်ကို အကာအကွယ် ဖုံးအုပ်၍ အမြန်ဆုံး ရိုက်ပေးမည်ဖြစ်သည်။

၁၅။ မီးဖိုချောင်ဝင်ပါက မိုက်ခရိုဝေ့ဖြင့် မချက်ရန်

အချို့လေ့လာ ဆန်းစစ်ချက်များအရမူ မိခင်လောင်းဘဝတွင် မိုက်ခရိုဝေ့မီးဖို သုံးစွဲမှုများပြားခြင်းသည် ရင်သွေးငယ်လေး၏ ကြီးပြင်းမှုကို ထိခိုက်စေသည်ဟု ထောက်ပြထားသည်။

၁၆။ ပိုးသတ်ဆေး အမျိုးစုံကို ရှောင်ကြဉ်ရန်

ထိုပိုးသတ်ဆေးများတွင် ပါ၀င်သည့် ဓာတုဗေဒပစ္စည်းအမျိုး အစား၊ ထိတွေ့ချိန်၊ ပါ၀င်သည့် ပြင်းအားနှင့် ရင်သွေးငယ်လေး၏ သက်တမ်းအနုအရင့်ပေါ်မူတည်၍ မတူညီသောဆိုးကျိုးအမျိုးမျိုးကို ပေးနိုင်သည်။

၁၇။ မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန်မတက်အောင် သတိထားရန်

မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန် ၁၀၂ဒီဂရီ ဖာရင်ဟိုက်ထက် တက်လာပါက တဖြည်းဖြည်း ကြီးထွားနေသော ရင်သွေးငယ်လေးကို ထိခိုက်စေနိုင်သည်။ ဖျားနာခြင်း တစ်မျိုးတည်းကြောင့်သာ ခန္ဓာကိုယ်အပူချိန် တက်နိုင်သည် မဟုတ်ဘဲ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်း၊ နေကြဲကြဲတောက် ပူနေချိန်တွင် အဆောင်းအကာမပါဘဲ အပြင်ထွက်ခြင်း၊ ရေနွေးစိမ်၍ ရေချိုးခြင်းတို့သည်လည်း ခန္ဓာကိုယ်အပူချိန်ကို တက်စေနိုင်သည့်အတွက် ရှောင်ကြဉ် ရပေမည်။

၁၈။ ကြောင်အညစ်အကြေးများ မကိုင်တွယ်ရန်၊ သေချာမကျက်သော အသားများအား ရှောင်ရန်

အဘယ့်ကြောင့်ဆိုသော် ကြောင်အညစ်အကြေးများနှင့် မကျက်သော အသားများတွင် toxoplasma ဟုခေါ်သော ရောဂါပိုးတစ်မျိုး ရှိနိုင်သောကြောင့်ဖြစ်သည်။ ထိုပိုးကြောင့် ရင်သွေးငယ်များတွင် toxoplasmosis ဟုခေါ်သော မွေးရာပါရောဂါဆိုးကို ခံစားရစေသည်။ ထိုရောဂါဆိုးကြောင့် ရင်သွေးငယ်လေး၏ ဦးနှောက်၊ မျက်နှာနှင့် အာရုံကြောများကို ထိခိုက်စေသည်။

ကျန်းမာသန်စွမ်းသော သားသမီးလေးများ ရရှိနိုင်စေရန်နှင့် မိခင်လောင်းများပါ အန္တရာယ်ကင်းစေရန် ဤဆောင်းပါးလေးက အထောက်အကူပြုနိုင်စေရန် မျှော်လင့်ပါသည်။

Credit : Yangon Health Guide

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...