Thursday, February 25, 2016

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၂)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

(1) Adverbs of Manner (နည်းဟန်ပြ ကြိယာဝိသေသနများ)
Slowly, carefully, gently, awfully, .. စသည်ဖြင့် ဘယ်လိုဘယ်ပုံ နည်းဟန်တွေကို ပြတဲ့ adv တွေ ဖြစ်ပါတယ် ၊ အများအားဖြင့် Adj ကို ly ပေါင်းထားတဲ့ Adv တွေကို တွေ့ရတာများပါတယ် ၊ ၀ါကျထဲမှာ Verb ကိုအထူးပြုပါတယ် (-ly ပေါင်းထားပေမယ့်လည်း Adj တွေဖြစ်နေတဲ့ lovely, friendly တို့လို စကားလုံးတွေလည်း ရှိတဲ့အတွက် ly ပေါင်းတာကိုပဲ ပုံသေမှတ်လို့တော့ မရပါဘူး)

ဝါကျထဲမှာသုံးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင်
…………………………
(1.1) Object ရဲ့ နောက်မှာထားပါတယ်
He drove the car CAREFULLY. သူက ကားကို သတိကြီးစွာဖြင့် မောင်းခဲ့တယ်
(~~ သတိထားးရမှာက verb နဲ့ object ကြားမှာ ထားလို့မရပါဘူး ၊
ဥပမာ ..He drove CAREFULLY the car. လို့မရေးရပါဘူး ။)
......................
(1.2) Object မပါတဲ့ အခါမှာတော့ Main Verb ရဲ့ နောက်မှာ ထားနိုင်ပါတယ်
He swims WELL. သူကောင်းစွာ ရေကူးတယ်
ဒီနှစ်ခုကို ပေါင်းပြီး မှတ်သားမယ်ဆိုရင် ၀ါကျနောက်ဆုံးမှာ ထားတယ်လို့ မှတ်လို့ရပါတယ် ။
…………………………..
(1.3) နည်းဟန်ကို အလေးပေးဖေါ်ပြချင်တဲ့အခါ verb + object ရဲ့ရှေ့မှာ ထားတတ်ပါတယ် ၊ ly ပေါင်းထားတဲ့ adv များကိုသာ ထားလေ့ရှိပါတယ် ။
He GENTLY kissed the sleeping girl.
သူက အိပ်နေတဲ့ မိန်းကလေးကို ညင်သာစွာ နမ်းခဲ့တယ် ။
(** Object ပါမှ ဒီပုံစံကိုသုံးလေ့ရှိတယ်ဆိုတာကို သိလိုက်ပါ..
ဥပမာ .. ဒီလိုရေးလို့မရပါဘူး He QUICKLY swims.)
…………………………
(1.4) ၀ါကျအလယ် verb ရဲ့ရှေ့မှာထားတဲ့ပုံစံကို passive voice sentence တွေမှာ ပိုပြီးရေးလေ့ရှိပါတယ်
Mid-position (after all auxiliary verbs) is especially common with passive verbs.
နမူနာအားဖြင့်
The driver has been SERIOUSLY injured.
ကားမောင်းတဲ့သူဟာ စိုးရိမ်ဖွယ်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါပြီ
…………………………..
(1.5) ၀ါကျရဲ့ရှေ့ဆုံးမှာထားပြီး ၀ါကျကို စိတ်ဝင်စားစေဖို့ အတွက်ဖြစ်စေ ၊ ရှေ့ဝါကျနဲ့ ချိတ်ဆက်ပေးဖို့ ဖြစ်စေ သုံးလေ့ရှိပါတယ် ။
ဥပမာ.. ကျနော်က Amazingly, ( အံ့သြစရာပဲ) လို့ဝါကျကို စလိုက်မယ်ဆိုပါစို့ ၊ စာဖတ်သူက ဘာများအံ့သြစရာပါလိမ့်ဆိုတဲ့ သိချင်စိတ်က ပေါ်လာပြီး နောက်ဆက်ရေးမယ့် အကြောင်းအရာကို စိတ်ဝင်စားသွားပြီလို့ ဆိုနိုင်ပါတယ်..
(a) AMAZINGLY, Ko Win Naing Oo won the lotto without trying his luck.
အံ့သြဖွယ်ရာပါပဲ ကိုဝင်းနိုင်ဦးဟာ ကံမစမ်းပါပဲနဲ့ (ထီမထိုးပဲနဲ့) နိုင်ငံခြားထီ ပေါက်ခဲ့ပါတယ်
(မယုံကြည်နိုင်လောက်အောင် ထူးထူးဆန်းဆန်း ဖြစ်တာကို ဦးစားပေးပြီး ပြောချင်တာဖြစ်တဲ့အတွက် amazingly ကို ရှေ့ဆုံးမှာ ထားလိုက်တာပါ ၊ ထီပေါက်တာကို အဓိက ပြောချင်တာ မဟုတ်ပါဘူး)
(b) ရှေ့ဝါကျနဲ့ ချိတ်ဆက်ပေးတဲ့ ပုံစံနမူနာက..
We have different backgrounds. ACCORDINGLY we will have different futures.
ကျနော်တို့မှာ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ ရှိကြပါတယ် ၊ အဲဒီအတွက်ကြောင့် ကွဲပြားတဲ့ အနာဂတ်တွေလည်း ရှိလာပါလိမ့်မယ် ။
……………………..
(1.6) အရည်အသွေး (သို့) ထူးခြားတဲ့စရိုက် သဘာဝကို ဖေါ်ပြဖို့အတွက် Adj တစ်ခုရဲ့ ရှေ့မှာလည်း ထားပြီး သုံးတတ်ပါတယ် (An adverb for manner is placed before an adjective. It modifies the quality or character of the adjective.)
He was INTENTIONALLY silent.
သူက တမင်တကာပဲ တိတ်ဆိတ်ငြိမ်သက် နေခဲ့တယ်
He is EXTRAORDINARILY good.
သူက သာမန်ထက် ထူးကဲစွာ ကောင်းမွန်တယ် .. စသည်ဖြင့် သုံးနိုင်ပါတယ်..
……………………………...
(1.7) Like နဲ့တွဲပြီး Adverbial phrase ( ကြိယာဝိသေသနကဲ့သို့သော စကားစု ) အဖြစ်နဲ့လည်း သုံးတာကို တွေ့နိုင်ပါတယ်..
He ran LIKE A RABBIT.
သူက ယုန်တစ်ကောင်လို ပြေးခဲ့တယ်
………………………….
(1.8) အထက်မှာ ပြောခဲ့သလိုပဲ ly နဲ့ဆုံးပြီး adj ဖြစ်နေတဲ့ စာလုံးတွေကို Manner adverbs ပုံစံနဲ့ရေးချင်တဲ့အခါ ဘယ်လိုလုပ်မလဲ သိချင်ကြပါလိမ့်မယ် ၊ ly က ပေါင်းထားပြီးသားဆိုတော့ ထပ်ပေါင်းဖို့လည်း မကောင်းတော့ဘူးလေ ၊ အဲဒါမျိုးကျတော့
In a ( adj ending with –ly) way ဆိုတဲ့ စကားစု phrase လေးကို နောက်ဆုံးမှာဖြည့်ပေးလိုက်ပါ ၊ ဒါပါပဲ ။ If an adjective ends in –ly we use the phrase in a …. way to express manner:
နမူနာ ရေးကြည့်ပါမယ်
(a) The beautiful girl talked to me IN A LOVELY WAY.
လှပတဲ့ကောင်မလေးက ကျနော့်ကို ချစ်စရာ ဟန်ပန်လေးနဲ့ စကားပြောခဲ့ပါတယ်
(b) He smiled at me in a friendly way.
သူက ကျနော့်ကို ရင်းနှီးတဲ့ပုံစံနဲ့ ပြုံးပြခဲ့ပါတယ်
…………………….
(1.9) Adv of Manner ဟုတ်မဟုတ် သိဖို့ရာကတော့ how ဆိုတဲ့မေးခွန်းလေးနဲ့ မေးကြည့်ရမှာဖြစ်ပြီး ၊ မေးခွန်းလေးရဲ့ အဖြေ ကိုက်ညီနေရင် Manner adv လို့ သတ်မှတ်နိုင်ပါတယ် .. အထက်က adv တွေကို အဖြေကိုက်မကိုက် စစ်ဆေးကြည့်လိုက်ပါလား
………………………………..
ကဲ စည်းမျဉ်းတွေက တော်တော်များသွားခဲ့ပြီ ၊ ကျနော်ကြိုးစားစုဆောင်းထားခဲ့တာပါ ၊ သေချာအောင်လည်း တိုက်ဆိုင်စစ်ဆေးပါတယ် ၊ ဒါတောင်မှ ယေဘူယျတွေပဲ ရှိပါသေးတယ် ၊ တချို့ adv တွေက သီးခြားသုံးစွဲပုံတွေရှိကြပါတယ် ၊ ပြီးတော့ English နဲ့ American နေရာထားပုံချင်း မတူတာတွေလည်း ရှိပါသေးတယ် ၊ အားလုံးကိုတော့ ကျနော်တို့ သိဖို့မလွယ်ပါဘူး ၊ သို့သော်လည်း အခုလောက်သိလျှင်ကိုပဲ ကျနော်တို့ အဆင်ပြေအောင် သုံးလို့ရနိုင်ပါလိမ့်မယ်..
အနည်းငယ်လိုအပ်တာလေးတွေရှိလျင် ပြောထားခဲ့ကြပါခင်ဗျာ ကျနော်ပြန်ပြင်ပါ့မယ်..
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...