Sunday, February 28, 2016

“ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်”


ဇမ္ဗူဒီပါ လင်္ကျာတောင်ကျွန်း နိမိတ်ထွန်းသတဲ့။ ကိုယ်တို့တတွေ နားနဲ့မဆန့်အောင် ကြားနေရတဲ့ သီချင်းသံစဉ်များဟာ အပြင်မှာ တကယ်ဖြစ်ဖြစ်လာတာ မနည်းတော့ဘူး။ အခုလည်းပဲ ကွက်တိဒက်ထိကို မှန်လို့။ ဟိုသီချင်းလေ ဟိုသီချင်း။ “အာရှမှာ မြန်မာကသာ အနိုင်ယူ ဗိုလ်စွဲရမည်။” ဆိုတဲ့သီချင်း။ အကော်ဒီယံကြီးရေးသွားတာလား ပူပူနွေးနွေး အလင်္ကာကျော်စွာကြီး ရေးတာလားတောင် မမှတ်မိပါဘူး။ ရေးတဲ့သူ အနားရှိရင်ဖြင့် လက်ဖဝါးလေးထောင်ပြီး “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး။” တောင် လုပ်ချင်တယ် တကယ်။ အမေရေ။ သားတို့တတွေ ဗိုလ်စွဲပြန်ပေါ့။ အာရှမှာ ဒုတိယ၊ အရှေ့တောင်အာရှမှာ ပထမ လိုက်တယ်လေ။ ဘယ်နေရာမှာလဲဆိုတော့ အဆင်းရဲဆုံးနေရာမှာ။ ဘင်္ဂလားဒေ့ရှ်တောင် ကိုယ့်ထက်ချမ်းသာတယ်။ ဘင်္ဂလီတွေ ကိုယ့်ဆီခိုးခိုးဝင်တာ ဟိုမှာ ငတ်ပြတ်နေလို့မှတ်သလား။ သိမ်းမလို့ဟဲ့ သိမ်းမလို့။ ဟိုဘက်က တရုတ်တွေ လုပ်ချင်တိုင်းလုပ်နေနိုင်တာ အားကျလို့ သူတို့လည်း ရသ၍ အချောင်ဝင်နှိုက်တာ။ တကယ်တော့ ကိုယ့်ထက်ချမ်းသာတယ်။
အမလေး မူးလိုက်တာ။ သည်အကောင့်စာတွေဖတ်ရတာ ဘီဘီစီ ဗီအိုအေ နားထောင်ရသလိုပဲ။

ပွဲကြီးပွဲကောင်း။ ။

 
မဆလခေတ်မှာခိုးဝှက်ထားတာခဲ့ကြတာကို
နဝတ၊နအဖလက်ထက်မှာ
မဖော်ထုတ်နိုင်ခဲ့ဘူး။
ပြီးခဲ့တဲ့(၅)နှစ်သက်တမ်းဦးဖိုးချမ်းဒီမိုကရေစီခေတ်မှာလည်း
မဖော်ထုတ်နိုင်ခဲ့ဘူး။
ဘယ်ဖော်နိုင်ပါ့မတုန်း၊
သူခိုးတွေဝါစဉ်အတိုင်းနှစ်ပေါင်းငါးဆယ်ကျော် ကြီးစိုးခဲ့သကိုး။

အဖေ့မေတ္တာ

အဖေ့မေတ္တာ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး။

Posted by Lwin Pyin on Wednesday, February 3, 2016

English Speaking Basics (58)


အကြောင်းအရာ တစ်ခုခုကို ပြောကြတဲ့အခါ သေသေချာချာ တိတိကျကျ အပိုင်ပုံဖမ်းပြီး ပြောတာမျိုး မဟုတ်ပဲနဲ့ .. ကျနော်တို့ သိသ၍ ၊ သိသလောက် ကတော့ ဒီလိုပါ..လို့ စကားအခံနဲ့ ပြောလိုတဲ့အခါ ဒီပုံစံလေးကို သုံးနိုင်ပါတယ်
As far as…= သလောက်တော့
ပုံစံ >> As far as + Sub + Verb

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၂)

သစ်ထူးလွင်


Saturday, February 27, 2016

သဇင်


သဇင့်ကိုလွမ်းတယ်။ တကယ်တော့ သဇင်နဲ့ကျွန်မတွဲခဲ့ကြတာ တနှစ်ကျော်ကျော်လောက်ပါပဲ..ဒါပေမယ့် ဘာအပေါ်ယံမှ မရှိပဲ ပြောမနာဆိုမနာနဲ့ချစ်လို့ရတဲ့ ရှားပါးသူငယ်ချင်းတယောက်ဖြစ်ခဲ့တယ်။ သဇင်က ရေနံချောင်းသူ၊ဘီအီးဘွဲ့ရထားပြီး ရန်ကုန်မှာ အလုပ်လုပ်ဖို့အဆောင်လာနေတာ။သူ့အဆောင်က ရန်ကုန်တက္ကသိုလ်ဝင်းထဲက အဆောင်တခုပဲ။သစ်ပင်တွေအများကြီးနဲ့ ခြံဝန်းကျယ်ကြီးထဲက နံရံထူထူနဲ့နှစ်ထပ်တိုက်ပေါ့။အောက်ထပ်မှာ ညဘက်ဆိုခြေသံကြားရတတ်တယ်လို့ သဇင်က ပြောပြတတ်တယ်။

သရုပ်ဆောင်

Tin Nyunt

ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်အတွက် အင်တာဗျူး လာဖြေကြတယ်။ လူငယ်သုံးယောက်ကို အတူတကွထိုင်ခိုင်း ထားပြီး အင်တာဗျူးတာပါ။ မိန်းကလေးကနှစ်ယောက်၊ ယောက်ျားလေးကတစ်ယောက်။
ပထမမိန်းကလေးကို အင်တာဗျူး စစ်မေးတဲ့သူက

“ကဲ … ကလေးမ မင်းအကြောင်းပြော” လို့ စမေးပါတယ်။ ပထမဆုံးက လေးမလေးက
“ကျွန်မ MBA နဲ့ ဘွဲ့ရပြီးပြီ။ ကျောင်းမှာတုန်းက အမှတ်တွေ အများကြီး၊ အဆင့်ကောင်းကောင်းနဲ့ အောင်ခဲ့ တယ်။ စီးပွားရေးဆိုင်ရာ အခြားလက်မှတ် နှစ်ခုလည်းရှိတယ်။ အချိန်ပိုင်း အလုပ်တွေ လိုက်လုပ်ရာမှာလည်း အလုပ်ရှင်တွေရဲ့ ထောက်ခံချက်ကောင်းကောင်းတွေရခဲ့တယ်။ ပါမောက္ခကြီး … ကိုယ်တိုင်က ကျွန်မကို ချီးကျူးထားတဲ့စာလည်းပါတယ်။ ပူးတွဲတင်ထားပါတယ်”
“တော်ပါပြီ ကလေးမ … နောက်တစ်ယောက်”

ကောက်ရိုးတစ်မျှင်

…………………………………
စပါးမျိုးစေ့က
မိုးရွာအချ
ခဏနဲ့ပျိုးပင်ဖြစ်
နေရာသစ်မှာရွှေ့ပြောင်းစိုက်
သီးနှံနဲ့ငိုက်
ကောက်စိုက်သူဘဝင်ပြုံးလို့
တစ်ကွင်းလုံး……
ရွှေဝါရောင် ဖုံး ။

~•❈❀ღ✿မွန်းအောင်✿ღ❀❈•~

Music Crazy Te Te Tar Tar

၁၉၈၀ ခုနှစ် နှောင်းပိုင်း ကာလရဲ့ မြန်မာပြည် ဂီတလောကမှာ ဂီတကြယ်ပွင့်တချို့ ပေါ်ထွက်လို့ လာခဲ့လေရဲ့။ အဲဒီလို ပေါ်ထွက်လာခဲ့တဲ့ ဂီတကြယ်ပွင့်တွေထဲမှာ တဦးအပါအဝင် ဖြစ်တဲ့သူကတော့ ၈၈ အရေးတော်ပုံ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ အတူ လူသိများခဲ့တဲ့ တေးရေး၊ တေးဆို ကိုမွန်းအောင်ပဲ ဖြစ်ပါတယ်။ သူ့ (ကိုမွန်းအောင်) ကို ဘာ့ကြောင့် ဂီတ ကြယ်ပွင့်တပွင့်လို့ သတ်မှတ်ခဲ့ကြသလဲ။ ကိုမွန်းအောင်ဟာ စတီရီယိုခေတ်ဦးနဲ့ ခေတ်လယ်ကြားကာလမှာ ပေါ်ထွက်လာခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး ကွဲပြားတဲ့ Vocal Color နဲ့ ရိုးရှင်း လှပတဲ့ သီချင်းပုံစံတွေကို ဖန်တီးသီဆိုခဲ့သူ တဦး ဖြစ်ပါတယ်။

English Speaking Basics (57)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

အကြောင်းအရာတစ်ခုခုကို သေချာရဲ့လားလို့ မေးချင်တဲ့အခါ ဒီလိုလေးမေးလိုက်ပါ ၊ ၀ါကျကို လိုချင်တဲ့ အကြောင်းအရာရောက်အောင် ချိတ်ဆက်ပုံဖေါ်သွားတဲ့ ချိတ်ကလေးတွေကို သေချာမှတ်ပါ ၊ ၀ါကျတွေပွားယူပါ ။ တစ်ခါဖတ်တိုင်း ကြိုက်တဲ့ ၀ါကျလေးတွေထဲကနေ တစ်ကြောင်းနှစ်ကြောင်း လောက်ပဲ ဖြစ်ဖြစ် အပိုင်ရသွားအောင် လုပ်ပါ ။
....................
Are you sure...?

Friday, February 26, 2016

"ဥပဒေနှင့် အညီ"

Thanlay Ko

တရားရုံးတစ်ခုမှာ
တရားသူကြီးက အမှုကို မစစ်ဆေးခင် ပြောသတဲ့... ...
'ကျုပ်ကို တရားလိုက ဒေါ်လာ ၁၀၀၀၀ ပေးတယ်၊
တရားခံကလည်း ဒေါ်လာ ၁၂၀၀၀ ပေးတယ်၊
အဓိကကတော့ သူတို့ကို ဘက်လိုက်ပြီး အနိုင်ပေးအောင်လို့တဲ့၊

“တခါက မြန်မာ့အသံ”


မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားက အနှစ် (၇၀) ပြည့် အထိမ်းအမှတ် အငြိမ့်ခန်းလာနေတဲ့အခါ အားကြိုးမာန်တက် ကပြဖျော်ဖြေနေတဲ့ မြန်မာ့အသံဝန်ထမ်းတွေကို နှစ်ခြိုက်သဘောကျ အားပေးနေလျက်ကပဲ စိတ်ထဲမှာ ဝမ်းပန်းတနည်း ဆွေးဆွေးမြေ့မြေ့ ခံစားလာမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ ပြောရမလားမသိဘူး။ နေ့လည်က နိုဗိုတယ်ဟော်တယ်က အပြန် အသစ်အသစ် ဖြစ်တည်လာတဲ့ ထည်ထည်ခန့်ခန့် အဆောက်အဦကြီးများရဲ့ အကြားမှာ မနည်းမြင်အောင် ကြည့်ယူရတဲ့ မြန်မာ့အသံပေါ်တီကိုကြီးကို လိုက်ရှာရင်း ငယ်ငယ်တုန်းကဆိုရင်တော့ အဲသည်အဆောက်အဦကြီးဟာ ပြည်လမ်းပေါ်က ဖြတ်သွားတိုင်း လည်ပြန်ငေးလို့ ကြည့်ယူရတဲ့ ပိသုကာလက်ရာတစ်ခု လို့ ပြန်ပြောင်း သတိရမိပါတယ်။ ရွှေတိဂုံဘုရားကြီးရှေ့က ဖြတ်သွားတိုင်း လက်အုပ်ကလေးချီမိသလိုပဲ မြန်မာ့အသံရှေ့က ဖြတ်သွာားတိုင်းလည်း အဲသည်ရေဒီယိုတစ်လုံးနဲ့ ခပ်ဆင်ဆင် အသံလွှင့်အဆောက်အဦကြီးကို ကြည့်ဖြစ်အောင် လှည့်ကြည့်ခဲ့တာပါပဲ။ နေ့တိုင်း အိမ်မှာနားထောင်နေရတဲ့ ရေဒီယိုအစီအစဉ်တွေဟာ အဲ့ဒါကြီး အထဲကလာတာမို့ ကိုယ်ကြားနေကျ အသံနဲ့လူတွေဟာ အဲ့ဒီအထဲမှာ နေကြလေတယ်ဆိုတဲ့ အသိနဲ့ သံယောဇဉ်တွယ်နေတာများ ဖြစ်မလားပဲ။

အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ

နည်းစနစ်ကျကျအတွေးအခေါ်

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ
အိအိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း

အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။

ငါ့ဘာသာ ငါမှားတာ ဘာဖြစ်လဲ … ဘာဖြစ်လဲ …

Tin Nyunt


ပညာရေးဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန်ဆိုသူ ဒေါက်တာ စိုးဝင်းရဲ့ စကားလေးကို ဖောက်သည် ချခွင့်ပြုပါဗျာ။ ဒေါက်တာဘွဲ့ရထားသူရဲ့ အလွန်မှတ်သားစရာကောင်းသော အဆင့်အတန်းရှိလှတဲ့စကားပါ။
“တစ်နိုင်ငံလုံးမှာ ဘယ်ဝန်ထမ်းအများဆုံးလည်းလို့ကြည့်ရင် ပညာရေးဝန်ထမ်းက အများဆုံး မဟုတ်ဘူး လား။ အဲတော့ မင်း…ဝန်ထမ်း ငါးယောက်လောက်ရှိတဲ့ ဝန်ထမ်းက ဘာမှ မဖြစ်ဘဲနဲ့ ပညာရေး ဝန်ထမ်းမှ ဖြစ်နေတယ်။ ပညာရေးဝန်ထမ်းတွေပဲ ဖြစ်နေတယ်လို့ပြောရင် မင်းတို့ရှိတဲ့ လူအချိုးနဲ့ စားကြည့်လေ။ အယောက်ပေါင်းသိန်းချီပြီး ရှိတဲ့အထဲက တစ်ယောက်ဖြစ်တာသည် အပြစ်အကြီးကြီးလား။ အပြစ်ရှိရင် ရှိတဲ့ အတိုင်း ငါတို့ဘက်က အရေးယူတယ်လေ။ ဒါကြီးကို ပုံကြီးဘာလို့ ချဲ့နေကြတာတုန်း…”
ကဲ … ပညာရေးဌာနက ဒေါက်တာဆိုသူက ပညာရေးဝန်ထမ်းတွေဟာ အများဆုံးဖြစ်လို့ မှားတာ အပြစ်လား တဲ့။ ဝန်ထမ်းထဲမှာ ဦးရေအများဆုံးဖြစ်လို့ အချိုးနဲ့စားကြည့်ရင် ဒီအပြစ်ဆိုတာတွေက ဘာမှ မပြောပလောက် ဘူးတဲ့ဗျာ။ မှတ်သားလောက်ပါပေတယ်။ တကယ့်ကို ပညာရှိဒေါက်တာ အတွင်းဝန်တစ်ယောက် ပါးစပ်က ထုတ်ဖော်မြွက်ကြားတဲ့ စကားပါခင်ဗျာ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၂)

သစ်ထူးလွင်


Thursday, February 25, 2016

“ အဖေ့အိမ် ” ဦးဘုန်း၊ ဓာတု၊ မန္တလေး


“အမေ့အိမ်” ဟုခေါ်သောကျွန်တော်တို့ နေသည့် အိမ်ကိုအဖေ၏ချွေးဖြင့်ဆောက်ထားခြင်းဖြစ်ပါသည်။ အဖေ၏ အသက်ဖြင့်ရင်း၍ဆောက်ထားသောအိမ်လည်းဖြစ်ပါသည်။ သို့သော် သားသမီး တိုင်းက “အမေ့အိမ်” ဟုခေါ်လေ့ရှိကြသည်။ “အဖေ့အိမ်” ဟုကျွန်တော် တို့မခေါ်ကြပါ။ “အမေ့အိမ်”ဟုသာကျွန်တော်တို့ခံစားကြပါသည် ။
အဖေသည်အိမ်ထောင်ဦးစီးဖြစ်သည်။ သို့သော် အဖေသည်တစ်အိမ်လုံး၏ ဒုက္ခနှင့် အပူသောက ဟူသမျှကိုပါးစပ်ထဲမှာ မြိုချုပြီးအပြူံးမပျက်သည့် အလုပ်သမားကြီးတစ်ယောက်နဲ့တူပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာဆက်ဆံရေး


သတင်းမီဒီယာသမားသည် ကြားနေရမည်၊ ဘက်မလိုက်ရ၊ မျှတရမည်၊ တစ်ဖက်သတ်သတင်း မဟုတ်ရ ဆိုသည်မှာ သတင်းမီဒီယာသမားကောင်းတစ်ယောက်၏ ကျင့်ဝတ်ထဲတွင် ပါရှိပြီးဖြစ်သည်။ သို့သော် ကျင့်ဝတ်သည် ဥပဒေမဟုတ်၊ အငြင်းပွားဖွယ်ရာများနှင့် ပြည့်နှက်နေသည်။ ဥပဒေသည်ပင်လျှင် စစ်အစိုးရအဆက်ဆက်လက်ထက် ပြဋ္ဌာန်းထားသည်များသည် ဥပဒေဖျစ်ဖျစ်မည် မဟုတ်ဘဲ စစ်အစိုးရအကျိုးငှာ ပြဋ္ဌာန်းထားချက်များဖြစ်သည်။ ဥပဒေအရဆိုပြီး မှန်ကန်သူများ ခံစားလိုက်ရသည်များ ဒုနှင့်ဒေးရှိသည်။ ဥပဒေကိုယ်၌က အများပြည်သူအကျိုးအတွက် မဟုတ်ဘဲ လူတစ်စုအကျိုးစီးပွား (၀ါ) စစ်အာဏာရှင် အကျိုးစီးပွားအတွက် ပြဋ္ဌာန်းထားခဲ့သည်များ မြန်မာတွင် အသင်္ချေအနန္တရှိနေသည်ကို တစ်ချက်လှည့် လေ့လာလိုက်ရုံနှင့် အလွယ်တကူ တွေ့မြင်နိုင်မည်ဖြစ်သည်။ ဥပဒေကိုယ်၌က ထိုမျှဆိုးရွား စုတ်ပဲ့နေသည်ဆိုလျှင် ကျင့်ဝတ်ကိစ္စသည် သေးမွှားသော အရေးအရာဖြစ်သည်။ သို့တိုင် ကျင့်ဝတ်သည် ပယ်အပ်သည့်အရာမျိုးကား မဟုတ်ပြန်ချေ။ ဆရာဝန်တွင် ဆရာဝန်ကျင့်ဝတ်ရှိသကဲ့သို့  ရှေ့နေ တွင် ရှေ့နေကျင့်ဝတ်ရှိသည်၊

“ မြောင်းထဲ နှင့် စင်မြင့် ၊ နေရာ နှင့် ကျင့်စဉ် ”


ခုရက်ပိုင်း ဟောပြောပွဲခရီးစဉ်တွေမှာ အဓိက
အကြောင်းအရာကတော့ လူငယ်ထုအရေး ပါပဲ။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မှ ကရင်ပြည်နယ်
မြ၀တီမြို့။ ထိုမှသည် ဧရာဝတီရဲ့ ပုသိမ်၊ ငသိုင်း
ချောင်း၊ အသုတ် စသဖြင့် ဟောပြောပွဲတိုင်းမှာ
လူငယ်တွေရဲ့ကဏ္ဍကို သတိထားမိပါတယ်။

သူတို့ပညာရေး ဘယ်လိုပြင်ဆင်ပေးသလဲ

Tin Nyunt

ဂျပန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုစတဲ့ နိုင်ငံတွေမှာ ကျောင်းသားတွေဟာ အချိန်ပိုင်း အလုပ်လေး တွေ လုပ်ကိုင်ခွင့်ရကြတယ်။ ကိုယ့်ပြဿနာကိုယ်တာဝန်ယူ တတ်အောင် လေ့ကျင့်ပေးနိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်းလို့ ယူဆပါတယ်။
တစ်လောက မိတ်ဆွေတစ်ယောက်နဲ့ တွေ့တယ်။ သူ့သမီးတွေက အမေရိကန် ပြည်ထောင်စုမှာ ကျောင်းတက် နေကြတာ။ သူက သမီးတွေဆီကို လွမ်းလို့ တစ်ခါတစ်လေသွားရင် မြန်မာနိုင်ငံမှာလို သမီးတွေကို အလို လိုက်ပြီး တစ်ခုခု ဝယ်ပေးမယ်လို့ လုပ်တာကို သမီးတွေက အပြစ်တင်တယ်။ ပါပါ .. ဒါ … မြန်မာပြည် မဟုတ် ဘူး။ ပေါပေါရ ပေါပေါ မသုံးပါနဲ့။ ပစ္စည်းတွေလည်း မလိုဘဲ လျှောက်မဝယ်နဲ့။ ပိုက်ဆံကို ဘဏ်ထဲပဲ ထည့်ပေးခဲ့။ သမီးတို့လည်း လိုမှဝယ်မယ်လို့ ပြန်ပြောသတဲ့။

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

သိန်း မြင့်

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....
၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....
၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၂)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

(1) Adverbs of Manner (နည်းဟန်ပြ ကြိယာဝိသေသနများ)
Slowly, carefully, gently, awfully, .. စသည်ဖြင့် ဘယ်လိုဘယ်ပုံ နည်းဟန်တွေကို ပြတဲ့ adv တွေ ဖြစ်ပါတယ် ၊ အများအားဖြင့် Adj ကို ly ပေါင်းထားတဲ့ Adv တွေကို တွေ့ရတာများပါတယ် ၊ ၀ါကျထဲမှာ Verb ကိုအထူးပြုပါတယ် (-ly ပေါင်းထားပေမယ့်လည်း Adj တွေဖြစ်နေတဲ့ lovely, friendly တို့လို စကားလုံးတွေလည်း ရှိတဲ့အတွက် ly ပေါင်းတာကိုပဲ ပုံသေမှတ်လို့တော့ မရပါဘူး)

၎ မိနစ်ကျော်ကျော်ပဲ အချိန်ကြာပေမယ့် စကားတွေအများကြီးပြောပြလိုက်သလို ခံစားရတဲ့ ဗီဒီယို



ကြည့်ပြီး မျက်ရည်ကျတယ်ဗျာ။ ၄ မိနစ်ကျော်ကျော်ပဲ အချိန်ကြာပေမယ့် စကားတွေအများကြီးပြောပြလိုက်သလို ခံစားရတယ်။
Posted by Aung Kyaw on Tuesday, October 20, 2015

“သိပ်ပိုင်တဲ့မင်းပဲ”


နေကလေးအေးသွားတော့ ဆူးလေဘုရားဘေးက ဗန္ဓုလပန်းခြံထဲမှာ လူတွေထိုင်နေကြတာတွေ့လို့ သမီးက သူတို့ ဘာလုပ်နေကြတာလဲ လို့ မေးပါတယ်။ ပန်းခြံထဲဆိုတာ သည်လိုပဲ အများပြည်သူတွေ လာထိုင် အပန်းဖြေကြတာ သူမသိသေးလို့ထင်ပါတယ်။ အဲ့ဒါ ပန်းခြံလေ လို့ ပြောတော့ သူက သိပ်ပြီး မရေလည်သေးပါဘူး။ ဘာပန်းမှလည်း မရှိပဲနဲ့ ဘာဖြစ်လို့ ပန်းခြံခေါ်ပါလိမ့် လို့ ဆက်မေးနေတယ်။ ပန်းခြံဆိုတာ ပန်းတွေနဲ့ချည့်ပဲ ပြည့်နေရမယ်လို့ ဘယ်သူပြောတုန်း။ ပြင်ဦးလွင်သွားတုန်းက တွေ့ခဲ့တဲ့ ရုက္ခဗေဒဥယျာဉ်ဆိုတာ ပန်းပွဲတော် ရှိလို့ အဲသလို ပန်းတွေနဲ့ ဝေဝေဆာဆာ ပြင်ထားတာလေ။ အမှန်တော့ ကိုယ်တို့မြန်မာတွေ ဘာသာပြန်ရင်း အနက်တွေ ကွဲကွဲကုန်တာပါ။ ဗန္ဓုလပန်းခြံဟာ တကယ်တော့ Garden လို့ ခေါ်တဲ့ ပန်းခြံ မဟုတ်ဘူး။ သူတို့ အင်္ဂလိပ်တွေခေါ်တာ “Fytche Square” လို့ပဲခေါ်တာ။ နန်းတော်ရှေ့ဆရာတင် ရေးခဲ့တဲ့ “ဟိုပန်းခြံ အတွင်းဝတိန်ကြီးလိုကွယ် အင်္ဂလိပ် ဘင်သံတွေက လေချိုချို။ ကျုပ်တို့ဗေတိုးဘိုလောက်တော့ နားထဲမစွဲပေါင်ဗျို။” ဆိုတာ အဲဒီ ဇိုက်ခ်ျစကွဲယားပန်းခြံကို ပြောတာပါ။ ညနေခင်းမှာ ကပွဲသဘင်တွေ လုပ်လေ့ရှိသတဲ့။

နောက်ဆုံးထွက်သက်တိုင် …

Tin Nyunt

ဝန်ကြီးဌာနအချို့က အစိုးရမလွှဲပြောင်းမီ နိုင်ငံပိုင်ပစ္စည်းတွေကို အလျင်စလို ခိုး (ဆောရီး စီမံခန့်ခွဲ) နေဆိုတဲ့ အဆိုကို မနေ့က ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်ခင်စန်းလှိုင် အဆိုတင်သွင်းပါ တယ်။
တိုက်တိုက်ဆိုင်ဆိုင် မနေ့က နေပြည်တော်ပြန် မိတ်ဆွေတစ်ယောက်က
“သိပ်ပြီး ဝမ်းနည်းစရာ ကောင်းတယ်ဗျာ။ ဝန်ကြီးဌာနတွေက ထွက်သွားရတော့ မယ်ဆိုတော့ ခန်းဆီး လိုက်ကာတွေကအစ ဘာမှ မကျန်အောင်ဖြုတ်ယူသွားကြတာ။ ပိုဆိုးတာက ကားတွေမှာ ပြင်ဆင်စရိတ်တွေ ပေးထားတာတွေကို အားလုံးထုတ်သုံး သွားကြတာပဲ။ ကားတွေကိုလည်း ပြင်တယ်သာဆိုတယ် အစုတ်အပြတ် တွေအတိုင်း ထားခဲ့ကြတာ။ စိတ်ဓာတ်တွေ အောက်တန်းကျလိုက်ကြတာဗျာ” လို့ရင်ဖွင့်ပါတယ်။
အစိုးရဟောင်းနဲ့ အစိုးရသစ် အလွှဲအပြောင်းမှာ တိကျတဲ့ ဥပဒေ ထုတ်ပြန်ထားတာ မရှိဘူးဆိုတာကို အခွင့် ကောင်းယူပြီး နောက်ဆုံး ထွက်ချိန်အထိ လိုက်ကာကအစ ခိုးတဲ့စိတ်ဓာတ်တွေကတော့ ဘယ်ကျောင်းဆင်း၊ ဘယ်ကျောင်းထွက်၊ ဘယ်ဥကပေါက်တာတွေလဲလို့ မေးရမလိုတောင် ဖြစ်နေပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၂)

သစ်ထူးလွင်


Wednesday, February 24, 2016

မိန်းမဆိုတဲ့အမျိုးဟာလေ

Angelin Bangster


မိန်းမဆိုတဲ့အမျိုးဟာလေ~~~😂
ချစ်သူနဲ့ရန်ဖြစ်ပြီဆို ဘယ်တော့မှ စ မခေါ်ဘူး~~
ပထမတစ်ရက်တော့ပစ်ထားလိုက်တယ် Black List လုပ် ဘာညာပေါ့~~😎😎
နောက်တစ်နေ့ Facebook မှာ လှတဲ့ပုံလေးတွေရွေးတင်တယ် Check-In တွေတင်တယ် သူနဲ့မခေါ်လည်း ပျော်နေတယ်ဆိုတာသိစေချင်တာလေ~~😌😌
သုံးရက်မြောက်နေ့ဆို သူ့ Wall ပေါ်သွားသွားကြည့်လာပြီ~~
ငါ့ Messenger များ ပျက်နေသလားဟဲ့ ဆိုပြီး Account နှစ်ကောင့်ဖွင့် ဟိုဖက် ဒီဖက် Message တွေ ခဏခဏ ပို့ကြည့်ရတာအမော~~😂😂

မုဒိမ်းကောင်ကို သေဒဏ်ပေးမလား

မြန်မာနိုင်ငံမှာ ကလေးသူငယ်မုဒိမ်းမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးများလာနေပါတယ်။ အသက်ငယ်လွန်းသူတွေကို ဆွေမျိုးအရင်းအခြာတွေက ကျူးလွန်မှုတွေကိုလည်း အံ့သြဖွယ် တွေ့ရပါတယ်။ နိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးမှုကလည်း အားနည်းတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို တရားသူကြီးတွေက ချမှတ်တဲ့ ထောင်ဒဏ်တွေဟာ နည်းလွန်းတဲ့အပြင် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ပြန်ပြန်ပါနေလေတော့ မုဒိမ်းကောင်တွေအတွက် အားသာချက်လို့ ဖြစ်နေပါတယ်။ ``ကလေးသူငယ်မုဒိမ်းမှုတွေကို ဘယ်လိုတားဆီးကာကွယ်မလဲ`` ဒီဘိတ်ကို ရန်ကုန်မှာ ဖေဖော်ဝါရီ ၂၀ က တင်ဆက်ခဲ့ပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေက ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ Peace & Justic Law Firm မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး၊ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ Colorful Girls မှ နန့်သဇင်မင်း၊ Save the Childern ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ် ဌာနမှူး ဒေါ်သန္တာကျော်တို့ ဖြစ်ပါတယ်။

မိန်းကလေးများ ဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့ရလား

အမျိုးသမီးနှင့်ကျန်းမာရေး
 
မိန်းကလေးတွေဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့ရလား၊ လက်ဖက်စားလို့ရလား ဆိုတာကို ကျနော့်ကိုခဏခဏမေးကြတယ်။
ဘာမှမဖြစ်ပါဘူး။ ဘာမှလည်းမဆိုင်ပါဘူး။ ဘယ်ဆေးစာအုပ်ထဲမှာမှလည်း မိန်းကလေးတွေ ဓမ္မတာလာနေချိန် ခေါင်းမလျှော်ရဘူးလို့မတားမြစ်ထားပါဘူး။ လက်ဖက်လည်းစားလို့ရသလို၊ ခေါင်းလည်းလျှော်နိုင်ပါတယ်။ သန့်သန့်ရှင်းရှင်းနေတာပိုတောင် ကောင်းပါသေးတယ်။ ခေါင်းလျှော်လိုက်လို့၊ လက်ဖက်စားလိုက်လို့ ဓမ္မတာထိန်သွားတယ်ဆိုတာ မပာုတ်ပါဘူး။

ဘာနဲ့တူတယ်ထင်လို့လဲ

ခင်ဇော် ဦး

အသစ်စက်စက် လက်ထပ်ပြီးစလင်မယားစုံတွဲတစ်တွဲ အိမ်အသစ်သို့ ပြောင်းရွှေ့
လာကြသည်။ အိမ်ပေါ်သို့ရောက်စမှာပင် မိန်မက ယောက်ျားကိုပြောသည်
“ဟန်နီ . . ရှင်သိလား။ အိမ်ပေါ်ထပ်က ရေချိုးခန်း က ပိုက်တွေ ပျက်နေတယ်။
ရှင် ပြင်ပေးနိုင်မလား”
ယောက်ျားက ပြန်ပြောသည်။
“ဘာလဲ . . . ငါ့ပုံက ပိုက်ပြင်သမားနဲ့တူနေလို့လား”

“ပဲကုန်သည်”


 
့ သမီးဓါတ်ပုံတွေ မြင်တဲ့အခါ ကိုယ်နဲ့ ငယ်ပေါင်း သူငယ်ချင်းများက သူ့အဖေနဲ့ ချွတ်စွပ်တူပါပေတယ် လို့ ပြောလေ့ရှိကြတယ်။ ကိုယ်ကိုယ်တိုင်လည်း ဆယ့်လေးငါးခြောက်နှစ်က ဓါတ်ပုံတွေ ပြန်ကြည့်မိရင် သမီးရုပ်နဲ့တော်တော်တူတာပဲ လို့ သတိထားမိပါရဲ့။ ခုချိန်မှာတော့ သမီးနဲ့ကိုယ်နဲ့က သားအဖလို့ မပြောပဲ သိသာရုံအပြင် မပိုပါဘူး။ အသက်အရွယ်ချင်းက တော်တော်ကွာတာကိုး။ ဒါပေမယ့်လည်း ကိုယ်တို့သားအဖနှစ်ယောက် ဓါတ်ပုံတွဲရိုက်ပြီဆို လူတွေပြောလေ့ရှိတဲ့ မှတ်ချက်ကတော့ “အဖေလုပ်တဲ့သူက ပိုပဲများတယ်” လို့ အပြောခံရတာပါပဲ။ ဒါက အခုမှ မဟုတ်ပါဘူး။ သမီးမူကြိုမှာကတည်းက အပြောခံရတာပါ။ ဂျေဒိုးနတ်ဆိုင်မှာ သူ့ကျောင်းက သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ကလေးမလေးက သမီးကို “နင့်အဖေက ပဲများတယ်တော့။” လို့ ပြောတော့ ကိုယ့်မှာ ပြုံးလို့သာနေရတယ်။ စိတ်ရှိလက်ရှိသာ ပြောရရင် “ဟုတ်တယ်။ ဟုတ်တယ်။ ကွကိုယ်လည်း သိပါတယ်။ သူများတွေလည်း ပြောတယ်လေ။” လို့ ပြန်ပြောမိမလား မသိပါဘူး။ မူကြိုကလေးကတောင် ပြောစရာဖြစ်နေပြီပေါ့လေ။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေပြန်တာမို့ ပဲပြုံးကလေးပြုံးပြီး ဆိတ်ဆိတ်နေ ဝန်ခံရတာပ။

ခုနေခါ

Min Ko Naing

ခုနေခါ
စက္ကူယူလာပေးရင်လည်း
လေယာဉ်ပျံ အရုပ်လေးပဲ ချိုးပေးနိုင်မယ်
ငါ့ဆီက
ကဗျာမရနိုင်

အနှုလက်နဲ့ ရွှေခွက်ကိုနှိုက်နေတဲ့ ဦးဘုန်း(ဓာတု) မန္တလေးရဲ့ အတွေးမှား အရေးမှား စွယ်တော်စာစုများ (မောင်သွေးချွန်)

Aye Thandarsoe

'အမျိုးသားရေးသမိုင်းခေတ်ရေစီးကြောင်းထဲမှာ ရေပလုံစီကလေးတွေထပွက်သံကိုလည်း အခါ အားလျော်စွာ ကြားခဲ့ရတယ်။ “ဦးဘုန်း(ဓာတု)မန္တလေး” ဆိုတာလည်း ခေတ်ရေစီးထဲက ရေပလုံစီ ကလေးတစ်ခုမျှသာပါပဲ။ ခေတ်ရေစီးသံထဲမှာ ရေပလုံစီလေးတွေထပွက်သံကိုလည်း တစ်ခါတစ်ရံကြား ခဲ့ရတယ်။ ဦးဘုန်း(ဓာတု)ရဲ့ “ပန်းသေနတ်” စာအုပ်မိတ်ဆက်ပွဲတုန်းက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားစတဲ့ မင်းတရားကြီး တွေအကြောင်း သမိုင်းဘာသာရပ်မှ မသင်ပေးဖို့ (ဝါ) ဖြုတ် ပစ်ဖို့ ရွှေဉာဏ်တော်စူးရောက်စွာနဲ့ ကယောင်ကတန်း တောင်မှန်းမြောက်မှန်းမသိ ပြောဖူးခဲ့တယ်။

#‎ကလေးကို_မရိုက်ပါနှင့်‬ ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Kyaw Thu Ya to စွယ်စုံကျမ်း

လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်ပါသည်။ မကွေးဆေးရုံကြီးတွင် ညတာဝန်ကျသော အလုပ်သင်ဆရာဝန်လေးများ နံနက်ပိုင်းတွင် ကျွန်တော့်ဆီ ညတာဝန်ကျအစီရင်ခံစာ လာတင်ကြသည်။ ဖျား၍ ဆေးရုံတက်ရသော ကလေးတစ်ယောက် က ယခင်က ကျောရိုးကို ဓာတ်မှန်ရိုက်ထားဖူး တာ တွေ့ရသည်။ ဘာဖြစ်ခဲ့လို့လဲလို့ မေး၍ သူတို့ဆီက အဖြေရတော့ ပါးစပ်အဟောင်းသားဖြစ်ရသည်။ ကလေးအမေက ကလေးကျောကို ၀ါးခြမ်းပြားနှင့် ရိုက်ထားသည်တဲ့လေ။

"အမှားကြာ အမှန်မှတ်"

Thanlay Ko

1. Purely Vegetarian
---------------------------
ပင်နင်ဆူလာပလာဇာ မြေညီိထပ်ကနေ ဖူနန်ဖက်လှမ်းကြည့်လိုက်ရင် Nalan ဆိုတဲ့ သားသတ်လွတ် စားသောက်ဆိုင်ကို လှမ်းမြင်ရတယ်။
အဲဒီဆိုင်ရဲ့ ဆိုင်းဘုတ်က အင်္ဂလိပ်စာကိုမြင်တိုင်း စိတ်ထဲ ဘဝင်မကျဖြစ်မိတယ်။

NALAN Restaurant
Purely Vegetarian ... တဲ့။

အတွင်းစိတ်။

Dr Shwe Tun

ချစ်သူအချင်းချင်းကြားမှာ...
အရင်တောင်းပန်စကားဆိုသူက
အမှားလုပ်ထားတဲ့လူ
ဟုတ်ချင်မှဟုတ်မယ်။
သင့်ကို သူချစ်လို့၊ သင့်ကို
မဆုံးရှုံးချင်လို့လည်း ဖြစ်နိုင်တယ်။

လူထုဒေါ်အမာ ရာပြည့် I လေဘာတီမမြရင် l နန်းတော်ရှေ့ဆရာတင်.. နှင့် မြို့မ...


နွေ အပူရဲ့ အကူ ပန်ကာလေ သတိထားစို့

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကိုထိခိုက်စေသည်။
အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၂)

သစ်ထူးလွင်


Tuesday, February 23, 2016

"တောသားလူလည်"

Thanlay Ko


ဒီတစ်ခေါက် ကျနော်ခွင့်ပြန်ပြီး စင်္ကာပူကိုပြန်မယ်ဆိုတော့ ကျနော့်သူငယ်ချင်းမိုးကြီးက စလုံးကို တစ်ခါမှ မရောက်ဖူးလို့ သူလည်းလိုက်လည်မယ်တဲ့။
ရတယ်ပေါ့ ခေါ်လာလိုက်တယ်။
ခေါ်လာရတာက ပြသနာမရှိပါဘူး။
လူက တောသားလူလည်ဆိုတော့ ဘာမှမသိပေမယ့် သိဟန်ဆောင်တတ်တာက ခက်နေတာ။

မန္တလေးလေဆိပ်ထဲအဝင် လုံခြုံရေးစက်ဖြတ်တော့ ခါးပတ်ပါဖြုတ်ရတယ်။
ခါးပတ်ဖြုတ်ရတာက ကျန်တဲ့လူတွေက ပြသနာမရှိပေမယ့် သူကျတော့ ပြသနာတက်ရောဗျို့။

ပါရာစီတမော ( Paracetamol )


ပါရာစီတမောကို မြန်မာနိုင်ငံမှာ ဆရာဝန်များညွှန်ကြားမှုမရှိပဲ
ကွမ်းယာဆိုင်မှာ လွယ်လွယ်ကူကူဝယ်ယူပြီး
ပဲကြီးလှော်စားသကဲ့သို့ စားသောက်နေကြတယ်။
တကယ်တော့ ပါရာစီတမောဟာ အဆိပ်တက်တတ်တဲ့ဆေးဝါးပါ။

အချို့ ပါရာစီတမောကို ကော်ဖီနဲ့အတူသောက်တတ်ကြပါတယ်။
အဲဒါ ပြဿနာပါ။

```` အဓိပ္ပာယ် ရှိသောလူ သို့ ကျော်ဟိန်း ´´´´

Music Crazy Te Te Tar Tar

ကျော်ဟိန်း ဟု ဆိုလျှင် မြန်မာနိုင်ငံတွင် မသိသူ တော်တော် ရှားပေလိမ့်မည် ။ သူသည် မြန်မာ့ ရုပ်ရှင် သမိုင်းတွင် အနုပညာကြေး အမြင့်ဆုံး ရရှိသောသူ သက်တမ်းရင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည် ။ အမည်ရင်းမှာ ကျော်ဌေးဖြစ်ပြီး ၁၄ ရက် ဇူလိုင်လ ၁၉၄၇ ခုနှစ် တွင် ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှ ရန်ကုန် မြို့တွင် မွေးဖွးခဲ့သည် ။ တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့ပြီး ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင် တစ်ဦး ဖြစ်ခဲ့သည် ။

မဖြစ်မနေ ဖတ်ထားသင့်တဲ့ ဥရောပသမိုင်း အကျဉ်း

Open Mind Library

မြန်မာပြန် သုတရသစာအုပ်တွေ ဖတ်တဲ့အခါဖြစ်ဖြစ်၊ သဘ၀သိပ္ပံနဲ့ လူမှုသိပ္ပံ ပညာရပ်တွေ လေ့လာတဲ့အခါဖြစ်ဖြစ် ဥရောပသမိုင်းနောက်ခံ ဗဟုသုတ အတန်အသင့် ရှိထားခြင်းက အကျိုးများလှပါတယ်။ အဲဒီလို အနောက်တိုင်းသမိုင်း လေ့လာနေဖို့ အချိန်မရဘူးဆိုသူတွေအတွက် အခု ဆရာတင်မောင်မြင့် ဘာသာပြန်တဲ့ ‘ဥရောပသမိုင်းမိတ်ဆက်’ စာအုပ်လေးက လိုတိုရှင်းနဲ့ သုတရသ ပေးနိုင်ပါတယ်။

ဆေးရုံများနှင့် ဆေးခန်းများတွင် အပူရှပ်သောလူနာများအတွက် အရေးပေါ်ကုသခန်းများ ပြင်ထားရန် ညွှန်ကြားပြီ

Yangon Media Group

နွယ်ဇင် ၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ
ယခုနှစ် နွေရာ သီတွင် ယခင်နှစ်များကထက် အပူချိန် ပိုမို မြင့်မားလာမည်ဟု မိုးလေဝသပညာရှင်များ က ခန့်မှန်းထားသောကြောင့် အပူကြီး၊ အ ပူရှပ်၊ အပူလေသင်တုန်း(Heat Stroke) လူနာများအတွက် ဆေးရုံ၊ ဆေးခန်းများ တွင် အရေးပေါ် ကုသခန်းများ ပြင်ဆင်ကြ ရန် ညွှန်ကြားထားကြောင်း ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ သိရသည်။

အသိရခက်

ခင်ဇော် ဦး with Khin Zaw Oo.

မိန်းမတွေဟာလေ . . ငွေကိုစုဆောင်း ရတာကို
ကြိုက်တယ်။
ဒါပေမဲ့လဲ . . အဖိုးတန် အ၀တ်အစားတွေကျတော့
ဝယ်လိုက်ကြပြန်ရော . .။
အဖိုးတန် အ၀တ်အစားတွေ ၀ယ်ပြီးပြန်တော့လဲ . .
ဝတ်စရာ ဘာမှ မရှိဘူးလို့ ညဉ်းကြပြန်တယ် .. ။

ကျွန်တော်တို့ ခွေးဖြစ်ခဲ့သလား

Tin Nyunt

ဒီမနက်လမ်းလျှောက်ရင်း ထူးထူးခြားခြား ဆရာကြီး ဒေါက်တာသန်းထွန်းကို သတိရမိတယ်။ လမ်းမှာ တွေ့လိုက်ရတဲ့ လမ်းလျှောက်နေတဲ့လူတစ်ယောက်ဟာ ဆရာကြီး ပုံစံအတိုင်းပဲ။ ဆရာကြီးကို မကွယ်လွန်မီက တွေ့ဖူးတယ်။ ခိုးကြည့်ရတာ။ စကားတောင်သွားမပြောရဲပါဘူး။ ဆရာကြီးက ကျွန်တော့် သင်ဆရာမဟုတ် ပါဘူး။ ဒါပေမဲ့ မြင်ဆရာ၊ ကြားဆရာပါ။ ဒီလိုပြောလို့ ဆရာကြီးကို ခုတုံးလုပ်စရာ ဘာမှအကြောင်းမရှိဘူး။ ပညာရှင်ကိုလေးစားပြီး တန်ဖိုးထားတာပဲရှိတယ်။ ဆရာကြီးက သူ့ကို ပညာရှင်လို့ပြောရင် တစ်နေရာကနေ ကျွန်တော့်ကို ဆဲများနေမလားမသိဘူး။ ဘာကြောင့်လည်းဆိုတော့ ဆရာကြီးက သူ့ကိုယ်သူ “ပညာသေ” လို့ အမြဲ ပြောနေတတ်တာ။
ကျွန်တော်တို့ အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသားတွေဘဝက သမိုင်းကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြရတယ်။ ကမ္ဘာ့သမိုင်းတစ်အုပ်၊ မြန်မာ့သမိုင်းတစ်အုပ်၊ ကမ္ဘာ့သမိုင်းသင်တာက ဆရာတစ်ယောက်၊ မြန်မာ့သမိုင်းသင်တာက ဆရာတစ်ယောက်ခွဲထားတယ်။ စာမေးပွဲဖြေရင်လည်း ကမ္ဘာနဲ့မြန်မာကို တစ်ဝက်စီ ဖြေကြရတယ်။

အမေပြောပြတဲ့ အဖြစ်မှန်လေး

Martin Swe

စက်တင်ဘာလ ၆ရက်နေ့ဟာ မေမေနဲ့ ဖေဖေတို့လက်ထပ် ထိမ်းမြားခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ၇၁နှစ်မြောက်ပြီပေါ့။ ဒါပေမဲ့ ပေါင်းသင်းခဲ့ရတာကတော့ ၅ နှစ်တောင် မပြည့်ပါဘူး။ ဒီ၅နှစ်လုံးကလည်း အေးအေးဆေးဆေး နေခဲ့ရတယ်ကို သိပ်မရှိပါဘူး။ အဲဒီအချိန်အခါက ဗမာ့ကာကွယ် ရေးတပ်မတော် ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ရတာ ပင်ပန်းရုံမက အန္တရာယ်လည်း များပါတယ်။ အန္တရာယ်ဆိုတာ စစ်မြေပြင်မှာ တင်ပြောတာ မဟုတ်ပါဘူး။

Pus ပြည်ပေါက် ပျောက်ပြီ

Tint Swe

သမီးအသက်က ၃၁ နှစ်ပါ။ တာမွေမြို့နယ်၊ ရန်ကုန်မှာ နေထိုင်ပါတယ်ရှင်။ ကိုယ်ဝန် ၈ လရှိပါပြီဆရာ။ ခုသွားကိုက်ပြီး ပါးပါရောင်နေတာ တပတ်လောက်ရှိပါပြီ။ သွားဆရာဝန်ကိုပြတော့ Enzdase နဲ့ Augmentin 1g ကို့ တနေ့သုံးကြိမ် ၃ ရက် သောက်ခိုင်းပါတယ်။ တရက်လောက်သောက်ခိုင်းပြီး မသက်သာရင် ဆေးထိုးပြီးခွဲရမယ်လို့ ပြောပါတယ်။ အဲဒါ ကလေးကိုထိ ခိုက်နိုင်ပါလားဆရာ။ သမီးက ခုမှသားဦးကိုယ်ဝန်မို့လို့ စိုးရိမ်လို့ပါဆရာ။

English Speaking Basics (52) အင်္ဂလိပ်စကားပြောအခြေခံများ (၅၂)

Win Naing Oo 


……………………………………………………………………
I'll help you + (verb)
………………………….
တစ်စုံတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့် ဖြစ်စေ တစ်ခုခုအကူအညီပေးချင်တဲ့အခါ ဒီလိုပြောနိုင်ပါတယ်..
This lets you inform someone that you are willing to provide assistance. This could refer to something physical or mental, like helping someone to 'think' or 'remember' something.
.
(1) I'll help you cook dinner tonight.
ဒီနေ့ည ကျနော်က ခင်ဗျား ညစာချက်ပြုတ်ရာမှာ ကူညီပါမယ်

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၂)

သစ်ထူးလွင်



Monday, February 22, 2016

ကျွန်တော့် ခေါင်းထဲရှိ အိပ်ပုပ်ကြီးနေသော ကာလနဂါးကြီးအား လှုပ်နှိုး ကြည့်ခြင်း

သိန်း မြင့်

ပိုက်ဆံ မချမ်းသာချင်သူများ စိတ်ချမ်းသာရင်တော်ပြီဆိုသူများ ယောင်လို့ တောင်မဖတ်ပါနှင့်

ခုရက်ပိုင်း လူငယ် စွန်းဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့ မနောခွေ့ ဖြစ်နေတယ်။
သူရဲ့ ဘ၀အောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။ ခံစားကြည့်ရအောင်ပါ...
-------------------------------------------------------------------------------------------------------------------
" ခင်ဗျားတို့ ကို ဘ၀ အောင်မြင်ရေးနဲ့ စပ်လျဉ်းတဲ့ ဖော်မြူလာတစ်ချို့ ကို ကျုပ်ပြောပြချင်တယ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကောင်အထည်ဖော်ဖို့ ရာ ငွေရှိဖို့ လိုပါတယ်။
မင်းဘယ်လိုရှာမလဲ ဘယ်လောက်ထိလိုချင်သလဲ? မင်း ဘဏ် အကောင့်ထဲမှာ ဘယ်လောက်ထိ ၀င်နေသလဲ မင်းစိတ်ကူးကြည့်စမ်း။ မင်းရဲ့ အချိန်တွေ ခွန်အားနဲ့ ဦးနှောက်အရင်အနှီးတွေအားလုံး ဒီလုပ်ငန်းအတွက် ဘယ်လောက်ထိ ပေးဆပ်ချင်သလည်း ငါ့ကို ပြောစမ်း။ မလိမ်ပါနဲ့ ။
မင်းလည်း မင်းကိုယ့်ကိုယ်ကိုယ် ပြောဖူးပါလိမ့်မယ်။ ငါအရမ်းချမ်းသာချင်တယ် ဒါမှ ငါ့မိသားစု အတွက် ငါကျေးဇူးပြုနိုင်မယ်။ ငါ့ပတ်ဝန်းကျင်အတွက် ငါလုပ်ပေးနိုင်တာလုပ်ပေးလို့ ရမယ်။ စသည်ဖြင့်ပေါ့။
ကောင်းပါပြီ။
-----------------------------------------------------------
ပထမ အဆင့်အနေနဲ့ ဘ၀ အောင်မြင်ဖို့ အတွက်အရေးအကြီးဆုံးကတော့
နောက်ကလိုက်ဆိုကြည့်...
step (1) Wake the fuck up
မင်းကိုယ်မင်း အရင်နိုးထလိုက်ပါ။
=======================
ဘယ်သူကမှ ရော့အင့် ပိုက်ဆံ တစ်ဘီလျံ ရော့အင့် လုပ်ငန်းကြီးတစ်ခု၊ ရောဒီမှာ ချမ်းသာဖို့ ဆေးတစ်ခွက်ဆိုပြီးတော့ မင်းကို အဆင်သင့် လာပေးမယ်တော့ မအောင့်မေ့လိုက်နဲ့ ။
ဘယ်သူကမှလည်း မင်းကိုယ်လုံးလေးလှအောင်ရော့အင့်၊ မင်းလူတွေနဲ့ ဆက်ဆံရင် အဆင်ပြေစေဆိုပြီး ရော့အင့်ဆိုပြီး လာပေးမှာတော့မဟုတ်ဘူး။
ဒါတွေအားလုံး မင်းလိုချင်ရင် မင်းကိုယ်တိုင် ဖန်တီးရလိမ့်မယ်။ မင်းအရင်ဆုံး ခြေလှမ်းတွေ လှမ်းရလိမ့်မယ်။
မင်အလုပ်တစ်ခုလုပ်နေမယ် မင်းမကြိုက်ဘူး မင်းထွက်လိုက်။ မင်းအလုပ်တစ်ခုလုပ်နေမယ် မင်းဘယ်လိုမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး နားလိုက်တော့။ တစ်ချို့ လူတွေမင်းအပေါ် မကောင်းကြဘူး ဘာအားနာနေမလဲ လှစ်ပေါ့။ သွားခွင့်ပေးလိုက်တော့။
မကြိုက်ဘူးမလား ထွက်သွားလိုက် ထွက် ထွက် ထွက် ထွက်...
ဘယ်သူကမှ မင်းကို အတင်းကာရော ဆွဲမထားဘူးကွ။
တစ်ရက်တစ်ရက် အဆင်မပြေတာတွေ ငြီးတွားနေတာတွေ၊ ငြီးငြူနေတာတွေ စိတ်ပျက်စရာ စကားလုံးတွေပြောနေတာတွေ အားလုံး ရပ်ထားလိုက်တော့။
မင်းကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှ မင်းကို အမှန်တကယ် မပြောင်းနိုင်ဘူးဆိုတာ နားလည်ထားလိုက်ဟေ့။
************************************************************
step (2) Invest in yourself
မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ရင်နှီးမြှုပ်နှံပါ
===============================
အဟမ်း ငါပြောချင်တာက မင်းဘာနဲ့ ဘွဲ့ ရရ ဘယ်ကျောင်းကပဲ အောင်အောင် ငါလုံးဝ ဂရုမစိုက်ဘူး။ အားလုံး ခုချိန်ကစလို့ ခေါက်ထားလိုက်တော့။
ငါလုပ်စေချင်တာတွေက
# မင်း တစ်နေ့ စာအုပ်တစ်အုပ်ပြီးအောင်ဖတ်
# Workshop ဆိုတဲ့ ပညာရှင်တွေ ရှင်းပြတဲ့ ဦးဆောင်တဲ့ ဟောပြောပွဲ သင်တန်းတိုတွေတက်
# မင်းကို အကောင်းဆုံးသင်ပေးမည့် လမ်းညွှန်သူ နည်းပြကောင်းကောင်းတစ်ယောက်ရှာ
# စာအုပ်ထဲက အကြောင်းအရာတွေကို လက်တွေ့ သင်ပေးမယ့် ပညာရှင်တွေဆီသွားစေချင်တာ။
ဒါတွေကို မင်းတကယ် လုပ်ချင်ပြီဆိုရင်တော့ မင်းကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။
မင်းကိုယ့်ကိုယ် မေးခွန်းတစ်ခွန်းမေးကြည့်
နောက်ဆုံးဘယ်တုန်းက အကျိုးရှိတဲ့ စာအုပ်တစ်အုပ်လှန်လိုက်သလဲလို ။့
ဒီမှာ ပြောမယ်။ လေ့လာချက်တွေအရ တက္ကသိုလ်တစ်ခုခုက အောင်လာတဲ့ လူတွေရဲ့ ၇၀% က စာအုပ်တွေ မဖတ်ကြတော့ဘူးတဲ့ဗျာ။ ဘယ်လောက်စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ။
# မင်းရဲ့ စိတ်ဓာတ်တွေ မြှင့်တင်လိုက်
# မင်းရဲ့ ယုံကြည့်ချက်တွေကို ပြုပြင်လိုက်
# မင်းရဲ့ သံချေးတက်နေတဲ့ ဦးနှောက်ကို ဆေးကြောလိုက်စမ်းပါ
# မင်းရဲ့ ဒိတ်အောက်နေတဲ ရှေးဟောင်း အတွေးအခေါ်တွေကို ခေါက်ထားလိုက်တော့ကွာ
ငါကတော့ ငါကို အကြံလာတောင်းတဲ့ ကုမ္ပဏီတွေ လူငယ်အဖွဲ့ တွေကို
ပြောလေ့ရှိတယ်။ မင်းတို့ တစ်တွေ Workshop လေးတွေလုပ်ကြပါ။
အနည်းဆုံး တစ်လ တစ်ခါတော့လုပ်ပါပေါ့။ မင်းရဲ့ ခေါင်းထဲကအသိတွေကို အဆင့်မြှင့်ဖို့ လိုတယ်။ ဘာမှာ ဆင်ခြေဆင်လက်တွေ လာပေးမနေနဲ့ တော့ဟုတ်ပြီလား။
မင်းကိုယ်မင်းခု အမေရိကန်မှာသဘောထား
မနက်ဖန် မင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံရောက်ပြီ
ကယ်နောက်နေ့ အင်္ဂလန် သဘက်ခါ သြဇီသွားတယ်ဆိုပါတော့ကွာ။
ဘာတွေ မင်းတွေ့ မလဲ
တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ အများကြီးမှ အများကြီး မင်းလေ့လာနိုင်တယ်လေ။
မင်းကိုယ့်ခေါင်းထဲမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတာတွေဟာ ဘယ်နေရာမဆို မင်းယူသွားလို့  ရပြီလေ။
ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဝေါရန့် ဘူဖတ် တစ်ခါကပြောဖူးတယ်။
သူ့ တစ်သက်နဲ့ တစ်ကိုယ် သူ့ ဘ၀မှာ အမှန်ဆုံးနဲ့ အကောင်းဆုံး ရင်နှီးမြှုပ်နှံမှုဟာ ဘာလည်းဆိုတော့ သူအင်တာဗျူး တစ်ခုမှာပြောခဲ့ဖူးတယ်။
သူဟာ ဒေါ်လာ ၅၀၀တန်တဲ့ ဒေးလ်ကာနဂျီရဲ့ သင်တန်းကို တက်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာခုတော့ သူဟာ ဘီလျံနာဖြစ်နေပြီ။
ကဲ ဘယ်လောက် လေးစားအံ့သြဖို့ ကောင်းလိုက်သလဲ။ မင်းကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံ ဖို့ မသတီဘူးလား မင်းသောက်ရမ်းမတော်လာချင်ဘူးလား။
အေး... မင်းတစ်ခုတော့ သိထားရမယ်။ မင်းစာအုပ်တွေဖတ် အရည်ကျိုသောက်နေရုံနဲ့ တော့ဘာမှ ဖြစ်လာမှာတော့မဟုတ်ဘူး။ မင်းဖတ်ရမယ်၊ သင်ကြားရမယ်၊ လက်တွေ့ ဘ၀မှာ မင်းအသုံးချရမယ်ကွ။ ဒီမယ် မင်း အူတူတူ အတတတော့ လုပ်မနေနဲ့ တော့။ မင်းလူတိုင်းထက် ပိုတော်ရမယ် ထက်မြက်အောင်လုပ်ရမယ်။
မင်းပတ်ဝန်းကျင် လောက ကမ္ဘာကြီးထဲကို နည်းနည်းလေး လေ့လာကြည့်လိုက်။ ခေါင်းဆောင်ကြီးတွေ ဘီလျံနာကြီးတွေ သူတို့ ဘာတွေထူးခြားနေလည်း။ အဖြေကရှင်းရှင်းလေး မင်းတို့ ငါတို့ ထက်သူတို ပိုပြီး Smart ဖြစ်တယ် ပိုကြိုးစားတယ်လေ။ မင်းတို့ ငါတို့ မသိသေးတာတွေ သူတို့ အများကြီးသိတယ်ကွ။ ဒါဟာဘာကိုပြသလည်းဆိုရင် ငါတို့ ကြိုးစားရမယ် အများကြီးလေ့လာရမယ်။ ကိုယ့်ဖာသာကိုယ် ရင်နှီးမြှုပ်နှံတာတွေ လုပ်ကြရလိမ့်မယ်။ နေ့ တိုင်းနေ့ တိုင်း နောက်နေ့ တွေ မရှိသကဲ့သို့ အကောင်းဆုံးမင်းကြိုးစားရမယ်ကွ။
-----------------------------------------------------------
step (3) Friends မိတ်ဆွေ အပေါင်းအသင်းတွေ
=================================
မင်းခု ဘယ်လိုလူတွေနဲ့ မိတ်ဆွေလုပ်ထားလည်း မင်းရဲ့ သူငယ်ချင်းတွေ ငါ့ကို ပြစမ်း မင်းရဲ့ ဖြစ်လာမယ့် အနာဂတ်ပုံရိပ်ကို ငါမင်းကိုပြောပြလိုက်မယ်။ မင်းရဲ့သူငယ်ချင်းဟာ ချီးထုတ်တွေ၊ အသုံးမကျတဲ့ကောင်တွေ ၊ငြီးတွားပြီး ဆင်ခြေတွေ ပေးနေတဲ့ ကောင်တွေဆိုရင်မင်းတော့သွားပြီမှတ်။ မင်းလည်း ချီးထုတ်ကောင် ငြီးတွားတဲ့ကောင် ၊ဆင်ခြေဆင်လက်တွေ လောက်ပဲ ပေးဖို့ လောက်ပဲသိတဲ့ကောင်ဖြစ်လာမှာပဲ။
မင်း မိတ်ဆွေတွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ငါးသောင်းထိ ရှာနိုင်ရင် ဘာဖြစ်မယ်ထင်လည်း မင်းလည်း အဲ့ဒီလောက် ရှာနိုင်လာမှာပဲကွ။ ဒီတော့ ငါပြောချင်တာက မင်းရဲ့ အပေါင်းအသင်းဆိုတဲ့ အ၀န်းအ၀ိုင်းကို မင်းအဆင့်မြှင့်တင်ရလိမ့်မယ်။
ဂျွန်စတီဗင်နဲ့ ငါတို့ ပြောခဲ့ဖူးတယ်။ မင်းအပေါင်းအသင်း မိတ်ဆွေတွေကို ABC အုပ်စုခွဲပြီး မြင်ကြည့်လိုက်ပါ။ မင်းသိထားရမှာက မင်းအချိန်ဟာ သိပ်တန်ဖိုးရှိတယ် မင်းရဲ့ စွမ်းအင်တွေဟာ တန်ဖိုးရှိတယ်။ ဒီတော့ မင်းကို အရေမရ အဖတ်မရလာပြောတဲ့ လူတွေနဲ့ မင်း မချိန်ဖြုန်းချင်သေးလား။ ဘယ်ဟုတ်ပါ့မလည်းကွာ။ မင်းဘ၀ကို မြှင့်တင်ပေးမယ့် A အဆင့် မိတ်ဆွေတွေနဲ့ ပဲမင်းအချိန်ကုန်ခံတော့မှာပေါ့။
ဘာဖြစ်လို့လည်းဆိုရင်တော့ ငါဟာ အဲ့ဒီလူတွေရဲ့ အရည်အချင်းတွေကို အတုယူချင်တယ်။ သူတို့ ရဲ့လုပ်ပုံကိုင်ပုံတွေကို ငါလေ့လာချင်တယ်။ သူတို့ ပြောတဲ့ ဗဟုသုတတွေကို ရှာဖွေဆည်းပူးချင်တယ်လေ။ သူတို့ ရဲ့ အဆင့်အတန်းရောက်အောင်ငါကြိုးစားချင်တယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။
သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုရင် မင်းရဲ့သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကို ပေါင်းလိုက် ဘယ်လောက်ထိ အရည်အသွေးရှိသလည်း ဆင်ခြင်လိုက်။ ပြောချင်တာက မင်းရဲ့ သူငယ်ချင်းလောက်ပဲမဟုတ်ဘူးနော်။ မင်းဘေးမှာ ၀န်းရံထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ မင်းရဲ့ မိသားစုဝင်တွေ အားလုံး အားလုံး မင်းဟာ ဘယ်လိုလူမျိုးဖြစ်လာမလည်းဆိုတာကို သူတို့ တွေဟာ သွယ်ဝိုက်ပြီးကိုယ်စားပြုနေကြတာပဲလေ။ ဒါကြောင့် မင်းကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေကို မင်းဆီကနေ ထွက်ခွာခွင့်ပေးလိုက်။ မိတ်ဆွေကောင်းတွေ များများရှာ။ ဟုတ်ပြီလား။
မင်းကိုယ်မင်းဘယ် အတိုင်းအတာအထိ သွားမလည်းပေါ်မူတည်ပြီး မင်းရဲ့ Frequency ဆိုတဲ့ ပေါက်ရောက်နိုင်မယ့် လိုင်းထဲရောက်အောင် မင်းညှိယူရလိမ့်မယ်။ မင်းခပ်နိမ့်နိမ် လိုင်းထဲမှာနေရင် မင်းဟာ ခပ်ညံ့ညံ့ အတန်းအစားကနေ တက်လာမှာကိုမဟုတ်ဘူးကွ။ မင်းကိုယ့်ကိုယ် အမြင့်ဆုံးထိတွန်းတင်ရလိမ့်မယ်။
--------------------------------------------------
step (4) Hunger
မင်းဟာ အမြဲတမ်း တွန်းအားတွေပြည့်နေရမယ် အမှန်တကယ် ဘ၀တိုးတက်မှုကို အမြဲဆာလောင်နေဖို့ လိုမယ်။
==================================================
တစ်ရက် တစ်ရက် မင်းဘ၀တိုးတက်ဖို့ မင်းဘယ်လောက်ထိ ရင်နှီးမလဲ။ မင်းတိုးတက်ဖို့ မင်း ဘာတွေ လေ့လာမယ် ဘာတွေသင်ယူမလဲ။ ငါဆိုချင်တာကတော့ မင်းကိုယ့်ကိုယ်ကို ဘယ်တော့မှမလိမ်နဲ့ ။ မင်းရဲ့ တိုးတက်ခြင်းကို ဆာလောင်မှုဟာ အမြဲရှိနေရမယ်။ အေး ဟုတ်ပြီ ဒါဆိုရင် မင်းစူပါမင်းလို အားတွေ အမြဲရှိနေလိမ့်မယ်။ မင်းကိုယ်မင်း စူပါမင်းလို့ စိတ်ထဲ ညွှတ်ယူကြည့်စမ်း မင်းစူပါမင်းလို အားတွေရှိလာမယ်။ မင်းကိုယ်မင်း လက်ဝှေ့ အကျော်အမော် မိုက်တိုင်ဆန်လို မြင်ကြည့်လိုက်စမ်း ဘယ်ပြိုင်ဖက်မျိုးမဆို မင်းထိုးသတ်ဖို့ ဝန်မလေးတော့ဘူး။
------------------------------------------------------------
နောက်ဆုံးအဆင့် Step (5) Adaptable သို့ မဟုတ် Antifragile ( မင်းဘယ်လောက်ခံနိုင်ရည်ရှိမလည်းဆိုတာပဲ။
=====================================မင်းဘ၀မှ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မင်းတုန်လှုပ်မနေနဲ့ ။ အသစ်အဆန်းတစ်ခုလုပ်မလား လုပ်လိုက်။ ပညာရပ်တစ်ခု လက်မှုအတတ်ဖြစ်ဖြစ် သစ်ဖို့ လိုအပ်မလား သင်လိုက်စမ်း။ မင်း ရဲ့ လုပ်ငန်း ကြီးကျယ်ဖို့ ပိုက်ဆံလိုက်ချေးဖို့ လိုမလား မင်းလိုက်ချေးလိုက်။ မင်းလုပ်ငန်းတိုးတက်ဖို့ တစ်မြို့ လုံးပတ်ပြီး အလုပ်လုပ်ဖို့ လိုအပ်မလား လုပ်လိုက်စမ်း။ ကမ္ဘာ့သမိုင်းထဲက ပုံပြင်တွေ မင်းတွေ့မယ် အလက်ဇန်းဒါး ဘုရင်တို့  ဂျိမ်းမက်ကမ်းတို့ လို မင်းကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မလား။ ဘယ်လုပ်နိုင်ပါ့မလည်းကွာ။ သူတို့ နဲ့ မင်းတို့ ငါတို့ မတူညီတဲ့ အချက်ဟာ ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာ မှာကွားခြားသွားတာပဲ။
အဲ့လိုလူမျိုးတွေက စိန်ခေါ်မှုတစ်ခုခုကြောင့် ဘယ်ယိမ်းမလား ရတယ် ညာယိမ်းမလားရတဲ့လူမျိုးတွေကြီးပဲ ဆိုတာသိထားလိုက်။ မင်းဟာ ရေ လိုကျင့်ရမယ်။ ရေဟာ ဘယ်လို နေရာဖြစ်ဖြစ် လိုအပ်သလို ပုံသွင်းလို့ ရတယ်။ ခံနိုင်ရည်ရှိနေတယ်လေ။ မင်းခံနိုင်ရည်ရှိပြီလား ဆိုတာ ကိုယ့်ကိုယ် ပြန်မေးကြည့်လိုက်။ အေး မရှိသေးဘူးဆိုရင်တော့ မင်းခုထိ အိပ်ပုပ်ကြီးနေသေးလို့ ပဲ။
ကဲ ငါပြောချင်တာ ဒါပဲ။ မင်းဒါတွေကို ဘယ်လို ကိုင်တွယ် မလဲဆိုတာမူတည်ပြီး မင်းဘ၀ ဘယ်လောက်ထိ ပြောင်းလဲ သွားမယ် တိုးတက်သွားမလဲဆိုတာ မင်းသိလာလိမ့်မယ်။
အချိန်ကာလ၏ တိုက်စားခြင်းမှ ကင်းသော မေတ္တာအနန္တဖြင့်
Credit to >>> ဆြာသိန်း (ဘာသာပြန်)
Copy from >> Thein Htet Soe
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...