Wednesday, January 6, 2016

လေးစားခြင်းဆိုတာ

Nine Nine Sanay @ နိုင်းနိုင်းစနေ

သမ္မတတစ်ဦးဟာ မြေးနဲ့အတူ လမ်းလျှောက်ထွက်ခဲ့တယ်။
လမ်းမှာ သူတောင်းစားတစ်ဦးက သမ္မတကိုတွေ့တော့ ခါးညွှတ်အလေးပြုတယ်။ သမ္မတလည်း ချက်ချင်းပြန် ခါးညွှတ်အလေးပြုတယ်။ သမ္မတညွှတ်တဲ့ခါး သူတောင်းစားထက်တောင် ပိုနိမ့်နေသေးလို့ မြေးဖြစ်သူက နားမလည်ဖြစ်ပြီးမေးတယ်။
"ဘိုးဘိုး.. သူက သူတောင်းစားတစ်ဦးပဲ.. ဘာလို့ ခါးကို ဒီလောက်ညွှတ်ပြီး ပြန်အလေးပြုရသလဲ"
"သူတောင်းစားတစ်ဦးက သမ္မတထက်တောင် ပိုယဉ်ကျေးတာကို ဘိုးဘိုးလက်မခံနိုင်ဘူး"

----
တခြားသူ သင့်ကိုလေးစားတာဟာ သင်တော်လို့ ထူးကဲလို့မဟုတ်ဘူး။
တခြားသူ သင့်ကိုလေးစားတာဟာ သူတို့တော်လို့ ထူးကဲလို့ဖြစ်တယ်။
ထက်မြက်ထူးချွန်သူတွေက လူတိုင်းကိုလေးစားတယ်။
ယဉ်ကျေးခြင်း၊ လေးစားခြင်းဆိုတာ သင့်အဆင့်အတန်း၊ သင့်အသိဉာဏ်အနိမ့်အမြင့်ရဲ့ သင်္ကေတဖြစ်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...