Sunday, January 10, 2016

ကြာဇံချက် ကြိုက်သူများအတွက်

Pyit Tine Htaung

လူတိုင်း ကြိုက်နှစ်သက်ကြတဲ့ ကြာဇံချက်ကို အရသာရှိအောင် ဖန်တီးဖို့ အတွက် ညွန်ပြပေးလိုက်ပါတယ်_
ပဲကြာဇံ ၂၀ သား
ကြက်သား ၂၅သား
ငါးဖယ် ၁၀သား
ဘဲဥ ၅လုံး
ငုံးဥ ၁၀လုံး
မိုခြောက် ၂ကျပ်ခွဲ


ရှီတာကီမို ၆ခု
ပန်းခြောက် ၅ကျပ်သား
ပဲလိပ်ထူ ၁ပြား
ငံပြာရည် အနည်းငယ်
ငရုတ်ကောင်း ။
ရသာမှုန့် ။
ကြက်သွန်ဖြူ ၃လုံး
ကြက်သွန်နီ ၆လုံး
ဂျင်း လက်၂ဆစ်
-ကြက်ရိုးများကို ကြက်သွန်ဖြူ ၄မွှာ၊ဂျင်း လက် ၁ဆစ် ငံပြာ
ရည်တို့ဖြင့် ပြုတ်ထားပါ။
-မိုခြောက် ပန်းခြောက် များကို ရေစိမ်ထားပြီး ပွလာလျှင်
ရေစင်စင်ဆေး၍ အနေတော်ညှပ်ထားပါ။
-ငါးဖယ် (၁)ဝက်ကိုကြော်၍ ကျန်(၁)ဝက်ကို ငါးဖယ်လုံး
ရန် ကြက်ဖြူ ဂျင်း ဆား ငရုတ်ကောင်း ဂျုံမှုန့် နှမ်းဆီမွှေး ကြက်ဥ အကာတို့ဖြင့် ရောနယ်ထားပြီး ကြက်ပြုတ်ရည် ဆူဆူ ထဲ အလုံးလေးများ လုံး၍ ထည့်ပါ။(ကိုယ်ကြိုက်သလို
တစ်မျိုးထဲလုပ်ထည့်လဲ ရတယ်နော်)
-ဆီပူမှာ နနွင်း ကြက်သွန်နီ ဖြူ ဂျင်း ငရုတ်ပုထောင်းငံပြာရည် ကြက်သားကို အနေတော်တုံး၍ ဆီသတ်ထားပါ။
-ကြက်ပြုတ်ရည်ထဲသို့ မိုခြောက် ပဲလိပ် ထည့်ပါ။ ၅မိနစ်ခန့်
ကြာလျှင် ကြာဇံ ပန်းခြောက်ထည့်ပါ။ငါးဖယ်ကြော် ညှပ်ထည့်
ပါ။ ဆူပြီး ၁၅မိနစ်ခန့်ကြာ
လျှင် ဆီသတ်ထားသော ကြက်သား ဘဲဥ ငုံးဥ တို့ ထည့်ပါ။
ငံပြာရည် ရသာမှုန့် တို့ဖြင့် အရသာစိတ်ကြိုက်ပြင်ပါ။ဆူပြီး
အရသာ အနေတော်ဖြစ်လျှင် ငရုတ်ကောင်းခတ်၍ ရပါပြီ။
Ref :chatkiekyasot
Team(ပစ်တိုင်းထောင်)
www.pyittinehtaung.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...