Sunday, January 10, 2016

ချစ်တင်းနှောခြင်းအတွက် ကျမ္မာရေးဆုလာဘ်

 ကိုယ်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးပြသနာတွေရှိလာနိုင်တဲ့ သူတွေအတွက်
ကာမစပ်ယှက်တာကို ဆေးဝါးတစ်ခုသဖွယ် အသုံး ပြုဖို့
ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို ဆရာဝန်တွေဆီ ပေးပို့ခဲ့တာဖြစ်ပြီး တစ်နေ့ ကို မိနစ် ၃၀ ကိုယ်လက်လှုပ်ရှားဖို့ လိုပေမယ့် အဲလို မလုပ်နိုင်သူတွေဟာ ကာမစပ်ယှက်တာကို စိတ်ပါလက်ပါလုပ်ဖို့ လိုအပ် ကြောင်း
the Academy of Medical Royal Colleges မှ တာဝန်ရှိသူတစ်ဦးက ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းမှာ dailymail.co.uk (ခေါ်) အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။
ချစ်တင်းနှောခြင်းအတွက် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူး များကို
ရရှိစေမည်ဖြစ်ပါကြောင်းကိုလည်း အင်တာနက်သတင်းလွှာတစ်ခုဖြစ်သော
International Health Digest မှာ ဖော်ပြ ထားပါတယ်။
(၁) ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်
the University of Münster မှ အာရုံကြောရောဂါရှာဖွေရေးသုတေသီများက
ခေါင်းတခြမ်းကိုက် ဝေဒနာသည် အမျိုးသား၊အမျိုး သမီး အယောက် ၁၀၀၀
ဖြင့်လေ့လာမှုများပြုခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင်နှုန်းခန့် က ဖို-မ
ဆက်ဆံပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာ သက်သာလာတယ်လို့ ဆိုပါတယ်။
(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်
the Berman Center(ခေါ်)အမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျမ္မာရေးစင်တာမှ
ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများ
အိပ်ယာမ၀င်ခင်လိင်ကိစ္စပြီးမြောက်ခြင်းက စိတ်ဖိစီးမှုများပြေလျော့ကာ
တခဏအတွင်း အိပ်ပျော်သွားစေတယ် လို့ ဆိုပါတယ်။
(၃) ကယ်လိုရီလောင်မြိုက်စေပါတယ်
ကိုယ်အလေးချိန်ကျလိုသူများအတွက် သတင်းကောင်းလေးပါ။
မိနစ်၃၀ကြာ ချစ်တင်း နှောခြင်းက ၁၄၄ ကယ်လိုရီ လောင်မြိုက် စေပြီး၊ မကြာခဏပွေ့ ဖက်နမ်းရှုံ
့ခြင်းက ၆၈ ကယ်လိုရီ လောင်မြိုက်စေကြောင်း Women's Day
ဂျာနယ်တစ်စောင်တွင် ဖော်ပြ ထားပါတယ်။
(၄) နှလုံးကျမ္မာစေပါတယ်
ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန်ကျစေခြင်း၊
စိတ်ဖိစီးမှုများပြေပျောက်ပြီး ညဘက်အိပ်မောကျ ခြင်း စသည့်အကျိုးကျေးဇူး
များရစေ၍ နှလုံးကိုတစ်ဖက်တစ်လမ်းမှအားပြည့်စေတဲ့အတွက်
နှလုံးကျမ္မာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
(၅) ကြွက်သားများသန်မာစေပါတယ်
နှလုံးကြွက်သားများကိုကောင်းကျိုးပြုကာ သက်လုံကောင်းစေရုံသာမက၊ ဖို-မ
ဆက်ဆံခြင်းအနေအထားအရ ကြွက်သားများ အားစိုက်ထုတ်ရခြင်းကြောင့်
ကြွက်သားများသန်မာစေပါတယ်။
(၆) နာကျင်မှုဝေဒနာများသက်သာစေပါတယ်
ချစ်တင်းနှောချိန်မှာ oxytocin ဟော်မုန်းထွက်ရှိပါတယ်။
နာကျင်မှုသက်သာစေရန် ဦးနှောက်မှထုတ်ပေးသည့် ထိုဟော်မုန်း ကြောင့်
ခန္ဓာကိုယ်ရှိ နာကျင်မှုဝေဒနာများကိုလျော့ပါးသွားပါတယ်။
(၇) ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေပါတယ်
the University of Pennsylvania မှ ဆေးသိပ္ပံပညာရှင်များက အနည်းဆုံး
ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို
၃၀ရာခိုင်နှုန်းမျှ တိုးတက်ကောင်းမွန်လာစေတာကြောင့် အအေးမိ၊ တုပ်ကွေး
စသည့်ရာသီကူးစက်ဖျားများ မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။
(ပေါက်ပေါက်…ရေးသားမျှဝေသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...