Saturday, January 2, 2016

လမ်းခွဲမယ့် စကားမပြောခင် ...

 ချစ်သူစုံတွဲတွေ တစ်ဦးနဲ့တစ်ဦး ချစ်ရက်နဲ့ ဒေါသအလျောက်ပြောဆိုပြီး စကားတွေကျွံသွားတာမို့ လမ်းခွဲလိုက်ရသူတွေ မနည်းမနောရှိပါတယ်။ တကယ်ပြန်စဉ်းစားကြည့်လိုက်တော့မှ ပြသနာက ကြီးကြီးမားမား မဟုတ်ပါပဲ စိတ်ကောက်ရန်ဖြစ်ကြရာကနေလမ်းခွဲလိုက်ကြတဲ့အထိ ဖြစ်သွားတာမျိုး ပေါ့။ ဒါ့ကြောင့် ပြတ်စဲမယ်၊ လမ်းခွဲမယ် ဆိုတဲ့ စကားမပြောခင် ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာကိုယ် အရင်မေးကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

၁။သင့်ချစ်သူဟာ သင့်ကိုတစ်ခါမက လိမ်ညာဖူးသူတစ်ယောက်လား။
စုံတွဲတိုင်းကတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ် သစ္စာရှိပြီး မလိမ်မညာတတ်တဲ့သူတွေမျိုးကိုသာ လိုချင်တာချည်းပါပဲ။ ဒါပေမယ့် ကမ္ဘာတ၀ှမ်းက ကွဲသွားကြတဲ့၊ လမ်းခွဲသွားကြတဲ့ စုံတွဲတွေကတော့ ဒီလို အလိမ်အညာပြသနာတွေကြောင့် ဖြစ်ပေါ် လာတာလို့ စစ်တမ်းတွေအရ သိရမှာပါ။ ဒီလိုအခြေအနေမျိုး ကြုံလာရမယ်ဆိုရင် သင်က ကိုယ့်ကို ကိုယ် မေးခွန်းလေးတစ်ခု မေးကြည့်ပါ။ အဲ့ဒါကတော့ ငါ့ကို သူ ဒီလိုလုပ်တာ အကြိမ်ဘယ်လောက် ရှိနေပြီလဲဆိုတာပါပဲ။ ဒါ ပထမဆုံးအကြိမ်ဆိုရင်တော့ သင်သူ့ကိုချစ်နေသေးရင် နှစ်ယောက်သားသဘောတူညီချက် သေချာယူပြီး ဇာတ်လမ်းကို ဆက်နိုင်ပါတယ်။ ဒီလို မဟုတ်ပဲ သူက ထပ်ခါထပ်ခါ လိမ်ညာနေတာမျိုးဆိုရင်တော့ သင့်ဘက်က ရှေ့ဆက်ဖို့ စဉ်းစားသင့်ပါပြီ။
၂။သင်ချစ်သူက သင့်ကို စိတ်အနာတရဖြစ်အောင် အမြဲလုပ်တဲ့သူ၊ သိက္ခာကျအောင် အမြဲလုပ်တဲ့သူ တစ်ယောက်လား။
ချစ်သူနှစ်ဦးဆိုတာ အကျင့်တွေ၊ ခံယူချက်တွေ တူချင်မှတူကြတာပါ။ အိမ်ထောင်သည်ဖြစ်သွားရင်တောင် ယောင်္ကျားနဲ့မိန်းမ ဒီလိုမတူညီတဲ့ အခြေအနေတွေကို ညှိယူရဦးမှာပါပဲ။ ဒါပေမယ့် မတူညီတဲ့အမြင်၊ အယူအဆ၊ အကျင့်တွေက သင်တို့နှစ်ဦးကို သက်တောင့်သက်သာ မဖြစ်စေပဲ နာကျင်ခံစားရမယ့် အခြေအနေမျိုးတွေ ဖြစ်လာရင်၊ သင့်ချစ်သူက သင့်အပေါ် ပြောဆိုဆက်ဆံပုံတွေက သင်ခံစားနာကျင်လာရပြီ ဆိုရင်တော့ ရှေ့ဆက်ဖို့ သင်ပြန်စဉ်းစားဖို့ လိုပါပြီ။
၃။သင်ဟာ ဒီအချစ်ရေးမှာ ဘယ်တော့မှ မပျော်ရဘူးလား၊ စိတ်ဖိစီးမှုတွေ အမြဲခံစားနေရသလား။
သင်ဟာ ဒီအချစ်ရေးမှာ ပျော်ရခဏဆိုသလို အချိန်တော်တော်များများ စိတ်ပျက် စိတ်ဆင်းရဲနေရသလို စိတ်ဖိစီးမှုတွေလည်း အမြဲခံစားနေရ တယ်ဆိုရင် သင်ဟာ ဒီအချစ်ရေးကို သုံးသပ်ကြည့်ဖို့ လိုနေပါပြီ။
၎။သင့်စိတ်ထဲအခြားတစ်ယောက်နဲ့ဒိတ်လုပ်တာပိုကောင်းမယ်လို့ တွေးလာမိပြီလား။
စိတ်မကောင်းစွာပဲ ဒီနေ့ခေတ် အမျိုးသား အမျိုးသမီးတွေဟာ သူတို့ အချစ်ရေးတွေကို မကျေနပ်သဘောမကျနိုင်ကြပဲ ဒီ့ထက်ကောင်းတဲ့ ချစ်သူ ရဖို့ တိတ်တခိုးမျှော်လင့်နေတတ်ကြပါတယ်တဲ့။ သင်ကတော့ သင့်ချစ်သူကို စိတ်ကုန်သလို ခံစားနေရပြီး သူ့နေရာမှာ ငါတခြားတစ်ယောက် နဲ့သာဆို ..ဆိုတဲ့အတွေး၊ ငါအသစ်တစ်ယောက်ထားရင် ကောင်းမလားဆိုတဲ့ အတွေး မျိုးတွေ အမြဲတွေးမိနေပြီဆိုရင် သင်သူ့ကို စိတ်ကုန်စပြုလာပြီမို့လို့ပါပဲ။
၅။သင်တွဲနေတဲ့သူဟာ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေနဲ့ရော အဆင်ပြေပြေ ဆက်ဆံနိုင်ပါသလား။
သင့်ချစ်သူဟာ သင့်သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေ၊ သင့်မိသားစု အပေါ်လည်း အကောင်းမမြင်ဘူးဆိုရင်တော့ သင်ဟာ နောက်ပိုင်းမှာ လက်ရှိ အခြေအနေထက်ပိုဗျာများရမယ့်သဘောမှာရှိပါတယ်။ဒီတော့မျှမျှတတ တွေးကြည့်နိုင်တာက ဘယ်သူ့ဘက်က မကောင်းတာလဲဆိုတာပါပဲ။ အများနဲ့တစ်ယောက်ဖြစ်နေတာဆိုရင်တော့သင့်ချစ်သူဟာ ပေါင်းသင်း ဆက်ဆံရေးဘက် ညံ့ဖျင်းလွန်းတာ ဖြစ်နိုင်ပါတယ်။
Credit : TrendMyanmar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...