Saturday, January 30, 2016

"ရာကွတ် တို့အိမ်"

Thanlay Ko


စင်္ကာပူမှာ Yakult ဆိုတဲ့ စားသောက်ကုန် တမျိုးရှိပါတယ်။
နို့ချဉ်ဗူးလေးတွေ၊ အအေးဗူးလေးတွေ ထုတ်လုပ်ရောင်းချတာပါ။
ထားပါလေ အဓိက ပြောချင်တာက မဆွေတို့အမေရဲ့ အကြောင်း။
မဆွေက သူ့အမေနဲ့အဖေကို သတိရတာကတစ်ကြောင်း၊ သူကိုယ်တိုင်လည်း ရန်ကုန်မပြန်ဖြစ်တာက တစ်ကြောင်းဆိုတော့ မိဘနှစ်ပါးစလုံးကို စင်္ကာပူအလည် ခေါ်လိုက်တယ်။
ရောက်နေတာတော့ နှစ်ပတ်လောက်ရှိပြီ။

💦 ဆက်ဆံရေး 💦


နိုင်လိုသူကိုအရှုံးပေးနှလုံးအေးတဲ့ဆေးလို့ ပြောကြတယ်၊၊ တကယ်ပဲ နှလုံး အေးသလား၊၊ အမြဲတမ်း နိုင်နေရတဲ့လူက သူ နောင်လည်းပဲအနိုင်ယူချင်နေမှာပဲ၊၊ ဆက်ဆံရေးက ပြေလည်မှုမဖြစ်လာနိုင်ဘူး၊၊ စိတ်နေသဘောထား မတိုးတက်နိုင်ဘူး၊၊ လုပ်ရည်ကိုင်ရည် မတိုးတက်နိုင်တော့ဘူး၊၊ နှစ်ဖက်စလုံးက ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပညာမရလိုက်ဘူး၊၊ အများကြီးဆုံးရှုံးသွားတယ်၊၊ အနိုင်ရနေတဲ့သူကလည်း ပညာမရဘူး၊ အရှုံးပးနေရတဲ့သူကလည်း ပညာမရဘူး၊၊

ဗျည်းကိစ္စ ရှင်းတမ်း

သိန်း မြင့်

ခုပညာရေးလောကမှာခေတ်စားနေတဲ့ ဗျည်းဖြုတ်တဲ့ကိစ္စကို စိတ်ဝင်စားလို့ သေချာ လိုက်လေ့လာ ကြည့်တဲ့အခါ အချက်အလက် တချို့ သိခဲ့ ရပါတယ်။ ဒါလေးကို မျှဝေ ပါရစေ။
ဒီကိစ္စမှာ ပညာရေးဝန်ကြီးဌာန ကနေ ဂျပန်နဲ့ ပူးပေါင်း မြှင့်တင် လိုက်တယ် လို့ သိရပါတယ်။ လုံးဝ ဖြုတ်ချလိုက်တာမဟုတ်။ ယခင် သူငယ်တန်း စာတွေကို ယခု သူငယ်တန်းမှာ တစ်ဝက် သင်ပြီး (၁) တန်း မှာ ကျန်တစ်ဝက် ခွဲကာ သင်ကြားမယ့် သဘော ဖြစ်ပါတယ်။

Powerful Speech နှုတ်ကောင်းလျှင် ပြည်စိုး

Tint Swe

စကားအမျိုးအစားများ
• အပြစ်ဖြစ်သောစကား၊
• ဝါကြွား၍ပြောသောစကား၊
• အနိုင်အထက်ပြောသောစကား
• ချီးမွမ်းစကား။


မြို့မငြိမ်း •••••••••••••••

Music Crazy Te Te Tar Tar

တီတီ အရမ်းကြိုက်တဲ့ ကိုငှက် (ထူးအိမ်သင်)ရဲ့ လေးစားအားကျ ပြီးစံပြပုဂ္ဂိုလ်အဖြစ်ထားရှိခဲ့သော မြို့မငြိမ်း ။ ရော့ခ်ကာကြီး အငဲ ကလည်း မြို့မငြိမ်းကိုမှီဖို့ဆိုတာအိမ်မက်ထဲတောင်ထည့်မမက်ရဲပါဘူးဟု ထုတ်ဖေါ်ဝန်ခံခြင်ခံထားရသူ ။ တေးရေး မြင့်မိုးအောင်ကလည်းသူရဲ့လေးစားအားအကိဆုံး ပုဂ္ဂိုလ်ဟာ မြို့မငြိမ်းပါတဲ့။ ဒါအပြင် မြန်မာလူမျိုးတိုင်း အလွတ်ရနေသော * မြနန္ဒာ* တေးသီချင်းရဲ့ ဖန်တီးရှင် မြို့မငြိမ်း အကြောင်းကို တီတီ သူငယ်ချင်းတွေအတွက် ဝေမျှလိုက်ပါတယ်။

ဝက်ဝံစစ်သားကြီး (သို့မဟုတ်) Voytek

မှတ်စုကြမ်း
 
 [၁၉၄၂ ခုနှစ်၊ အီရန်နိုင်ငံ ၊ ဒုတိယကမ္ဘာစစ်အတွင်း]
၁၉၄၂ ခုနှစ် အီရန်နိုင်ငံ စစ်မြေပြင်မှာ
ပိုလန်စစ်သားတွေက ဝက်ဝံပေါက်စလေး တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပိုလန် တပ်မဟာ အမှတ် (၂) မှ အမြှောက်တပ်ခွဲ အမှတ် (၂၂) မှာတာဝန်ကျတဲ့စစ်သားတွေပါပဲ။
ခိုကိုးရာမဲ့ဖြစ်နေတဲ့ ဝက်ဝံပေါက်စလေးကို စစ်သားတွေကမွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။
ထိုဝက်ဝံလေးကို ပိုလန်ဘာသာ စကားနဲ့ Wojtek လို့အမည် ပေးလိုက်ပါတယ်။

ထိပ်ခပ်နာအတွက် ဆေးနည်းများ

စောနွဲ့ နေဆိုင် - ပူတာအို

ထိပ်ခပ်နာရောဂါဟာ လူအများအပြားဖြစ်နေကြတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ထိပ်ခပ်နာဝေဒနာရှင်များမှ ဆေးနည်းများကို စောနွဲ့ နေဆိုင်(ပူတာအို) သို့ မကြာခဏတောင်းဆိုလာကြပါတယ်။ ဆရာဝန်ကြီးများကိုယ်တိုင် ရေးသားထားတဲ့ ထိပ်ခပ်နာ အကြောင်းများကိုလည်း ညွန်ပေးခဲ့သလို ဆေးရုံးဆေးခန်းများကိုလည်း ညွန်ပေးခဲ့ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ချစ်သူအပေါ် သစ္စာရှိပါ

မောင်(စွယ်စုံကျမ်း)

ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ်လဲကျသွားတယ်။
သူ့မိန်းမက သူ့ကို ဆွဲထူပြီး အခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Friday, January 29, 2016

#‎အားသာတင်းထား‬...

Zaw Min Latt


ထောင်ကထွက်ပြေးလာတဲ့ အကျဉ်းသားတစ်ယောက်ဟာ
အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက်လာပြီးအိမ်ထဲမှာ လင်မယားနှစ်
ယောက်ကိုတွေ့ တော့ လင်ဖြစ်သူကို ဧည့်ခန်းထဲကကုလားထိုင်မှာ
ကြိုးတုပ်ထားလိုက်တယ်။ ပြီးတော့ မှ မယားကို အိပ်ခန်းထဲက ကုတင်မှာ
ကြိုးနဲ့ ဆက်တုပ်တယ်။ ဒါကို ဧည့်ခန်းထဲက ယောင်္ကျားလုပ်သူက လှမ်းမြင်နေရပေမယ့်.
သူလည်း ဘာမှမတတ်နိုင်ကြောက်ကြောက်နဲ့  အကျဉ်းသားလုပ်သမျှကြည့်သာနေရရှာ
တော့တယ်။

Nightmares အိပ်မက်ဆိုးများ

Tint Swe

၁။ ကျွန်တော် အသက်က ၂၆ နှစ်။ အိမ်ထောင်ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးက မြန်မာပြည်မှာပါ။ ကျွန်တော် အခု (့) မှာ အလုပ်လုပ်နေပါတယ်။ အိပ်မပျော်တာ သုံးနှစ်ကျော်လေးနှစ်ထဲ ရောက်နေပါပြီ။ ဆရာတင်ထားတယ့် Sleeping pills အကြောင်းလည်း ဖတ်ရပါတယ်။ စိတ်ဖိစီးမှုတော့ မရှိပါ။ မြန်မာပြည်မှာတုန်းက အာရုံကြောအထူးကုနဲ့ ပြခဲ့ပါတယ်။ Melatonin 3mg နဲ့ အခြား အိပ်စေမယ့်ဆေးတွေ ပေးပါတယ်။ ဒါပေမယ့် အများပြောနဲ့ ဆေးစွဲမှာ ကြောက်လို့ သောက်လိုက် မလိုက်နဲ့ လုံးဝမသောက်ပဲနေခဲ့တယ်။

"အသက်မကြီးသေးပါမောင်ရယ်"

မိန်းမက ဆေးရုံအရေးပေါ်အခန်းထဲက ကုတင်ပေါ်မှာ ပိုက်မျိုးစုံတန်းလန်းနဲ့ မေ့မြောရင်း အသက်က ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရှာတယ်။
စိုးရိမ်ပူပန်နေပုံရတဲ့ ယောက်ျားဖြစ်သူက ဆရာဝန်ကို မေးတယ်... ...
'ဆရာ... သူ့အခြေအနေ ဘယ်လိုရှိပါလဲ'
'ကျနော်တို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်၊ ဒါပေမယ့် ကောင်းလာမယ်လို့တော့ အာမမခံနိုင်ဘူး၊ အဆိုးဘက်က ၉၀%၊ အကောင်းဘက်က ၁၀% လောက်ရှိတယ်'

အံ့သြလွန်ပြီးသေတာပါ

ဦးမြင့် ခိုင် စိတ်ပညာ



ယမမင်းဆီကို ငရဲသားတယောက် ရောက်လာတယ် ဒါနဲ့  ယမမင်းက မေးတယ်
မောင်မင်း ဘာ့ကြောင့် သေတာလည်း
ငရဲသားက ဖြေတယ်
ကွန်တော်မျိုး အံ့သြလွန်ပြီး သေတာပါ
ဘာကို အံ့သြလွန်တာလဲ
ကျွန်တော့အဖိုးက ဟိုတုန်းက
မြန်မာနိုင်ငံအကြောင်းကို ပြောပြလို့ ပါ။

သုံးခုလုံး ပါသွားပြီ...

Thidar Min
·
မြန်မာပြည်ခါးလယ်ကို စလွယ်သိုင်းဖြတ်ပိုင်းထားတဲ့ ရေနံပိုက်လိုင်းကြီးကနေ တရုတ်ကို ရေနံစိမ်းပို့လို့ရမယ့် မဒဲ ရေနက်ဆိပ်ကမ်းကို အကြိုဖွင့်လိုက်ပါပြီ။
တစ်နေ့ နှစ်ထောင်လောက်တယ်ပြောတဲ့ ဥာဏ်ထွန်းကတော့ စွမ်းအင်ကရှယ်ယာပါတဲ့အကြောင်း မီးလောင် ရေနံဖိတ်စတဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေ ကျွန်တော်တို့ရေကြောင်းဆရာပြောတဲ့ လူလုပ်ကပ်ဘေးပေါ့ဗျာ…
အဲဒီအတွက် ပြင်ဆင်ထားတဲ့အကြောင်းနဲ့ တရုတ်အတွက်သာမက ပြည်တွင်သုံးအတွက်ပါ ပါတယ်လို့ မရေမရာ ပြောသွားပါတယ်။

ချစ်သား အားမငယ်နဲ့ တဲ့

Linn Linn Aung


- အဆင်မပြေမှု့တွေ များလာလို့ 
ဘုရားရှင်ရဲ့ မျက်နှာတော်ကို စူးစူးစိုက်စိုက်နဲ့ ဖူးမြင်လိုက်တယ် ဆိုရင်ပဲ
ဗုဒ္ဓက ---
- ချစ်သား အားမငယ် နဲ့ တဲ့ ငါဘုရားရှင်လည်း
အဆဲခံရတာပဲ အစွပ်စွဲခံရတာပဲ လုပ်ကြံခံရတာပဲ
စားစရာအတွက် အခတ်အခဲဖြစ်လို့ 
တဝါလုံးကို ဂျုံ ဆွမ်းနဲ့ ပဲပြီးခဲ့တာပဲ။

ဦးနှောက်ကလေးသံချေးချွတ်ကြစို့


ကျွန်တော်တို့အားလုံးကံကောင်းကြပါတယ်။ သင်ဤစာကိုဖတ်နေနိုင်ပါက သင်လည်းကံကောင်းသည့်အထဲတွင်ပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးမှာ ပုံမှန်အလုပ်လုပ်နိုင်သည့်ဦးနှောက်တစ်စုံကို ပိုင်ဆိုင်ထားလို့ပါပဲ။
ဒီဦးနှောက်ကိုအသုံးပြုပြီး ကျွန်တော်တို့ဘ၀တက်လမ်းရှာကြရပါသည်။ ပြဿနာတွေဖြေရှင်းရသည်။ မှတ်သားစရာတွေမှတ်ကြသည်။

ဆေးသောက်လျှင် ဒါတွေသတိထားပါ

‎ 
Zin Myo Aung to ရသစုံ စာပေပျိုးခင်း

ဆေးသောက်လျှင် ရေနှင့်သောက်သည်ကို မသိသူမရှိပေ။
သို့သော် ဤလွယ်ကူ၍ အရေးကြီးသော ကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။
.ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့် (ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။

လှပသော English စကားလုံးများ

မောင်(စွယ်စုံကျမ်း)

1.Bag = လွယ်အိပ်
Gage = အပေါင်ခံပစ္စည်း
Baggage = ကလက်သောမိန်းမ

2.Tooth = သွား
Paste = ကျောက်မျက်အတု
Tooth paste = သွားတိုက်ဆေးဗူး

တယ်လီပသီ ( ဝါ ) အီးအက်စ်ပီ

မှတ်စုကြမ်း

တမလွန်ဘဝအကြောင်းကို စူးစမ်းလေ့လာတဲ့ အခါမှာ သုတေသီဆရာတွေရဲ့ အချက်အလက်တွေကို မဖေါ်ပြမီ တယ်လီပသီအကြောင်းကိုတော့ ရေးသားရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ တွေ့ရှိချက်တွေကို စဉ်းစားတဲ့အခါမှာ မျက်ကွယ်ပြုထားလို့ မရတဲ့ အချက်ဖြစ်နေလို့ပါပဲ ။ တယ်လီပသီဆိုတာ လူတစ်ဦးကနေ တစ်ဦးကို စိတ်ကူးဆက်ခြင်း သို့မဟုတ် လူတစ်ဦး သိနေတာကို အခြားသူတစ်ဦးက နား မျက်စိ စတာတွေကိုမသုံးပဲ အလိုလို သိနေခြင်းဖြစ်တယ် ။ အဲ့ဒီ့ စိတ်စွမ်းအင်ကို အခုခေတ်မှာ စိတ်ဝိညာဉ် သုတေသီတွေက အီးအက်စ်ပီ လို့ ခေါ်တယ် ။ ပရဝိညာဉ်လို့ ဆိုဟန်တူပါတယ် ။ ဒါပေမယ့် ပရဝိညာဉ်ဆိုပေမယ့် အတ္တဝိညာဉ်လိုမဟုတ်ပဲ စိတ်စွမ်းအင်တစ်မျိုးတာ ဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။
အနောက်တိုင်း စိတ်ဝိညာဉ် သုတေသီတွေကတော့ သိပ္ပံနည်းကျ စူးစမ်းလေ့လာခဲ့တာမှာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်တယ် ။

ကျူး ကောင်

 နေတာကမြို့ထဲ
အစားက ကဲ
ဆွဲရသမျှ လက်နိုက်
အချိုလည်းအလွန်ကြိုက်တော့
မိသားစုလိုက်အမှိုက်ထုပ်ထဲရောက်
စားသောက်နေထိုင်
ဧည့်စာရင်းတိုင်စရာမလို
အမှိုက်ထုတ်ထဲမှာတော့…ကျွန်တော်တို့ဗိုလ်ပေါ့ ။

နိုင်ငံကြီးသားပီသဘို့.နိုင်ငံတကာအဆင့်မှီစိတ်ဓာတ်ရှိဘို့လိုအပ်တဲ့ အကြောင်း ဂျပန်လုပ်ငန်းရှင်တစ်ဦးရဲ့ အမြင်

Ko Nyo

မနေ့က သူငယ်ချင်းဆီသွားရင်း မြန်မာပြည်မှာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီလဲလုပ်၊ စာသင်ကျောင်းလဲ လာဖွင့်ထားတဲ့ ဂျပန်နဲ့တွေ့တယ် ..
သူ့ဆီက သတင်းလေးနဲ့ မြန်မာပြည်၊ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးအပေါ် အမြင်လေးမေးခဲ့ပါတယ်။
သူပြောတဲ့အချက်ထဲက ကောင်းတာကတော့မြန်မာများက ယုံလွယ်ပါတယ်တဲ့ ..
လူတစ်ဖက်သားအပေါ် ချက်ချင်းခွင့်လွှတ်တတ်ပါတယ်တဲ့။ နိင်ငံခြားသားဧည့်သည်ဆိုရင် ပိုတောင်ခွင့်လွှတ်ကြ၊ အောက်ကျို့ ကြ၊ အထင်ကြီးကြ၊ အားနာတတ်ကြပါသတဲ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်


Wednesday, January 27, 2016

မမင်းအိမ် ဟာသပေါင်းချုပ်

Thanlay Ko

1. မမင်းအိမ်နဲ့ အင်္ဂလိပ်စကား
-----------------------------------
မမင်းအိမ်တစ်ယောက် အိမ်မှာ အားနေတော့ အင်္ဂလိပ်စကားပြော လေ့ကျင့်နေတယ်။
အဲဒီအချိန်မှာပဲ ကိုဖိုးသန် အလုပ်ကပြန်လာတယ်။
သူတတ်သလောက်မှတ်သလောက်နဲ့ ဖမ်းနှုတ်ဆက်လိုက်တယ်... ...

'Welcome home darling'... လို့။

ခေတ်ပြိုင် မြန်မာစာပေလောက၏ ထင်ရှားသော စာရေးဆရာ ဇော်ဇော်အောင် ကွယ်လွန်

Eleven Media Group 

ခေတ်ပြိုင်မြန်မာစာပေ လောက၏ ထင်ရှားသော စာရေးဆရာ တစ်ဦးဖြစ်သည့် ဆရာဇော်ဇော်အောင်သည် ဇန်န၀ါရီ ၂၆ ရက် (ယနေ့) ည ၉ နာရီ ၀န်းကျင်အချိန်က နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ် ရှိပြီဖြစ်သော ဆရာ ဇော်ဇော်အောင်ကို ၁၉၃၇ ခုနှစ် မေ ၁၃ ရက်တွင် ဦးဘသက်နှင့် ဒေါ်တုတို့မှ မွေးဖွားခဲ့ပါသည်။ မုံရွာခရိုင်၊ ဆားလင်းကြီး ဇာတိဖြစ်ပြီး အမည်ရင်း ဦးဇော်မြင့်သက် ဖြစ်ပါသည်။

ဘယ်သူသမ္မတလဲဆိုတာ ဆောရီးပါ

Tin Nyunt

ဒီနေ့မြို့ထဲရောက်တယ်။ ပန်းဆိုးတန်းမှာ ရှားပါးစာအုပ်တစ်အုပ်ရလာတယ်။ လဖက်ရည်ဆိုင်မှာ ရလာတဲ့ စာအုပ်ကို မြည်းနေတုန်း ကျောလာပုတ်သူတစ်ယောက်ကို ကြည့်လိုက်တော့ ကြံ့ဖွံ့အမတ်ပြုတ်ဖြစ်နေတယ်။ သူက စပ်ဖြီးဖြီးနဲ့
“သမ္မတဘယ်သူဖြစ်မလဲ” လို့ စပ်စုလာတယ်။

ကျွန်တော်အမှန်အတိုင်းပြောရရင် ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ စိတ်ကို မဝင်စားတာ။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ အကောင်းဆုံး ရွေးချယ်ခဲ့ပြီးပြီ။ တာဝန်ကျေစွာ မဲပေးခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်မှုနဲ့ လွှဲအပ်ခဲ့ပြီးပြီဗျ။
ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိမ့်မယ်။ သူရွေးချယ်ပေးလိုက်တာကို ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို သူ့ဆီကို လွှဲအပ်ထားလိုက်ကြတယ်မဟုတ်လား။

သွေးလွန်းတုပ်ကွေး ရောဂါကို ၂၄ နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်း

Today Myanmar

ယခုဖော်ပြမယ့် ဆေးဝါးဟာ လူတိုင်း လူတိုင်း အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းကောင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
၎င်းဆေး ဖော်စပ်ဖို့အတွက် လိုအပ်သော ဆေးဝါးကတော့ သင်္ဘောရွက် ဖြစ်ပါတယ်။ ထိုသင်္ဘောရွက်ကို ငရုပ်ဆုံနဲ့ ထောင်းလိုက်ပြီး (သို့မဟုတ်) ကျောက်ပြင်ပေါ်တွင် အရွက်များကို ကြေညက်အောင် ကျိတ်ခြေပြီး ထွက်ရှိလာသော အရည်များကို သွေးလွန် တုပ်ကွေး ဖြစ်နေသော လူနာအား တိုက်ပေး လိုက်ပါ။

" Zika virus မြန်မာနိုင်ငံကိုကူးစက်လာနိုင်၍ ကျန်းမာရေးဌာန သတိပေး "

Lwin Pyin


သွေးလွန်တုပ်ကွေးနှင့် တူသည့် Zika virus သည် မြောက်အမေရိကနှင့် တောင်အမေရိက၊ ထိုင်း၊ ထိုင်ဝမ်၊ ဘရာဇီး စသည့် နိုင်ငံ အများအပြားတွင် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံသို့ အလျှင်အမြန် ကူးစက်လာနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် ဂရုစိုက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
ယင်းဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေးကဲ့သို့ အေးဒီစ်ခြင်ကျားမှတဆင့် ကူးစက်ခြင်း ဖြစ်ပြီး တုပ်ကွေးရောဂါလက္ခဏာများနှင့် တူညီကြောင်း၊

အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့

နည်းစနစ်ကျကျအတွေးအခေါ်

- Liz Murray အား (New York) နယူးယောက် ပြည်နယ် ဘရော်းစ် (Bronx) မြို့ တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။
သူမ ၏ မိဘများမှာ ဆေး၊ ဘိမ်း စွဲသူများ ဖြစ်ပြီး မိသားစု အတွက် ထောက်ပံ့ မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို့  ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။
လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။

ဘာသာစကားတစ်ခုကို အမြန်တတ်မြောက်စေမည့် လျှို့ဝှက်ချက်များ

Lwin Pyin

Matthew Youlden ဆိုသူမှာ ဘာသာစကား ၉ မျိုးကို ကျွမ်းကျင်စွာ ပြောတတ်ပြီး ဒါဇင်ကျော်သော ဘာသာစကားများကို နားလည်ပါတယ်။ ကျွန်တော်က သူနဲ့ ဘာလင်မြို့မှာ တစ်ရုံးတည်း အတူ အလုပ် လုပ်ပါတယ်။ ဒါကြောင့် သူက ဘာသာစကားတစ်မျိုးကနေ တစ်မျိုးကို ပုတ်သင်ညို အရောင်ပြောင်းသလို လွယ်လွယ်ကူကူ ပြောင်းပြောနေတတ်တာကို ကြားနေကျ ဖြစ်ပါတယ်။ သူကအင်္ဂလိပ်လူမျိုး တစ်ယောက် ဖြစ်တယ်ဆိုတာတောင် အချိန်တော်တော် ကြာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။

နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ-၁

အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

1. I say = ဟေ့လူ။
2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။
3. You see? = သိလား။
4. I do = သဘောတူပါတယ်။
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။

6. Done! = ကောင်းပြီ သဘောတူတယ်/ ဖြစ်စေရမယ်။

မြန်မာတွေပိန်ဖို့ ဒေါက်တာ အေးမင်းထူး

စစ်မုန်း ပုန်ကန်

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာကြောင့် မပိန်သေးတာလဲ။ ပိန်အောင် လုပ်ချင်သူ၊ ကြိုးစားချင်သူတွေ အများကြီးထဲ မှာမှ တကယ် ဝိတ်ချနိုင်တဲ့ ဦးရေက ဘာကြောင့်နည်း ရတာပါလဲ။ လူတော်တော် များများ စဉ်းစားရ ကျပ်တဲ့ မေးခွန်းတစ်ခုကို ပြန်မေး မိတယ်။ သေချာ လေ့လာကြည့် တဲ့အခါ နံပါတ်တစ် တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်း မသိလို့။ အသုံးမချ တတ်လို့ပါ။ ဘယ်လို ဝိတ်ချရင် ကျမလဲ။ စနစ်တကျ မလုပ်တတ် သေးလို့ဆိုတာ တွေ့တယ်။

မိုက်ခရိုဆော့ ပိုင်ရှင်ဘီလ်ဂိတ် ပေးသော အကြံဥာဏ် ( ၁၁) ခု

နည်းစနစ်ကျကျအတွေးအခေါ်

ဘွဲ့နှင်းသဘင်တစ်ခုမှာဘွဲ့ရကျောင်းသားတွေအတွက်ဘီလ်ဂိတ်
ကဒီလိုအကြံဥာဏ်ပေးဟောပြောခဲ့ပါတယ်။
(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
(၂)ဒီလောကကကိုယ့်လေးစားကြည်ညိုမှုကိုအသိအမှတ်ပြုမှာမဟုတ်ဘူး။ အကျိုးသက်ရောက်မှုကိုအရင်လုပ် ပြီးမှကိုယ့်ရဲ့ခံစားချက်ကိုဆန်းစစ်ဖို့ လောကကြီးကပိုမျှော်လင့်တယ်။
(၃) ကျောင်းကနေခွါတာနဲ့လခကောင်းမရနိုင်ဘူး။ချက်ချင်းဟမ်းဖုန်းချိတ်ထားတဲ့ကွပ်ကဲသူမဖြစ်နိုင်ဘူး ။နှစ်ခုစလုံးအတွက်ကြိုးပမ်း အားထုတ်မှရနိုင်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)

သစ်ထူးလွင်


Saturday, January 23, 2016

"သိုင်းပြိုင်ပွဲ"


အမေရိကန်သမ္မတကို အနီးကပ် ဓါးနဲ့လုပ်ကြံခံရမယ်လို့ သတင်းထွက်နေတဲ့အတွက် ဓါးရေးကျွမ်းကျင်တဲ့ ကိုယ်ရံတော်တစ်ယောက် ရှာဖွေနေပါတယ်။
လာရောက်လျှောက်ထားသူများစွာထဲက အဆင့်ဆင့်ရွေးချယ်ပြီးတဲ့အခါ နောက်ဆုံးဇကာတင် သုံးယောက်ကျန်ခဲ့တယ်။
+တရုတ်ရှောင်လင်ဓါးသမားရယ်၊
+ဂျပန်ဆာမူရိုင်းဓါးသမားရယ်၊
+ဗမာ့ကိုးကျောင်းထွက်ဓါးသမားရယ်ပေါ့။

Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

Tint Swe

ဆရာရှင့် သမီးကလေးမွေးပြီးတာ ၅ ရက်ရပါပြီ။ အိမ်ကအဖွားက ငါးကြော်ကြက်ကြော်ပဲကျွေးတယ်။ ကလေးအာဟာရ အစုံဘူးထင်လို့ပါ။ နို့တိုက်မိခင်ကဘာတွေစားသင့်သလဲ ဆရာတင်ပေးပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာရှင့်။
နို့တိုက်တာကို မွေးပြီး အစောဆုံး (၂-၃ နာရီ အတွင်း) တိုက်သင့်တယ်။ အဖြူရောင်နို့ရည် မထွက်သေးလည်း တိုက်ပါ။ ရောဂါကို ခံနိုင်တဲ့ (အင်တီဘော်ဒီ) တွေပါတယ်။ နို့သိပ်တင်းလာမှာကို ကာကွယ်ရာလည်း ကျတယ်။ ကလေးကိုလည်း နို့တွေ သိပ်မများခင် အစို့သင်ရာလည်း ရောက်တယ်။

💫၈၅မန္တလေးညများကို ' ပြန်လည်လွမ်းဆွတ်သူများ 💫

Music Crazy Te Te Tar Tar

🎸 ကိုကြီးငဲ 🎸
ဒီအကြောင်းတွေကို အခုချိန်မှာ ပြန်ပြောရင် လွမ်းစရာတွေ ဖြစ်ကုန်ပါပြီ။ အခု "ရွှေမန်း နဲ့ သစ္စာ"ကို မမြင်ဖူးတဲ့ တက္ကသိုလ်ကျောင်းသားတွေကို တကူးတက လိုက်ပြရမလို "ပြတိုက်" ဆန်သွားပါပြီဗျာ။ ကျွန်တော့် သီချင်းခေါင်းစဉ်တောင် တကယ်ဆိုရင် "ပုံပြင်ထဲက မန္တလေးညများ" ဆိုရင် ပိုလိုက်ဖက်မယ်။ အဲဒီတုန်းက ကျွန်တော်တို့ မန္တလေးအဆောင်ညတွေက တစ်ချို့  အဆိုတော်လုပ်မယ့်သူတို့၊ အဆိုတော်ပေါက်စတွေရဲ့  လေ့ကျင့်ကွင်းဆိုလည်း မမှားဘူးဗျ။

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား

ဓမ္မရတနာ

မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။

(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။
အဘာဝပညတ် လို့ ခေါ်ပါတယ်။

“ပြာသိုလပြည့်-အမေများနေ့”

Young Buddhist Association

ပြာသိုလမှာ တရားပွဲစီစဉ်သူများက “အမေနေ့”
အထူးတရားပွဲဆိုပြီး သတ်မှတ်ကာ ပင့်ကြတယ်။
ဆရာကြီးဦးသုခက ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့
ပြောပြီး ဟောပြောပွဲတွေနဲ့ လမ်းဖောက်ခဲ့လို့
“အမေနေ့” ဆိုတာဖြစ်လာခဲ့တာ။

မပြောသင့်သေးလို့ မပြောသေးတာ

Zaw Myint Aye


(၁)
NLD ကမနေ့က..ကြေငြာချက်ထုတ်ပါတယ်..
အဲဒီကြေငြာချက်အရ..အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့
အခြေအနေတွေ အသွင်ကူးပြောင်းတာနဲ့ပတ်သက်တဲ့ မူဝါဒတွေကို..
ဒေါ်စုတစ်ယောက်ထဲကပဲပြောရေးဆိုခွင့်ရှိတော့မှာဖြစ်ပါတယ်..
ဒီကြေငြာချက်ကိုဖတ်ပြီး..
တစ်ချို့က...အာဏာရှင်စနစ် ပုံစံကိုသွားနေသလိုမျိုး..
ပွင့်လင်းမြင်သာမှုမရှိသလိုမျိုး..နည်းအမျိုးမျိုးနဲ့ဝေဘန်နေကြပါတယ်..

ကောလာဟလသတင်းများနဲ့ နိုင်ငံရေးချိန်ခွင်လျှာ

U Ravika

ကောလာဟလသတင်းအရ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဦးဝင်းမြင့်ရဲ့ ဒုဥက္ကဋ္ဌအတွက် USDP က ကချင်တစ်ယောက်နဲ့ မန်းဝင်းခိုင်သန်းရဲ့ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်တစ်ယောက်ကို ခန့်အပ်မယ်လို့ ခပ်ကြီးကြီးသတင်းဌာနတစ်ခုကို NLD စီအီးစီဦးညာဏ်ဝင်း ပြောပြခဲ့တယ်။ ဒါကို ဦးဝင်းထိန်က ငြင်းပါတယ်။ အတည်မပြုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က တစ်မတ်သားကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ခဲ့ပါပြီ။

“ အဖေ့အိမ် ”

နည်းစနစ်ကျကျအတွေးအခေါ်

“အမေ့အိမ်” ဟုခေါ်သောကျွန်တော်တို့ နေသည့် အိမ်ကို အဖေ၏ချွေးဖြင့်
 ဆောက်ထားခြင်းဖြစ်ပါသည်။ အဖေ၏ အသက်ဖြင့်ရင်း၍ ဆောက်ထားသော အိမ်လည်းဖြစ်ပါသည်။သို့သော် သားသမီး တိုင်းက “အမေ့အိမ်” ဟုခေါ်လေ့ရှိကြသည်။ “အဖေ့အိမ်” ဟု ကျွန်တော်တို့မခေါ်ကြပါ။ “အမေ့အိမ်”ဟုသာကျွန်တော်တို့ခံစားကြပါသည် ။

“သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်…။”

Ei Ei Swe

မိတ်ကပ်လှလှ ပြင်ပေးပါ
အဝတ်အသစ် တစ်စုံလွှမ်းခြုံပေးပါ
ပန်းများခြံရံလျှက် ခန်းမထိပ်တွင်ထားပေးပါ
ဇာခြင်ထောင် အပါးလေး ဖုံးအုပ်ထားပါ
အ မွှေးတိုင်များ လှိုင်နေ အောင် ထွန်းထားပါ
မိတ်ဆွေ သင်္ဂဟများ လာရောက်ကြည့်ရှုကြပါ

ပြန်နွေးစားရင် အန္တရာယ်များသည့် အစာများ

နည်းစနစ်ကျကျအတွေးအခေါ်

၁။ ဟင်းနုနွယ်ရွက် (Spinach)
ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။
ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ်(nitrates)
ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ် ဓာတ်ဆားကနေ နိုင်ထရစ် အက်စစ် အဖြစ်ပြောင်းလဲသွားပြီး အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုင်ထရစ်အက်စစ်ဟာ ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အမေရိကန်သူ ဂျင်းဒစ်ကဆင်၏ ကမ္ဘာကျော်ဟောကိန်း

ဦးမြင့် ခိုင် စိတ်ပညာ

အမေရိကန်နိုင်ငံသူ ဂျင်းဒစ်ကဆင်ဆိုတာ
သမ္ဗတကြီး ရုစဘဲ့ကိုယ်တိုင် တန်ဘိုးထား
အားကိုးခဲ့သူဖြစ်တယ် သူဟောတာတွေဟာ
မှန်လွန်းလို့ တကမ္ဘာလုံးက ဗေဒင်ပညာရှင်တွေ
စိတ်တန်ခိုးပညာရှင်တွေကမှအစ လေးစားတာကို
ခံရသူဖြစ်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁)

သစ်ထူးလွင်


Thursday, January 21, 2016

"ပေါက်ကရဘာသာပြန် ဟာသများ"


======
1. ပျားရည်စစ်
======
“ကျနော်က ပျားရည်အစစ်ပဲ ရောင်းတယ်”
“ခင်ဗျား ပျားရည်ကို စစ်မစစ် ဘယ်လိုသိနိုင်မလဲ”
“ခွေးတစ်ကောင်ကို ကျွေးကြည့်လိုက်၊ ခွေးမလျက်ရင် ပျားရည်အစစ်”
“ခွေး လျက်ရင်ကော”

Blanket criticism ဝါးလုံးသိမ်းပြစ်တင်ခြင်း

Tint Swe

မူးယစ်ဆေးတွေ၊ ဆေးတလွဲသုံးတာတွေအကြောင်းတွေ ရေးဖြစ်ပါတယ်။ လူ့စိတ်သဘောက အခုကြားတာ မြင်တာ သိတာကို အရေးအကြီးဆုံးလို့ ထင်မှတ်လိုက်ကြတယ်။ အဲတာကို တခုခုလုပ်ချင်စိတ်ကလည်း ကပ်လိုက်လာတယ်။ ဥပမာ ကျောင်းသားလေးတွေ ချောင်ဆိုးပျောက်ဆေးတလွဲသုံးနေကြတယ်ဆိုတော့ မိဘစိတ်နဲ့ ရင်နာတဲ့သူတွေအပြင် အရေးယူတာမလုပ်ရကောင်းလာလို့ ဒေါသထွက်သူ၊ ဆဲရေးတဲ့အထိပြစ်တင်လာသူ စသဖြင့် အမျိုးမျိုးရှိတယ်။ ဆေးဆိုင်ကိုမီးရှို့လို့ပြောတဲ့အထိ ကဲလွန်သူလည်းပါတယ်။

အမူအကျင့်


လူမှုဘ၀ကို ဖြတ်သန်းတဲ့ အခါမှာ လူတိုင်းမှာ အမူအကျင့်ကောင်းလေးတွေနဲ့ ဖြတ်သန်းသွားဖို့ လိုပါတယ်။ အမူအကျင့်ဆိုတာကတော့ လူတစ်ယောက်ရဲ့ အပြုအမှုနဲ့ အကျင့်စရိုက်ပါပဲ။
အမူအကျင့်ကောင်းဖို့ ဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ မိဘ၊ဆရာ၊မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင် ဆိုတဲ့ အခြေနေတွေမှာ အမူအကျင့်ကောင်းတွေဖြစ်လာတာပါ။ တဆက်တည်းမှာပဲ မကောင်းတဲ့ အမူအကျင့်တွေကိုလည်း ရသွားတတ်ပါတယ်။

*ချစ်စမ်းမောင် သို့မဟုတ် ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ* အပိုင်း- ၎

Music Crazy Te Te Tar Tar's photo.

ပရိုဖစ်ရှစ်နယ် ဂစ်တာသမားတိုင်းသည် တေးစီးရီးပေါင်းများစွာ တီးခတ်ခဲ့ပါ သည်။ စင်မြင့်တေးဂီတပွဲပေါင်း များစွာ တီးခတ်ခဲ့ သည်ဆိုဦးတော့၊ Entertaining ဖြစ်ချင်မှဖြစ်ပါသည်။ ဆိုလိုသည် မှာ၊ ဥပမာအားဖြင့်… ကျွန်တော် အလေးစားဆုံး အနှစ်သက်ဆုံးသော ဆောင်းပါးရှင် ကိုကိုလိမ်၏ ညီအကိုတော် - ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း) သည်ပင်လျှင် ၄င်း၏ ကီးဘုတ်ပလေယာအဖြစ်လည်းကောင်း ဂစ်တာသမားအဖြစ် လည်ကောင်း တီးခတ်သည့် T-4 , မဇျ္စိမလှိုင်း Live Show များ ကို ၄င်း၏ဂစ်တာတီးနည်းစနစ်များ၊

Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း

Tint Swe

LH test က ၂ ကြောင်းလုံးထင်းနေမှ မျိုးဥကြွေတာလားဆရာ။ တကြောင်းကနဲနဲမှိန်နေတာ nrgative လားလို့ သိချင်ပါတယ်ရှင့်။
အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အရွယ်အထိ မျိုးဥကခု လတိုင်းထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် အများကြီး မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကိုသိမှ စိတ်ချနိုင်တယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...