Wednesday, December 30, 2015

ဒီနေ့ အကြိုက်ဆုံး Post

Myo Thet Swe

" တောက်... ကွာ "
" ဘကြီး.. ဘာဖြစ်နေတာတုန်းဗျ၊ တက်တွေဘာတွေခေါက်လို့ပါလား "
" လွှတ်တော်အမတ်ပြုတ်တွေ ပင်စင်တောင်းတယ်ဆိုတဲ့ကိစ္စပေါ့ကွာ "
" အဲဒါ ဘာဖြစ်လို့တုန်းဗျ၊ ပေးသင့်တယ်မဟုတ်ဘူးလား "
" ဟ.. သောက်သုံးမကျလို့ အိမ်ပေါ်ကနှင်ချပါတယ်ဆိုမှ အမွေတောင်းချင်လို့ရမလားကွ "
" သူတို့လည်း ငါးနှစ်တောင် တာဝန်ကြီးတွေ လုပ်ထားခဲ့ကြတာပဲဗျာ၊ ဆုကြေးအနေနဲ့တော့ ပေးသင့်ပါတယ်
" " ဟကောင်ရ... ဆုကြေးတို့ Bonus တို့ဆိုတာ လုပ်ငန်းအဆင်ပြေပြီး အမြတ်အစွန်းပိုလျှံနေမှ ပေးတဲ့အမျိုးကွ...
အခုဟာက တိုင်းပြည်မှာ အကြွေးဘီလျံချီပြီးတင်နေရုံမကဘူး ပြည်သူတွေဒီလောက်ဆင်းရဲစုတ်ပြတ်နေတာ မင်းမတွေ့ဘူးလား "
" အစိုးရအနေနဲ့ ပေးတာပဲဗျာ၊ သိပ်မပြောပလောက်ပါဘူး "
" လခွမ်း မပြောပလောက်ရမှာလား၊ ရှက်တတ်ရင် ပြန်တောင်လှူခဲ့ရအုံးမှာ၊ တလဆယ်သိန်းလစာယူထားပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ကြပဲနဲ့ ဆုကြေးလိုချင်လို့ရမလားကွ "
" အာ့တော့ အာပေါ့ဗျာ၊ ဒါပေမယ့် စိတ်တိုစရာမရှိပါဘူး "
" ဘာစိတ်မတိုရမှာလဲကွ၊ ခြံလုံစေချင်လို့ ခွေးမွေးပါတယ်၊ အိမ်ကကြက်ပြန်ခိုးနေမှတော့ အဲဒီခွေးကိုငါက မေတ္တာထိုင်ပို့နေရမှာလားဟ...
စားစရာမရှိလို့ ရေသောက်နေရပါတယ်ဆိုမှ ရေအိုးလာခိုးတဲ့ကောင်တွေကရှိသေးတယ် "
" အဲလောက်ကြီး မပြောပါနဲ့ဘကြီးရာ "
" ငါပြောတာ နည်းတောင်နည်းသေးတယ်၊ ဒီကိစ္စမျိုးဆိုတာ ဒီအချိန်မှာ ဖြစ်ကိုမဖြစ်သင့်ဘူး၊ သူတို့ထက် လုပ်ပြီး၊ သူတို့လောက်လစာမရပဲ နှစ်ပေါင်းဆယ်ချီပြီးလုပ်လာတဲ့ ဝန်ထမ်းတွေမှ အားမနာဘူး၊ ငါပြောလိုက်ရမကောင်းရှိရော့မယ် "
" ဟင်၊ ဘကြီးကမပြောရသေးဘူးလား၊ အခုတောင်အတော်များနေပြီ၊ ထားလိုက်ပါဗျာ "
" အေး .. ပြောလက်စနဲ့တော့ ပြောရမှာပဲဟေ့၊
နောက်မှပေါက်တဲ့ _ီးမွှေးက _ီးထက်ရှည်ချင်လို့တော့ ရမလားကွ "
" တိန် "
‪#‎တောကဘကြီးရဲတေဇ‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...