Wednesday, December 2, 2015

သိမ်းငှက်နှစ်ကောင်

နည်းစနစ်ကျကျအတွေးအခေါ်

တစ်ခါတော့ တောအုပ်တစ်ခုထဲမှာ သိမ်းငှက်နှစ်ကောင် သွားရင်းလာရင်းတွေ့ကြတယ်။ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ နားပြိးတော့ စကားစမည်ပြောနေကြတာပေါ့။
အဲဒီအချိန်မှာပဲ မိုးက သဲကြီးမဲကြီးရွာချတော့တယ်။ မိုးစိုမှာကို သူတို့ကြောက်တယ်။ မိုးစိုရင် သိပ်ပျံလို့ မကောင်းတော့ဘူးလေ။အဲဒီအချိန်မှာ သိမ်းငှက်တစ်ကောင်က အရိပ်ကောင်းတဲ့ သစ်ပင်ကြီးကို ရှာတယ်။ ပြီးတော့ သစ်ပင်အောက်မှာ ၀င်ခိုနေတယ်။ သစ်ပင်ဆိုတာ မိုးကို အပြည့်အ၀ ကာကွယ်ပေးနိုင်တာမဟုတ်တော့ သူလဲ တကိုယ်လုံလိုလို စိုကုန်တာပေါ့။

နောက်သိမ်းငှက်တစ်ကောင်ကတော့ မိုးပေါ်ကို မော့ကြည့်လိုက်တယ်။ မဲမှောင်နေတဲ့ တိမ်တွေက နိမ့်နိမ့်လေး မိုးတွေကို ရွှာချနေတယ်။ အဲဒီသိမ်းငှက်ကလဲ နဲနဲပါးပါး စိုရင် စိုပါစေဆိုပြီး မိုးပေါ်ကို ပျံတက်တယ်။ တိမ်မဲတွေရဲ့ အပေါ်ပေါ့။ တိမ်မဲတွေရဲ့ အပေါ်မှာတော့ မိုးမရွာတော့ဘဲ ဖြူစင်တဲ့တိမ်တိုက်တွေကို တွေ့လိုက်ရတယ်။ သူ့ကိုယ်လုံးက ရေတွေကိုလဲ ခါချလိုက်တာပေါ့
ပုံပြင်လေးကတော့ ဒါပါပဲ။ တစ်ခါတစ်လေ အတူတူ အခက်အခဲကြုံရင်တော့ ရင်ဆိုင်တဲ့ နည်းလမ်းကွာပြီး ရလဒ်လဲ ကွာခြားသွားတတ်ကြတာကို မြင်ရမှာပါ
မောင်စိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...