Wednesday, December 30, 2015

ကျွန်ုပ်တို့ အဘယ့်ကြောင့် ပျော့ညံ့ခဲ့ကြသနည်း

အနုရက္ခိတ
Byဗညားလှိုင်ဦး
On Thu, 2015-12-24 06:30Issue No.No.957 Thursday, December 24, 2015
မကြာမီမှာ ၂၀၁၅ ဆို တဲ့ နှစ်ဟောင်းကို ထားရစ်ခဲ့ပြီး ၂၀၁၆ ဆိုတဲ့နှစ်သစ်ထဲကို ကူးပြောင်းဝင် ရောက်တော့မှာ ဖြစ်ပါတယ်။ နှစ် သစ်ကိုရောက်ရှိတိုင်း ကမ္ဘာပေါ် မှာရှိတဲ့ လူသားအားလုံးဟာ အ သက်တစ်နှစ်ပိုကြီးလာကြသလို အတွေ့အကြုံ၊ အတွေးအခေါ် တွေလည်း ပိုမိုရင့်ကျက်လာကြ မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ထူးခြား ချက်ကတော့ ၂၀၁၆ ခုနှစ်ဟာ ဂဏန်းအားလုံးပေါင်းရင် ကိုး ဂဏန်းရသလို သမ္မတသစ်၊ လွှတ်တော်သစ်၊ အုပ်ချုပ်ရေးအသစ်၊ စီမံခန့်ခွဲမှုအသစ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့ရမယ့် နှစ်တစ်နှစ်ဖြစ်ပါ တယ်။ ဒီလိုအသစ်တွေနဲ့ ရင်ဆိုင် ရမယ့်အချိန်မှာ ပြီးခဲ့တဲ့နှစ်၊ ပြီးခဲ့ တဲ့အစိုးရသက်တမ်းအတွင်း ပြုမူ ဆောင်ရွက်ခဲ့တာတွေကိုလည်း မျက်နှာလွှဲခဲပစ်လုပ်ထားခဲ့လို့မရ ပါဘူး။ အတုယူစရာကိုယူပြီး ပြု ပြင်စရာတွေကိုလည်း ပြုပြင်ရပါ မယ်။ အဲဒီအထဲကမှ ပြည်သူတွေ မချိတင်ကဲဖြစ်ရတဲ့ အကြောင်းအ ရာတစ်ခုကို ဆွဲထုတ်ပြချင်ပါ တယ်။
၂၀၁၅ ရွေးကောက်ပွဲမကျင်း ပမီလပိုင်းအလိုမှာ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်လုပ်တဲ့ ဒီဗီဒီ တစ်ချပ်ထွက်လာပါတယ်။ အဲဒီ အခွေကို အစ၊ အဆုံးမကြည့်ဖူး ပေမယ့် ရွေးကောက်ပွဲရက်တွေ မှာ မြန်မာ့ရုပ်မြင်သံကြားက ခဏ ခဏထုတ်လွှင့်နေလို့ သတိထားမိ လိုက်ပါတယ်။ နိုင်ငံတော်သမ္မတ ရဲ့ တိုင်းကျိုးပြည်ကျိုးဆောင်ရွက် ချက်တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ၊ အာဆီယံနဲ့ အာရှပစိဖိတ်ထိပ်သီးအစည်းအဝေးတွေ၊ ဆီး ဂိမ်းအောင်မြင်စွာကျင်းပခဲ့ပုံတွေ အစရှိသည်တို့ကို ပြည်သူထဲက သမ္မတကြီးဆိုတဲ့ ခေါင်းစဉ်နဲ့ မှတ် တမ်းရုပ်ရှင်ဆန်ဆန်တင်ဆက် ထားတာပါ။
စာရေးသူအနေနဲ့ သမ္မတ ကြီးရဲ့ ငါးနှစ်တာကာလအတွင်း စွမ်းဆောင်မှုအများဆုံး ဆောင် ရွက်ချက်တစ်ခုကို တွေ့ရှိမိတာကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေး တာကို သွားတွေ့ပါတယ်။ ၂၀၁၀ သမ္မတကြီးတာဝန်ယူချိန်မှစကာ ယနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အကြိမ်ဟာ (၁၆) ကြိမ်ခန့်ရှိပြီး အကျဉ်းသားလေးသောင်းကျော်လွှတ်ပေးခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ သမ္မတသက်တမ်းတစ်ခုအတွင်း အဲဒီလောက် အကြိမ်ရေများများ လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ သမ္မတမျိုးမရှိခဲ့ပါဘူး။
နိုင်ငံတော်သမ္မတဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) ကို အသုံးပြုပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ခွင့်ရှိပါ တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေး ရာမှာလည်း အမျိုးသားရင်ကြား စေ့ရေးအတွက် နိုင်ငံရေးအကျဉ်း သားများပါဝင်သလို တိုင်းပြည် ထူထောင်ရေးအတွက်ဆိုပြီး အ ခြားအကျဉ်းသားများလည်း ပါဝင် ပါတယ်။ တခြားရာဇ၀တ်မှုနဲ့ အကျဉ်းကျပြီး နှစ်စေ့ပြစ်ဒဏ်မခံ ရဘဲ ပြန်လွတ်လာတဲ့သူတွေရဲ့ နောက်ထပ်ရာဇ၀တ်မှုတွေ ထပ်မံ ကျူးလွန်မှုကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးရ တာတွေကလည်း ပြည်သူတွေရဲ့ ဝေဖန်ရှုတ်ချစရာဖြစ်ခဲ့ရပါတယ်။
အဲဒီလို အကြိမ်များစွာပေးခဲ့ တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေထဲ က အရုပ်ဆိုးအကျည်းတန်ဖြစ်ခဲ့ ရတဲ့ လွတ်ငြိမ်းခွင့်ကိုတော့ ၂၀၁၅ဇူလိုင် ၃၀ ရက်မှာပေးခဲ့တာ ဖြစ် ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအပါအ၀င် မြန်မာနိုင်ငံသားအကျဉ်းသား ၆,၇၅၆ ဦးနဲ့ နိုင်ငံ ခြားအကျဉ်းသား ၂၁၀ ဦးပါဝင်ပါ တယ်။ အရုပ်ဆိုးအကျည်းတန် ဖြစ်ရတာကတော့ လွှတ်ပေးတဲ့ နိုင်ငံခြားအကျဉ်းသားထဲမှာ လွတ်ငြိမ်းခွင့်မပေးမီ တစ်ပတ်လောက် ကမှ ထောင်ဒဏ် ၁၀ နှစ်မှ တစ် သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ကျ ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား သစ်ခိုး ထုတ်သူ ၁၅၅ ဦးကို ပြစ်ဒဏ်အမိန့်ချပြီး ရှစ်ရက်အကြာမှာ လွှတ်ပေး ခဲ့တာပါ။
တရုတ်နိုင်ငံသားသစ်ခိုးထုတ် သူများကို ကချင်ပြည်နယ် ၀ိုင်း မော်မြို့နယ်အတွင်း သစ်ခိုးထုတ် စဉ်မှာ တပ်မတော်က ဖမ်းဆီးခဲ့ တာပါ။ ၎င်းတို့ကို ဖမ်းဆီးရမိစဉ် က သစ်ပါတဲ့ ယာဉ် ၁၄ စီးအပါ အ၀င် သစ်ထုတ်ရာမှာ အသုံးပြု တဲ့ ယာဉ်နဲ့ ယန္တရား ၄၅၅ စီးကိုပါ သိမ်းဆည်းခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလောက် လူဦးရေများစွာ၊ ယာဉ်၊ စက်ယန္တရားများစွာနဲ့ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို တ ခြားနိုင်ငံထဲ ခိုးထုတ်နေတာကို ရက်ပိုင်းနဲ့ လွတ်ငြိမ်းခွင့်ပေးလိုက် တဲ့အတွက် ပြည်သူတွေရဲ့ ဝေဖန် မှုကို သမ္မတကြီးခံခဲ့ရပါတယ်။ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ တော့ ဒီလိုလွှတ်ပေးတာဟာ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန် အောင်အတွက်လို့ ဆိုပါတယ်။ အမှန်ကတော့ သူ့နိုင်ငံသားတွေ ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်း ဆိုတဲ့ တရုတ်နိုင်ငံအစိုးရရဲ့ ဖိအားကို မလွန်ဆန်နိုင်တာလည်း ပါပါ တယ်။
ကိုယ့်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြား တိုင်းပြည်က ဖိအားပေးစွက်ဖက် တာကို အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာလည်း ခံခဲ့ရတာတွေရှိ ခဲ့ပါတယ်။ ၁၉၈၆ လောက်က စင်ကာပူနိုင်ငံမှာ အမေရိကန်နိုင် ငံသား ဆယ်ကျော်သက်လူငယ် မိုက်ကယ်ဖေးလ်ဟာ မှုတ်ဆေး ဘူးနဲ့ လက်သရမ်းကာ ဆေး လျှောက်ဖျန်းခဲ့တဲ့အမှုကို ဥပဒေ အရ ကြိမ်ဒဏ်ပေးဖို့ ဖြစ်လာပါ တယ်။
အဲဒီအချိန်က အမေရိကန် သမ္မတ ဘီလ်ကလင်တန်ဟာ သူ့ နိုင်ငံသား မိုက်ကယ်ဖေးလ်ကို ကြိမ်ဒဏ်မပေးဖို့ စင်ကာပူအစိုးရ ကို ဖိအားပေးခဲ့ပါတယ်။
ဒီအကြောင်းကိစ္စဟာ ကမ္ဘာ့သတင်းတွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး နိုင်ငံအများစုက စင်ကာပူဟာ အမေရိကန်ရဲ့ ဖိ အားအောက်မှာ ပြားပြားဝပ်သွား လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဖွံ့ဖြိုးစ စင်ကာပူရဲ့ အကျိုးစီးပွားဟာ အမေရိကန် နဲ့ ကင်းလို့မရပါဘူး။ ဒါကြောင့် မိုက်ကယ်ဖေးလ်ကို ပြည်နှင်ဒဏ် ပေးပြီး ပြန်လွှတ်လိမ့်မယ်လို့ ထင် ခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံး ထင်သလိုမဟုတ်ခဲ့ပါဘူး။ မှုတ် ဆေးနဲ့ ဖျန်းခဲ့တဲ့ အမှုလေးကို ဥပဒေအရ ကြိမ်ဒဏ်ပေးခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ပြတ်ပြတ် သားသားချခဲ့သူက စင်ကာပူရဲ့ ဖခင်ဝန်ကြီးချုပ် လီကွမ်ယုပါ။ အဲဒီအတွက် အမေရိကန်က ဒေါပွသွားခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားဆက်ဆံရေးတချို့ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအတွက်လည်း ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ အမြတ်ထွက်ခဲ့တာက တော့ စင်ကာပူဟာ ဒေသတွင်း ပထ၀ီဝင်နိုင်ငံရေးအရ နေရာယူ ခြင်းကို ချဲ့ထွင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။
နောက်တစ်ခုကတော့ မကြာသေးတဲ့ နှစ်အတွင်းကမှ ဖြစ်ပွား ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက မူးယစ် ဆေးဝါးမှုပါ။ သြစတြေးလျနိုင်ငံ သားတစ်ဦးကို မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ သေဒဏ်ပေးလိုက် တာကို လွှတ်ပေးဖို့ သြစတြေးလျ သမ္မတက ဂျကာတာအစိုးရကို ဖိအားပေးတောင်းဆိုခဲ့ပါတယ်။ ထုံးစံအတိုင်း သေဒဏ်ပေးခဲ့ရင် နှစ်နိုင်ငံဆက်ဆံရေးပျက်မယ်။ အကျိုးစီးပွားတွေဆုံးရှုံးမယ်ပေါ့။ ဒါပေမဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုဟာ ပြတ်သားတဲ့ ဆုံးဖြတ် ချက်နဲ့ သြစတြေးလျနိုင်ငံသားကို သေဒဏ်အပြစ်ပေးခဲ့ပါတယ်။
ဒီလို ကိုယ့်နိုင်ငံရဲ့ တရား ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ရဲရဲချနိုင်ခြင်းဟာ ဘာကြောင့်လဲဆိုတာကို အဖြေရှာကြည့်မိတဲ့အခါမှာ ရုရှားကွန်မြူနစ်ခေါင်းဆောင်ကြီး လီနင် ရဲ့ စကားတစ်ခွန်းကို သွားသတိထားမိပါတယ်။ ‘‘လှံစွပ်နဲ့ ထိုးစမ်းကြည့်၊ သံမဏိနဲ့ တွေ့ရင်ရပ်၊ ပျော့တဲ့အရာနဲ့ တွေ့ရင် ဖိထိုး’’ဆိုတဲ့ စကားပါ။
နိုင်ငံငယ်လေးတွေကို အင် အားကြီး နိုင်ငံတွေက အမြဲစမ်း သပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံ လို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ထဲပါဝင်တဲ့ နိုင်ငံအဖို့တော့ ပိုဆိုး တာပေါ့။ ပြီးတော့ နေရတာက လည်း အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ ကြားမှာ။ လမ်းစဉ်ပါတီခေတ်က နေ စစ်အစိုးရခေတ်တစ်လျှောက် ဆင်းရဲတွင်းနက်ခဲ့ပြီး အင်အား ကြီးနိုင်ငံတွေကို အားကိုးရတဲ့အခါ မှာ တရုတ်နိုင်ငံဟာ မြန်မာ့နိုင်ငံ ရေးမှာ သြဇာကြီးသူ ဖြစ်လာပါ တယ်။
သမ္မတကြီးဟာ တရုတ် သွေးတိုးစမ်းမှုကို မြစ်ဆုံစီမံကိန်း သူ့လက်ထက်မှာ ခေတ္တရပ်တန့် ပေးခဲ့တာကလွဲလို့ အပျော့ထည် အဖြစ်သာ ရပ်တည်နိုင်ခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုခဲ့ပါတယ်။ လက်ပံတောင်း တောင်ကြီးဖြိုတာကို လိုက်လျော ခဲ့ပါတယ်။ ဖားကန့်နယ်မှာ ကျောက်စိမ်းတွေ အလုံးအရင်းနဲ့ တူးဖော် နေတာကို လက်ပိုက်ကြည့်နေရ တယ်။
၂၀၁၆ မတ်လမှာ တက်မယ့် NLD ပါတီဦးဆောင်တဲ့ အစိုးရ သစ်အနေနဲ့လည်း အင်အားကြီး နိုင်ငံတွေရဲ့ စမ်းသပ်မှုကို ခံရပါဦး မယ်။ ယခင်ကလို စီးပွားရေးပိတ် ဆို့မှုတွေ မရှိတော့ပေမယ့် တိုင်း ပြည်ကို သံမဏိလိုမာနိုင်အောင် ထမ်းတင်ရဦးမှာပါ။ နိုင်ငံရဲ့ နိုင်ငံ ရေးသြဇာကို ဒေသတွင်းမှာ ချဲ့ ထွင်နိုင်ဖို့အတွက် အပျော့ထည် အဖြစ်မှ ရုန်းထွက်ကြဖို့ ပြည်သူ တစ်ရပ်လုံးကြိုးစားကြရမှာ ဖြစ် ကြောင်း တိုက်တွန်းလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...