Thursday, December 24, 2015

လက်ဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့် ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်

အမျိုးသမီးနှင့်ကျန်းမာရေး


မြန်မာနိုင်ငံသားမှန်ရင် လဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။ကျွန်မတို့အိမ်မှာလည်း လဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကိုဝယ်ပြီးထားတတ်ပါတယ်။
ဟိုတစ်လောက FB ပေါ်မှာ တစ်ချို့ဆိုင်က အီကြာကွေးတွေနဲ့၊ လဖက်နဲ့စားတဲ့       ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လဖက်သုတ်ကို နှစ်သက်စွာဆက်ပြီး စားနေခဲ့ပါတယ်။

ဒီနေ့ မနက်စာ ကျွန်မ အိမ်မှာဝယ်ထားတဲ့ လဖက်နဲ့ပဲကြမ်းကြော်တွေကို
ထမင်းကြော်နဲ့စားဖို့လုပ်တော့ လဖက်ကမျက်စိမှိတ်ရလောက်အောင်ကို
အချဉ်မှုန့်တွေနဲ့နယ်ထားလို့ ချဉ်စုတ်နေပြီး၊ ပဲကြမ်းကြော်ကလည်း မတရားကို
ကြွတ်ရွနေလို့ မစားတော့ဘဲဘေးဖယ်ထားပြီး၊ FB ထဲမှာရေးထားတဲ့အကြောင်းကိုသတိရမိတယ်။ ဒါကြောင့် စိတ်ကူးတစ်ခုရလာပြီး လက်တွေ့စမ်းသပ်ချက်တစ်ခုလုပ်ကြည့်ဖို့စဉ်းစားလိုက်တယ်။
အဲဒါကတော့…… ကြွတ်ရွနေတဲ့ ပဲကြမ်းကြော် နှစ်ဇွန်းလောက်ကို အိုးငယ်လေးတစ်လုံးထဲထည့်ပြီး ရေနည်းနည်းထည့်ကာ မီးပေါ်တင်ပြီး ပွက်ပွက်ဆူအောင်တင်လိုက်တယ်။ ဆူလာတော့ ခဏအအေးခံပြီး ရေခဲသေတ္တာထဲ ၁၅-၂၀ မိနစ်လောက်ထည့်ပြီး ပြန်ထုတ်ကြည့်လိုက်တော့၊ ထင်ထားတဲ့အတိုင်း ပလပ်စတစ်အချပ်လိုက် နဲ့ပဲကြော်ပြုတ်ရည်အနည်းငယ်ကို ဓါတ်ပုံမှာပါတဲ့အတိုင်းတွေ့လိုက်ရပါတော့တယ်။
အဲဒီတော့ သေချာတာက ပဲကြမ်းကြော်တွေအားလုံး ကြာရှည်ကြွတ်ရွစေဖို့
ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာပါဘဲ။ ဒါတွေကို စားမိနေတဲ့
ကျွန်တော်တို့တွေရဲ့အစာအိမ်ထဲမှာ ပလပ်စတစ်တွေဘယ်လောက်များ
နေပြီလဲ……… ဒီိ ပလပ်စတစ်တွေကရော ကြာလာရင် လူတွေကို ဘယ်လို
ကျန်းမာရေးအန္တရာယ်ဆိုးတွေဖြစ်ပေါ်စေမလဲ……… ဆိုတာတွေကို
ဘယ်သူမှ အတိအကျမသိနိုင်ကြပါဘူး။
ဒါကြောင့် လဖက်သုတ်ကို လုံးဝမဖြတ်နိုင်ရင်တောင်၊ လျှော့စားတာတို့၊
ကြာမှစားတာတို့ လုပ်သင့်တယ်လို့ အားလုံးကို အကြံပြုလိုပါတယ်ရှင် …
‪#‎LIKE_N_SHARE‬ ပြုလုပ်ခြင်းဖြင့် မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများအား ကျန်းမာရေး အသိပညာဖြန့်ဝေခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေနော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...