Wednesday, December 16, 2015

ဖေ့ဘုတ်ကအန်တီလေးတို့ အပျိုကြီးဖြစ်ရခြင်း ကျွန်တော့်တွေ့ရှိချက်များ . . . !

ကို လင်း with Shwe Yone.

၁ - ပွင့်လင်းဖော်ရွေခြင်း
ယောက်ျားလေးအများစုဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မိန်းကလေးတွေကို ချစ်သူအဖြစ်ထက် သူငယ်ချင်းအဖြစ်ပိုလိုချင်ကြတယ်။
( အဲ့မှာ သတိပြုစရာရှိတယ် ချစ်သူဆိုတာကိုထက် သူငယ်ချင်းဆိုတာကို ပိုတန်ဖိုးထားတတ်ကြတာ ယောက်ျားလေးတွေစရိုက်ဆိုတာပဲ )


-----
၂ - စားစရာပုံများတင်ခြင်း
ယောက်ျားလေးတွေရဲ့မသိစိတ်က တမျိုးဗျ
အာ့လိုစားစရာတွေတင်ရင် တမျိုးကြီးပဲ
မကြိုက်တဲ့အချက်ထဲမှာ ပါဝင်နေတယ်

-----
၃ - ရိုမန့်တစ်ဆန်ခြင်း
စိတ်ကူးကောင်းတယ်
အတွေးကောင်းတယ် ဝတ္တုအဖတ်များတယ်
အာ့တော့ ဆရာမဂျူးတခါပြောဖူးတာလေး သတိရတယ်
ဝတ္တုထဲက ဇာတ်ကောင်လို ကြင်နာမယ့် သစ္စာရှိမယ့် ခန့်ညားတဲ့ချစ်သူကိုရှာရင်း သူအပျိုကြီးဖြစ်လာရတာပါပဲတဲ့

-----
၎ - ချစ်စရာကောင်းလွန်းနေခြင်း
မြောက်ပြောတာမဟုတ်ပါဘူး
တချို့အပျိုကြီးတွေဖြစ်တာ အရမ်းလှကြလို့ဖြစ်တာပါ
ကိုယ်ချစ်ရမယ့်သူက သူနဲ့မလိုက်ဖက်ဘူးအထင်နဲ့
ကိုယ့်ရည်းစားစကားမပြောတော့တာပါပဲ

-----
၅ - စိတ်ထားဖြူစင်ခြင်း
တကယ့်ပြဿနာပါ
ယောက်ျားလေးအများစုဟာ အလိမ်လေး အကောက်လေးမှ စိတ်ဝင်စားတတ်ကြတယ်
တအားဖြူစင်တဲ့သူဆိုရင် ထားခဲ့ကြတာများတယ် ။

-----
၆ - အတွေးလွန်ခြင်း
ဖြစ်သင့်၏ မဖြစ်သင့်၏တွေတွေးတယ်
တွေးရင်းတွေးရင်းနဲ့ အရွယ်လွန်လာတယ်

-----
၇ - မာယာနည်းခြင်း
မိန်းကလေးတစ်ယောက်ရဲ့အဓိကလက်နက်ကို အသုံးမချတတ်တော့
အပျိုကြီးဖြစ်ပြီပေါ့ ... ။

-----
၈ - စတေးတပ်အတင်များခြင်း
အတွေးလေးနဲ့တင်တာပါပဲ
ဒါပေမယ့် ကြိုက်ရမယ့်သူက ရည်းစားရှိနေပီလားအတွေးနဲ့အနားမကပ်ရဲတော့ဘူး

-----
၉ - မင်းသားပုံ အတင်လွန်ခြင်း ( ရှဲခြင်း )
သူတို့စိတ်ကူးယဉ်မင်းသားပုံက အဇမ်းမိုက်တော့
လာ ပရိုပို့မယ့် ငတိလေးတွေခမျာ
တပ်ခေါက်ခေါက်ပြန်ရရှာရော ...

-----
‪#‎နိဂုံး‬
******
အပျိုကြီးဖြစ်ရတာ
တချို့က အချစ်ဦးမှာ စိတ်နာသွားကြလို့
တချို့က အကြောက်လွန်နေလို့
တချို့က တွေးရင်းအရွယ်လွန်သွားလို့
တချို့က မိသားစုအခြေအနေကြောင့်
တချို့က ချစ်သူဘယ်လိုရှာရမလဲမသိလို့
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပါ
အပျိုကြီးဖြစ်တာတော့ မကောင်းဘူး
တော်တော်ကြာ အပျိုကြီးဘဝနဲ့သေလို့
( သေရွာအပေါက်စောင့်က နောက်ကျောမှာ
‪#‎အသုံးမပြုပဲပြန်ပို့လာသည်‬ လို့စာတမ်းအကပ်ခံရရင် ရှက်စရာကြီး )
အပျိုကြီးမလုပ်ကြပါနဲ့ ဗျာ ...
ခင်ညားတို့ အပျိုကြီးဖြစ်တာ
သွယ်ဝိုက်သောနည်းဖြင့်
ကျွန်တော်တို့ ညံ့ရာလည်း ရောက်နေပြန်ရော ... ဗျ ။
tongue emoticon

Ko Lynn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...