Monday, November 16, 2015

ဘောမချင်းအနုပညာ။ (Second Edition)

Chit Ko Ko to BUMi (Burmese Uncensored Memes-i)

မေး။ ဟုတ်ကဲ့ အကို။ ကျနော်တို့ရဲ့ အနုပညာသည်အင်တာဗြူးမှာလာရောက်ပါဝင်တဲ့အတွက်ကျေးဇူးပါ။ အကို့ရဲ့နာမည်နဲ့ အလုပ်အကိုင်လေး။
ဖြေ။နာမည်ကတော့မပြောပါရစေနဲ့။ အလုပ်ကိုင်ကတော့ ကျနော်ကက အဘတွေ ဘောမတယ်ခဗျ။ ပရောဖက်ရှင်နယ်ပေါ့ဗျာ။
မေး။ ဟင်ဒါဆို အကို့အလုပ်ကဘာခက်လို့တုန်း။ အဘတွေကောင်းတယ်ပြောရင်ပြီးနေတာပဲမဟုတ်လား။
ဖြေ။နိုးနိုး။ အဲ့ဒီ့မှာညီလေးမှားတာ။ ဘောမတယ်ဆိုတာ တကယ်တော့အနုပညာတစ်မျိုးပဲ။ဒါကိုပြောချင်လို့ ဒီကိုလာတာ။
မေး။လင်းပါဦး။
ဖြေ။အဓိကကတော့အရိပ်အခြေကိုသိရတယ်။ စာဖိုမှုးတစ်ယောက်ကဘယ်နေရာမှာ မီးကိုပြင်းရမယ်လျော့ရမယ်သိသလို ပန်းချီဆရာတစ်ယောက် ကလည်း ဘယ်နေရာမှာဘယ်အရောင်ကိုသုံးရမယ်ဆိုတာသိသလို ဘောမကျွမ်းကျင်တစ်ယောက်ကလည်း ဖော့သင့်တဲ့နေရာဖော့ ဖိသင့်တဲ့နေရာဖိ ပိုင်ပိုင်နိုင်နိုင်မရတယ်။
အဘတွေကိုထောက်ခံနေတဲ့ လူတန်းစားသုံးခုရှိတယ်။ တစ်က အဘတွေရဲ့ရာထူးစည်းစိမ်ယူထားတဲ့လူတွေ အရာရှိ ဝန်ထမ်း ခရိုနီတွေ။
နှစ်ကနည်းနည်းကျယ်ပြန့်တယ်။ ပညာတတ်ဘောမအများစုက နှစ်အမျိုးစားထဲကပဲ။ အဘတွေထက် အတိုက်အခံကိုကြည့်မရလို့အဘတွေဖက်ကနေတဲ့သူတွေ။ မိမိရဲ့ အတ္တနဲ့မာနကိုရှေ့တန်းတင်ပြီး အမှားအမှန်ခွဲခြားသိပေမယ့်လည်း တစ်ဖက်ကမှန်နေတဲ့လူကို ဂျေဝင်ပြီးတော့ ကာ မှားတဲ့လူကဘယ်လောက်မှားနေပလေ့စေ သူဂျေဝင်နေတဲ့ လူအထိနာဖို့ကအရေးကြီးတယ် ဆိုပြီး သိသိကြီးနဲ့ဘောဝင်မတဲ့ ဆရာမကြီးတွေ။ အများသူငါထက် စူးရှထက်မျက်တယ် ဆိုပြီး ကိုယ့်ဟာကိုယ် ဘဝင်လေကိုင်နေတဲ့ အီးတစ်လစ် elitist တွေ။ အတိုက်အခံကမှန်နေရင်တောင် အတိုက်အခံကို ထောက်ခံနေတဲ့သူတွေကိုကြည့်လိုမရလို့ဘာညာ အကြောင်းပြချက်နဲ့ သူကြည့်မရတဲ့ ထောက်ခံသူတွေကိုရွဲ့ရင်း ဘောမဖြစ်လာတဲ့ IQ ရှိပေမယ့် EQ အင်မတန်နိမ့်တဲ့မောင်နုတွေ စသည်ဖြင်ပေါ့ဗျာ။
သုံးက တစ်နဲ့နှစ်လူတန်းစားကထုတ်လိုက်တဲ့ ဘောမ brainwash ကြားမှာမျောသွားတဲ့ သာမာန်လူတွေ။
အဲ့ဒီမှာတစ်နဲ့သုံးလူတန်းစားကနေ ဘောမလို့မရဘူးခင်ဗျ။
မေး။ဘာလို့တုန်း။
ဖြေ။ တစ်လူတန်းစားကြတော့ လူသိရှင်ကြား အစိုးရဖက်ကနေနေတော့ လော်ဘီ ဖြစ်နေတယ်။ ပြောပါများရင် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတယ်ဆိုပြီး လူသောက်မြင်ကပ်မယ်။ လိုအပ်မှဝင်ဖာထေးတာဘာညာလုပ်တယ်ပေါ့ဗျာ။ အနုပညာဆန်ဆန်ဘောမလို့တော့မရဘူး။
သုံးလူတန်းစားကြတော့လည်း ကိုယ်ပိုင်ဥာဏ်နဲ့ပြောတာမဟုတ်ပဲ သူများစကားကိုတဆင့်ပြန်ပွားရတယ်ဆိုတော့ သိပ်မနိမ့်ဘူး။ တန်ပြန်မေးတဲ့အခါ ရှုးရှုးရှားရှားဖြစ်ပြီး ဘောမတာထက် လက်ကြမ်းကြီးနဲ့ဘောဆွဲပင့်သလိုဖြစ်နေတော့ အဘတွေကမကြိုက်ဘူး
နှစ်လူတန်းစားကမှသာ တကယ့်အနုပညာဆန်တဲ့ ဘောမကောင်းတွေမွေးထုတ်ပေးနိုင်တာ။
မေး။ ဆက်ပြောပါဦး။ စိတ်ဝင်စားလာပြီ။
ဖြေ။ အဓိကက နှစ်လူတန်းစားအများစုက ပြည်သူထဲကပဲ။ ဒါအရေးကြီးဆုံးပဲ။ ဘာလို့လည်းဆိုတော့ သုံး လူတန်းစားတွေများလာဖို့က ဘောမချက်တွေကို လူယုံဖို့လိုတယ်။ လူတွေယုံလာအောင်က ခံစားချက်ကိုနှိုးစွပေးဖို့လိုတယ်။ ဒီတော့ ပထမဆုံး ဒီဘက်လည်းမပါ ဟိုဖက်လည်းမလိုက်တဲ့ ကြားနေဆိုတဲ့ပုံမျိုးဖမ်းရတယ်။ ပြီးတော့ နိုင်ငံရေးကို တစ်ခြား ယုံကြည်မှုကြောင့် ဘက်မလိုက်ပဲ ဝင်ပြောရတဲ့ပုံဖမ်းရတယ်။ ဥပမာ အမျိုးသားရေး ဆိုတာတွေ ချက်ချင်းကြီးဖောင်းပွလာတာ ကျနော်တို့လက်ချက်ပဲ။
အတိုက်အခံကို အဲ့ဒီ့မှာစနှိပ်ကွပ်နိုင်ပြီ။ လူအများသဘောကြနေတဲ့ အချက်ကို ဗန်းပြထားတဲ့ ခံယူချက်ကိုရှေ့တန်းတင်ပြပြီး ရရင်ရသလိုတွယ်မယ်။
ဒီနေရာမှာ အထက်ပါအချက်ကို အစိုးရကလုပ်ရင် မသိသလိုနေပြတတ်ရတယ်။ ဒါအင်မတန်ပညာပါတယ်။
တဖက်ကန်းတတ်ရတယ်ပေါဗျာ။ ဥပမာဗျာ ဘွားတော်ကို အာဏာမက်တယ် ဘာညာဆိုပြီး သုံးလူတန်းစား တွေယုံအောင် out-of-context logic လေးတွေနဲ့ သူကပဲမြင်လို့ထောက်ပြတဲ့ပုံမျိုးလုပ်ရတယ်။ နဂိုထဲက ဘရိန်းသိပ်မပြေးရှာတဲ့ သုံးလူတန်းစား ဘောမလေးတွေသည်းခြေကြိုက်ပေါ့။ ကျနော်တို့ဘဘကြီးတွေနှစ်ငါးဆယ်ကျော် နေရာမှမထ အာဏာကို မလွတ်တန်းကိုင် ထားတာကြတော့ တဖက်လေးကန်းပြရတယ်။ အနုပညာပေါ့ဗျာ။
မေး။ဒါဆိုချက်ကြလက်ကြထောက်ပြတဲ့သူတွေပေါ်လာမယ်ဆိုရင်ရော။
ဖြေ။ တန်ပြန်ပုံနှစ်မျိုးရှိတယ်။ တဖက်ကလူကပညာတတ်ဆို အောက်လုံးသုံးတဲ့အကွက်တွေ သွားလုပ်လို့မရဘူး။ ပြန်ထောက်ရင် မထားသမျှဘောတွေအကုန်ကျွတ်သွားမယ်။ အခုဝင်းခိုင်ဦး အဲ့ ဘွာတေး ဦးဝီရသူဆို အခုမထားသမျှဘောတွေလွတ်ကုန်တာ ဒါ့ကြောင့်ပဲ။
ဒီတော့ပညာတတ်တွေဆိုရင် ဆွေးနွေးပေးရတယ်။ ပညာသားပါပါနဲ့ သူတို့ထောက်ပြရင် မျက်နှပြောင်တိုက်ပြီး တစ်ခြားကိုလမ်းလွဲရတယ်။ ဒေါသကို ဆွပေးရတယ်။ မနိုင်တဲ့ topic ဆိုဝင်မပြောပဲနေတတ်ရတယ်။
သာမာန်လူဆိုရင်တော့ အတွေးအမြင်ဝေဝါးသွားအောင်။ ယုံကြည်မှုတွေ ကျဆင်းအောင် ကိုယ်ကပဲ မြင်လို့ထောက်ပြတဲ့ပုံမျိုးဖြစ်အောင်ပြောရတယ်။ အောက်လုံးသုံးသင့်ရင်သုံးရတယ်။ ဥပမာကွာ အခုကျောင်းသားသပိတ်ကိုကလေကခြေတွေကလုပ်နေတဲ့ပုံမျိုး။ ဒေဝေါဖမ်းပြတတ်ရတယ်။ OIC ကထောက်ပံ့နေတာဘာညာပေါ့။ အဲ့ဒီ့လူကကိုယ့်ကိုလေးစားသွားပြီဆို နံပတ်သုံးအတွက်လူတိုးတယ်။ ဘောမအလုပ်အောင်မြင်တယ်။
ပညာပါတဲ့အချက်က ကိုယ့်ကိုထောက်ပြလှောင်ပြောင်နေတဲ့သူတွေကို သုံးလူတန်းစားနဲ့တေ့ပေးရတာပဲ။ နဂိုထဲက IQ ကော EQ ကောနည်းတဲ့ သူတွေဆိုတော့ ဖြေရှင်းမယ့်ကောင်လည်း ဝိုင်း ဆဲတာနဲ့တင် ကားခနဲပဲ။ မှိုင်းမိနေတဲ့သူတွေကို ဖြေရှင်းပေးဖို့ကြိုးစားနေတဲ့သူတွေကို သုံးလူတန်းစားအမြင်မှာ အမျိုးသားသစ္စာဖောက်တို့ဘာတို့ မြင်အောင်လုပ်ပေးရတယ်။
မေး။ မလွယ်ပါလားဗျို့။ ဘောမရတာလည်း။ နောက်ဆုံးအနေနဲ့ အခုဘောမချင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ဘာများ အမှာဖွင့်လိုသလည်း။
ဖြေ။ ထွေထွေထူးထူးတော့မရှိပါဘူး။ ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်။ တဖက်ပိတ်ကြားနေတဲ့ ပညာလေးကို ပိုင်အောင့်ကျင့်ကြံပါလို့တိုက်တွန်းပါတယ်။ ကျေးဇူးတင်ပါတယ်။
------------------
P.S: The event is fictional. Any similarity to person, living or dead, is purely coincidental.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...