Thursday, November 5, 2015
Yoyarlay
.
Ref: newsfp
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎news_yyl‬
(Unicode version)
NASA မှာ အလုပ် လုပ်တဲ့ အသက် ၁၇ နှစ် အရွယ် လူငယ်
ထိုင်ဝမ် မိခင်နဲ့ ဘရာဇီး ဖခင်တို့မှ မွေးဖွားလာတဲ့ Moshe Kai Cavalin လို့ အမည်ရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ဟာ NASA မှာ အလုပ်သင် ဝန်ထမ်း အဖြစ် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ကုမ္ဗဏီမှာ သူ့လောက် အသက်အရွယ်နဲ့ လုပ်ရဖို့ဆိုတာ အင်မတန် ခက်ခဲ ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားပြီး သူဟာ အတန်းပညာများကို ထူးချွန်လွန်းလို့ အဆင့်ကျော်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူဟာ အသက် ၁၁ နှစ်မှာ Community College ကနေ ကျောင်းပြီးပြီး အသက် ၁၅ နှစ်မှာ UCLA (University of California, Los Angeles) ကနေ Pure Mathematic နဲ့ ဘွဲ့ရ ပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း We Can Do လို့အမည်ရတဲ့ စာအုပ်ကို ရေးသားခဲ့ပါသေးတယ်။ “I was able to reach the stars but others can reach the Milky Way,” ဆိုတဲ့ စာကြောင်းဟာ သူ့ကို လူသိများလာစေခဲ့ ပါတယ်။ သူ့အနေနဲ့ Master Degree ကို တက္ကသိုလ် တစ်ခုကနေ အွန်လိုင်း စနစ်ဖြင့် တက်ရောက်နေပေမယ့် NASA မှာ အလုပ် လုပ်တဲ့အတွက် နှောင့်နှေးနေ ပါတယ်။
သူဟာ NASA မှာ မောင်းသူမဲ့ လေယာဉ် တီထွင်တဲ့ ဌာနမှာ အလုပ် လုပ်ရပြီး သူ့ရဲ့ တာဝန်ကတော့ လေယာဉ်ကို အသွားကော အပြန်ပါ ဘယ် အရာဝတ္ထုများနဲ့ တိုက်မမိစေအောင် သင်္ချာ နည်းကျကျ တွက်ချက် အဖြေထုတ်ပေးရတဲ့ အလုပ်ဖြစ်ပါ်တယ်။ Simulation ကို အဓိက control လုပ်ပေးရ ပါတယ်။ Moshe Kai Cavalin ကို အသက် ငယ်ငယ်ဖြင့် ထူးချွန်သူ အဖြစ် အသိအမှတ် ပြုခဲ့ကြ ပါတယ်။
.
Ref: newsfp
အောင်ခမ်း (ရိုးရာလေး)
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...