Thursday, November 26, 2015

iPhone တီထွင်သူ စတိဂျော့ရဲ့နောက်ဆုံးစကား


ကျွန်တော်စီးပွားရေးလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါမှမဟုတ်ကျွန်တော်ဘဝဟာထင်ရှားတဲ့အောင်မြင်မှု့နမူနာပဲဖြစ်ပါတော့တယ် ။
ဒါပေမဲ့ အလုပ်လုပ်တာ အပြင်ကျွန်တော်မှာပျော်ရွင်မှု့တွေ သိပ်မရှိပါဘူး ဘာကြောင့်လည်းဆိုတော့ ချမ်းသာခြင်းသာလျှင်ကျွန်တော်ဘဝမှာရှိခဲ့တဲ့တစ်ခုတည်းသောအရာမို့ပါ။


...................................
ကျွန်တော် ဆေးရုံမှာ ဖျားနာပြီးကုတင်ပေါ်မှာလှဲနေတော့ ကျွန်တော့ဘဝရဲ့အတိတ်တွေကိုပြန်သတိရမိခဲ့တော့တယ် ကွန်တော်ပိုင်ဆိုင် ရရှိထားတဲ့ ချမ်းသာခြင်းတွေဟာ ဘာတန်ဖိုးမှမရှိတာကို ကျွန်တော်ဘဝရဲ့ သေခါနီး အချိန်မှာတွေ့ ရှိခဲ့ရပါတော့တယ်
ကျွန်တော့်အတွေးထဲမှာ အစိမ်းရောင် အလင်းတန်း နဲ့အသက်ရှုကူစက် ကစက်သံကိုပဲကြားနေရပြီးကျွန်တော်သိနေတာ ကျွန်တော် ရဲ့နောက်ဆုံးအချိန်မှာ သေခြင်းတရား ကနီးကပ်လာနေပြီဆိုတာ ရိပ်မိနေပါတယ် ။
...................................
.အဲ့ဒီအချိန်မှာကျွန်တော် တွေးနေမိတာကိုယ်က အတန်အသင့်ချမ်းသာ လာရင်တစ်ခြားအရာကို စိတ်ဝင်တစားအချိန်ပေးဖို့ သင့်လှပါတယ်
အရေးကြီးတဲ့အရာတွေဖြစ်တဲ့ ငယ်စဉ်ဘဝတုန်း က သင်ကြားချင်တဲ့ အရာဖြစ်ချင်တဲ့အရာတွေ လုပ်ဆောင်တာမျိုးတွေ။
................................................
ချမ်းသာမှု့နောက်မနားတမ်းလိုက်ပြီးမရပ်မနား နေနေတာကျွန်တော်လိုဘဝ မျိုးကို ဖြစ်စေပါလိမ့်မယ်
ဘုရားရှင်ကလူသားတိုင်းရဲ့နှလုံးသားထဲကိုချစ်ခြင်းမေတ္တာတွေ ပေးအပ်ထားပြီး အချင်းချင်းငွေကြေးနဲ့ဝယ်လို့မရနိုင်ပါဘူး .
ကျွန်တော်သေသွားရင်ကျွန်တော်ချမ်းသာခြင်းတွေ ယူသွားလို့မရနိုင်ပါဘူး အမှန်တကယ်သယ်ဆောင်သွားနိုင်မဲ့ အရာတွေကတော့ မေတ္တာနဲ့ထုံမွန်းနေတဲ့ အမှတ်ရစရာလေးတွေပါပဲ
အဲ့အရာတွေသာလျင် စစ်မှန်တဲ့ချမ်းသာမှု့တွေဖြစ်ပြီးကိုယ့်ကို အလင်းရောင်ပေး လမ်းပြပေးနိုင်မှာပါ ။
................................
မေတ္တာ က ကိုယ်နဲ့မကွာ တစ်သက်တာလုံးလိုက်ပါသွားနေမှာပါ ဘာကြောင့်လည်းဆိုတော့ သူက ကိုယ့်ရဲ့နှလုံးသားထဲမှာတည်ရှိနေလို့ပါပဲ
ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ကုတင်ကတော့လူနာကုတင်ပါပဲ ။ သင်လူတွေကိုငှားရမ်းပြီးခိုင်းစေလို့ရနိုင်ပါတယ် ကားမောင်းခိုင်းခြံရှင်းခိုင်း စသဖြင့် ခိုင်းလို့ရနိုင်ပေမဲ့ ဘယ်သူ့ကိုမှ သင့်ကိုယ်စားရောဂါ လာခံစားပေးဖို့ ငှားလို့မရနိင်ပါဘူး
ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ ပြန်ရှာလို့ ရနိုင်ပေမဲ့ ဘဝရဲ့ပျောက်ဆုံးသွားတဲ့ အချိန်တွေ ကိုပြန်မရ နိုင်ပါဘူး ။
..................................
ခွဲစိတ်ခန်းထဲ ဝင်ရတော့မှ ကိုယ့်ရဲကျန်းမာရေးကိုကိုယ်ဂရုစိုက်ရမယ်ဆိုတာ တွေးမိ
လာတတ်ကြတယ် ဒါပေမဲ့အမြဲတမ်းနောက်ကျပြီးမှ သိနေတတ်ကြပါတယ်
ကိုယ့်ရဲ့မိသားစု ကိုယ်ချစ်တဲ့သူ ကိုယ့်ရဲ့မိတ်ဆွေတွေကို ဂရုစိုက်လိုက်ပါ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး မိသားစုနဲ့ပတ်ဝန်းကျင်ကို အလေးထားပါ ။
...................................
လက်တွေ့စမ်းသပ်ကြည့်ပြီးပါပြီ ငွေ အချိန် ကျန်းမာရေး စတာတွေမှာ
ကျန်းမာရေးဟာအရေးအကြီးဆုံးပါ ငွေနဲ့အချိန် က ဒုတိယနဲ့ တတိယပါ
ဒါကြောင့်ကျန်းမာရေးကိုဂရုစိုက်ကြပါခင်ဗျာ။
++++++++++++
ဖေးဘုတ်ကိုစာသင်ခန်းအဖြစ်ပြောင်းလဲ ကြစို့
Change your brain,Change your life.
ဖတ်သင့်တာတွေကို Shareပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်
Credit 》》》သူဌေးမင်းကြီး Page

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...