Tuesday, November 24, 2015

တနေ့ ယောက္ခမ ဖြစ်မဲ့မိခင်လောင်းလေးများသို့


ကျွန်မအမျိုးသား နဲ့ ချစ်သူဘဝ...သူ့အမေနဲ့မိတ်ဆက်ပေးတဲ့အချိန်ကနေ လက်ထပ်ဖို့စီစဉ်တဲ့အထိ ကျွန်မ" ယောက္ခမအကြောင်းကို ဘာမှမသိသေးပါဘူး။
ကျွန်မလက်ထပ်ပြီးကိုယ်ဝန်ရလာတော့ သူ့သမီးတစ်ယောက်လိုပဲ စားချင်တာများကို ချက်ပြုတ် ပို့ပေးတတ်ပါတယ်။ သူ့သားကြိုက်တာအပြင်'ကျွန်မအကြိုက်လေးတွေပါ မှတ်သားပြီး မှတ်မှတ်ရရလေး မအားတဲ့ကြားက ချက်ကျွေးတတ်ပါသေးတင်္ယ။

ကျွန်မအမျိုးသားက ကျွန်မတို့အိမ်ကိုလိုက်နေတဲ့အတွက် တစ်ခါတစ်ရံမှ တွေ့ရတဲ့သားရဲ့ မွေးနေ့' ကျွန်မရဲ့ မွေးနေ့'အတွက် လက်ဆောင်ပေးဖို့ မပျက်ကွက်ခဲ့ပါဘူး။
သားလေးမွေးပြီးဆေးရုံကဆင်းတော့ အိမ်အထိလိုက်ပြီး သူ့မြေးဝေယျာဝစ္စအပြင် ကျွန်မကိုလည်း အမေတစ်ယောက်က သမီးတစ်ယောက်ကို စောင့်ရှောက်သလို။စောင့်ရှောက်ပါတယ်။ဒါတွေက ဘာကြောင့်လဲဆိုတာကို အဲဒီအချိန်က ကျွန်မသေချာမသိခဲ့ပါဘူး။
ကျွန်မသားလေးနဲ့ အတူတူနေရင်း နေရင်း ကျွန်မနားလည်လာခဲ့တယ်။ သားကိုချစ်ရင် ချွေးမကိုချစ်ရမယ်ဆိုတာပေါ့။ ကျွန်မသားကိုသိပ်ချစ်ပါတယ် သားကြီးလာရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အများကြီး စိတ်ကူးယဉ်တဲ့အခါမှာ သားရဲ့အိမ်ထောင်ရေးက မပါမဖြစ်ပေါ့။
ကျွန်မစဉ်းစားမိတယ်။ သားက အခုလို သူချစ်တဲ့ သူ့အိမ်ထောင်နောက် လိုက်နေတဲ့အခါ ကျွန်မက အပေါက်ဆိုးနေရင် သားကျွန်မဆီလာလည်ပါ့မလား သားကျွန်မကိုချစ်ပါတော့မလား...အမေနဲ့ ချွေးမ လွန်ဆွဲနေရင် သားစိတ်ချမ်းသာပါ့မလား...
သားစိတ်ဆင်းရဲလို့မဖြစ်ဘူး။ လူမဖြစ်သေးတဲ့ တစ်နှစ်အရွယ်သားငယ်ကိုကြည့်ပြီး ကျွန်မယောက္ခမကို အရမ်းလေးစားချစ်ခင်မိပါတယ်။
သားကိုချစ်တဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိတယ်။ ယောက္ခမက ကျွန်မတို့သူ့အိမ်အလည်သွားရင် စားစရာတွေအားလုံး ကိုယ်တိုင်ပြင်ဆင်ကျွေးမွေး'မုန့်ဖိုးတွေပေး ကိုယ်မလာဖြစ်ရင်တောင် သူကိုယ်တိုင်ကျွန်မတို့အိမ်အလည်လာ တာတွေကို ပိုနားလည်လာမိတယ်။
နောက်ပြီး တရားမျှတမှု...
သားတွေ'သမီးတွေ'မွေးထားတဲ့ မိခင်တွေအနေနဲ့ ဘယ်သားကိုပိုချစ်လို'ဘယ်သမီးကိုပိုချစ်လို့' အကြီးကိုပိုချစ်လို့'အငယ်ဆုံးမို့ပိုချစ်လို့'ဆိုတဲ့ ပြဿနာတွေက ယောက္ခမနဲ့ ချွေးမ' ယောက္ခမနဲ့ သားမက်တွေကြားထဲက အကြီးမားဆုံးပြဿနာပါ။
မြေးတွေရလာရင်လည်း ဘယ်သူ့ကိုပိုချစ်လို့ ဘယ်သူကမွေးတဲ့မြေးမို့ပိုချစ်လို့"ဘာပေးတယ် ညာပေးတယ်ဆိုတဲ့ ကိစ္စတွေလည်း ကြားဖူးနားဝရှိထားတဲ့ ကျွန်မလေ ။ ကျွန်မယောက္ခမကြီးရဲ့ သားနဲ့သမီးကြားက သူ့ရဲ့ စီမံခန့်ခွဲမှုကို ကျွန်မပြောပြပါမယ်။
ကျွန်မအမျိုးသားက ကျွန်မအိမ်ကိုလိုက်နေပါတယ် ကျွန်မကအဖွားနဲ့အတူနေချင်တာမို့ သူ့ကို တောင်းဆိုထားတာမို့ပါ။ သူ့အစ်မကသူ့ထက် တစ်နှစ်လောက်ပဲစောပြီးအိမ်ထောင်ကျတာပါ။
ကျွန်မသားနဲ့ ကျွန်မယောင်းမမွေးထားတဲ့ ကျွန်မတို့တူမလေးနဲ့ ၈ လပဲကွာပါတယ်။ ကျွန်မတို့အမေ(ယောက္ခမ)က ဘာပဲဝယ်ဝယ် ၂ ယောက်စာဝယ်ပါတယ်။ မြေးမလေးမွေးနေ့ကို(ရွှေ)တစ်မတ်သား လုပ်ပေးရင် မြေးကလေး ကျွန်မသားမွေးနေ့ဆိုရင်လည်း တစ်မတ်သားပါပဲ။
မြေးမလေးကိုဆိုင်ကယ်ဝယ်ပေးထားရင် မြေးကလေးကိုလည်းဆိုင်ကယ်ဝယ်ပေးပါတယ်။ အပိုအလိုမရှိစီစဉ်ပေးတဲ့ အမေ့(ယောက္ခမ) မျက်နှာကလည်း အမြဲပြုံးနေတတ်ပြီး။ ဘာသာရေး'လူမှုရေးနဲ့ အမြဲပျော်အောင်နေတတ်ပါတယ်။
ကျွန်မယောက္ခမ ပညာတတ်မဟုတ်ပါဘူး။ ဈေးရောင်းပါတယ်။ဖုန်းလည်းမကိုင်တတ်ပါဘူး။လူချမ်းသာကြီးလည်းမဟုတ်ပါဘူး။ ကျွန်မယောက္ခမရ အရမ်းကံကောင်းတာပါ။
သားမွေးတဲ့မိခင်တိုင်း ဒီလိုစိတ်မျိုးရှိရင်ကောင်းမှာပဲလို့တွေးမိပါတယ်။ နောက်ပြီး ကိုယ်တိုင်ရော ဒီလိုစိတ်မျိုးသဘောကျရင်။ ဒီလိုစိတ်မျိုးမွေးနိုင်ပါ့မလား....ကြိုးစားရမှာပေါ့နော်'ကျွန်မသားကိုချစ်တယ်လေ။ ချွေးမက ကျွန်မဆီလာလည်ချင်မှ သားကကျွန်မဆီလာလည်မှာပေါ့' မြေးလေးတွေက ကျွန်မကိုချစ်မှ ကျွန်မဆီလာလည်ချင်မှာပေါ့ ကျွန်မက မမျှတရင် သူတို့လေးတွေ ငြိုငြင်မှာပေါ့။ သူတို့လေးတွေ အားကိုးရာမဲ့ချိန် အမေဆိုပြီး ပြေးသတိရမိတဲ့သူ ဖြစ်ချင်တယ်။
ကျွန်မလည်း တချိန်ကျရင် ယောက္ခမဖြစ်မှာ မလွဲမသွေပဲလေ။
__________________________________________
Credit to: Su Yee Moe>>>

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...