Thursday, November 5, 2015

ဟာသပေါင်းချုပ် ( -၁၁)

Zaw Min Latt

အဖော်အများကြီးရှိပါတယ်
တရက်၌ အမေရိကန်သမ္မတအိုဘာမားသ ည်ခေါင်းကိုက်၍၊ ဆရာဝန်ထံသွားပြသည်၊ ဆရာဝန်မလေးက သူ့၏ဦးခေါင်းကို brain scan လုပ်ပေးလိုက်သည်၊ နောက်နေအိုဘာမား သူ၏ result ကိုသွားကြည့်သောအခါ၊
ဆရာဝန်မလေးက “သမ္မတကြီးကိုစိတ်မချမ်သာစရာတခုကိုပြောရဦးမယ်၊ သမ္မတကြီးရှင့်လူသားများ၏ဦးနှောက်သည်နှစ်ခြမ်းရှိပြီးဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဟူ၍ရှိသည်……”

ထိုအခါအိုဘာမားကစိတ်မရှည်စွာဖြင့်ကြာဖြတ်ပြိး “ ဒါကတော့လူတိုင်းသိပါတယ်ကွာ၊ လိုရင်းကိုတာပြောဆန်းပါ ”
ဆရာဝန်မလေးကဆက်၍ “ That’s true, Mr. President. But your brain is very unusual because on the right side there is nothing left , while on the left side there is nothing right.” (သမ္မတကြီ၏ညာဘက်ဦးနှောက်သည်ဘာမှမကျန်တော့ဘူး၊ ဘယ်ဘက်ဦးနှောက်သည်ဘာမှမကောင်းတော့ဘူးတနည်းအားဖြင့်ဆိုသော်ညာဘက် ဦးနှောက်သည်ကောင်းတာဘာမှမကျန်တော့ဘူး၊ ကျန်တဲ့ဟာလည်းဘာမှမကောင်းတော့ဘူး)
ဆရာဝန်မလေးကဆက်ပြီး “ ဒါမျိုးရောဂါ ကျမတို့ဗမာပြည်က လူကြီးတွေဖြစ်နေတာကြာလှပြီ၊ သမ္မတကြီးက ခုတလောမှဖြစ်တာ စိတ်မညစ်ပါနဲ့ အားလည်းမငယ်ပါနဲ့လူနာဖော်အများကြီးရှိပါတယ်”ဟူသတည်း။
(လက်စသတ်တော့ဆရာဝန်မလေးက ဗမာပြည်ကကိုး)
Credit- Mg Lynn

ကံကောင်းတာလား
အသက် ၄၀ အရွယ် ထိပ်ပြောင်နေသော ခင်ပွန်းက ကျန်းမာရေးဂျာနယ်ဖတ်ရင်း ဇနီးသည်အား ဝမ်းသာအားရဖြင့်
- “ထိပ်ပြောင်တာဟာ ကျန်းမာရေးကောင်းတယ်တဲ့ မိန်းမရေ”
“ဘာဖြစ်လို့လဲရှင့်”

“ထိပ်ပြောင်တာဟာ ကျားဟော်မုန်းမြင့်မားတာဖြစ်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေလည်းနည်းတယ်တဲ့။ ငါတော့ ကံကောင်းတာပဲ”
“ရှင့်အတွက် ကံကောင်းသလောက် ကျွန်မအတွက်တော့ ကံဆိုးတာလဲ”
“ဘာဖြစ်လို့ပါလိမ့်”
“မနေ့ကပေါ့၊ ဆယ်အိမ်မှူးလေးက သက်ကြီးပူဇော်ပွဲလုပ်မလို့၊ အစ်မယောက်ျား အသက် ၇၀ ကျော်ပြီလားတဲ့”
“ဟိုက်”
Credit- U Myo

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...