Wednesday, November 25, 2015

လော်စပီကာဥပဒေ ထိရောက်စိုးမိုးမှု ရှိစေရန် ပြည်သူအများ လိုလားလျက်ရှိဟု ဆို

Tun LynnFollow
၂၅..၁၁..၁၅

ဘာသာရေးအခမ်းအနားများ၌ အသံချဲ့စက်များ အသုံးပြုခြင်း၊ ဆူညံ ခြင်းများအပေါ် လူထု၏အလိုမကျမှုများ ထွက်ပေါ်လာလျှက်ရှိသည်။ ဘာသာရေး အခမ်းအနားများတွင် အသံချဲ့စက် အသုံးပြုခြင်းနှင့်ပတ်သက်၍ ပိုမို တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ရန် လူနေထူထပ်သော ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် နေထိုင်သူများက လိုလားလျက်ရှိသည်။

-
ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူနှင့် ရိုးရာယုံကြည်ကိုးကွယ်မှု ဘာသာဝင်များလည်း ရှိသည်။
-
ကဆုန်လပြည့်နေ့၊ တန်ဆောင်တိုင်ပွဲတော်၊ စသည့် ဘာသာရေးအခမ်းအနားများတွင် ဖျော်ဖြေပွဲများ၊ စီတန်းလှည့်လှည်မှုများ အတီးအမှုတ်အကအခုန်များဖြင့် ကျင်းပလေ့ရှိသည်။
-
ဗုဒ္ဓဘာသာအခါကြီးရက်ကြီးများတွင် အလှူခံများက ရော့ခ်နှင့်ပေါ့သီချင်းများကို အသံချဲ့စက်များဖြင့် ကျယ် လောင်စွာဖွင့်ကာ အလှူခံလေ့ရှိသည်။
-
ခရစ်ယာန်ဘုရားကျောင်းမှ ခေါင်းလောင်းသံနှင့် ဗလီများမှ နှိုးဆော်သံ များအပေါ် ဝေဖန်မှုများရှိနေသလို ဗုဒ္ဓဘာသာအခမ်းအနားများကို ဆူညံစွာ ကျင်းပခြင်းမှာ ဘာသာရေး၏ အခြေခံမှ သွေဖယ်နေသည်ဟု လူထုက ဝေဖန်လျှက်ရှိသည်။
-
မန္တလေးမြို့မှ တက္ကဆီယာဉ်မောင်း ၁ ဦးဖြစ်သူ ဦးငွေခီး၏ နေအိမ်အနီးတွင် ဗုဒ္ဓဘာသာတရားစခန်း ၁ ခုရှိပြီး အသံချဲ့စက်များဖြင့် သီချင်းများဖွင့်ခြင်း လာရောက်လှူဒါန်းသူများ၏ အမည်နှင့် လှူဒါန်းငွေပမာဏကို ကြေညာ ခြင်းတို့ ပြုလုပ်လျက်ရှိသည်။
-
ဦးငွေခီးက “ဒီနားတစ်ဝိုက်မှာ တစ်အိမ်တက်ဆင်း အလှူခံထားပြီး ကျွန်တော်တို့ ကလည်း လှူထားပြီးသားပါ။ ဆူဆူညံညံနဲ့” ဟု ပြောကြားခဲ့သည်။
-
မန္တလေးမြို့မှ အငြိမ်းစားကျောင်းဆရာ ၁ ဦး ဖြစ်သူ ဦးလှစိန်ကလည်း “ဒါဟာ ဘာသာရေးလှုပ်ရှားမှုဆိုတာ သူတို့ ပိုနားလည်သင့်တယ်။ ဘာသာရေးပွဲမစခင် သီချင်းတွေဖွင့်ပြီး ဖွင့်တဲ့သီချင်းတွေကလည်း ဘာသာရေးနဲ့ မသက်ဆိုင်ဘူး။ ဒါပေမဲ့ ဘာသာရေးပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြောလို့မရဘူးဖြစ်နေတယ်”ဟု ထောက်ခံပြောကြားခဲ့သည်။
-
ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ပြီး အများဆုံးလာရောက်လေ့ရှိသည့် ဆောင်းရာသီမှာ မြန်မာနိုင်ငံ တွင် ဘာသာရေးပွဲတော် အများအပြားကျင်းပသည့် အချိန်လည်းဖြစ်သည်။
-
မန္တလေးမြို့မှ ခရီးသွားလမ်းညွှန် ကိုနိုင်ထွန်းလင်းက “ဒီကိုလာတဲ့ ခရီးသွားတွေက ကျွန်တော်တို့နိုင်ငံကို ငြိမ်းအေးတဲ့ နေရာတစ်ခုအဖြစ် မှတ်ယူ ရောက်ရှိလာတာပါ။ ဘာသာရေးပွဲတွေမှာ ခေတ်ပေါ်သီချင်းတွေဖွင့်တာက ပတ်ဝန်းကျင်ကလူတွေကို အနှောက်အယှက်ဖြစ်စေတဲ့အပြင် ဗုဒ္ဓဘာသာအပေါ် သီချင်းတွေဖွင့်တာက ပတ်ဝန်းကျင်ကလူတွေကို အနှောက်အယှက်ဖြစ်စေတဲ့အပြင် ဗုဒ္ဓဘာသာအပေါ် ကမ္ဘာလှည့်ခရီးသည်တွေ အမြင်မှားစေနိုင်ပါတယ်”ဟု ဆိုသည်။
-
ထိုသို့ ဆူညံမှုများအတွက် သည်းခံပေးပါရန် ခရီးသည်များကို ဟိုတယ် အချို့က ကြိုတင်တောင်းပန်မှုများ ပြုလုပ်ထားရသည်။ တန်ဆောင်တိုင်ပွဲတော်အတွက် အသံချဲ့စက်များဖြင့် အလှူခံမှုများရှိနေကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြချက်ကို
မန္တလေးမြို့ရှိ ဟိုတယ်အချို့ က ခရီးသည်များထံ ဝေမျှခဲ့သည်။ ထိုရှင်းပြချက်တွင် “ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ ဒီဘာသာရေးပွဲ တွေကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်”ဟု ရေးသားခဲ့သည်။ သီချင်းဖွင့်ရမည့်အချိန်အသံကန့်သတ်ချက်တို့နှင့်
ပတ်သက်၍ တာဝန်ရှိ သူများက ဒေသခံများနှင့် ဆွေးနွေးလုပ်ဆောင်
သင့်သည်ဟု ကိုနိုင်ထွန်းလင်း က ဆိုသည်။
-
ဥပဒေအရ အသံချဲ့စက်အသုံးပြုရန် အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူရန် လိုအပ်ပြီး စည်းမျဉ်းများကို ဖောက် ဖျက်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ် (သို့) ထောင်ဒဏ် ၇ ရက်အထိ ချမှတ်နိုင်သည်။
-
ဆူညံမှုပြုလုပ်ခြင်းကို ဥပဒေ အရ အရေးယူနိုင်ပြီး ဘာသာရေး အခြေခံနှင့်လည်း ကွဲလွဲနေသည်ဟု မန္တလေးမြို့မှ ရှေ့နေဦးလှကဆိုသည်။ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေသူများတွင် အလှူခံများ၊ ဘာသာရေး အဆောက်အအုံများအပြင် နံနက်စောစောစီးစီးတွင် ကံကောင်းစေရန် ရည်ရွယ်ကာ တရားခွေကျယ်လောင်စွာ ဖွင့်သည့် နေအိမ် အချို့လည်း ပါဝင်သည်။
-
ထို့အပြင် အခြားဘာသာများ၏ အခမ်းအနားများလည်း ဆူညံမှုကြောင့် ဝေဖန်ခံရခြင်းများ ရှိသည်။
==================
Credit to April Mg Mg
The Ladies News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...