Saturday, October 31, 2015

ရပ်ကွက်ထဲမှာ ဒီလိုပဲ

Tin Nyunt

ဂျစ်ဆီလိုဘဝမျိုးနဲ့ နေထိုင်ရသူဆိုတော့ ဒီနေ့ မြောက်ဒဂုံကနေ သာကေတကို ပြောင်းရပြန်ပြီဗျာ။ တစ်ခါ ပြောင်းတိုင်း ပြောင်းရွှေ့ရတဲ့စရိတ်တွေက အိမ်လခနဲ့ မတိမ်းမယိမ်းကပ်လိုက်နေတော့တယ်။
ရပ်ကွက်တစ်ခုကနေ တစ်ခုကို ပြောင်းတိုင်း စိတ်ဆင်းရဲစရာ ကောင်းတာက ရပ်ကွက်အုပ်ချုပ်ရေးဆိုတဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရတာပဲဗျ။ ခုလည်း နေထိုင်တဲ့ရပ်ကွက်ကို မရောက်သေးဘူး ရှေ့ပြေးသွားပြီး ရှင်းလင်း သန့်ရှင်းရေး လုပ်ရုံရှိသေးတယ်။
“မင်းတို့ ကုလားတွေလား” လို့ စော်စော်ကားကား လာမေးတာ ခံလိုက်ရတယ်။ လူပုံတွေက ဘယ်လိုမှ ကုလားပုံ မပေါက်တဲ့ ဗမာစစ်စစ်တွေကို ကုလားတွေလားလို့ လာမေးတယ်ဆိုကတည်းက စော်ကားမှုစတင်ပြီပေါ့။ ဒီရပ်ကွက်ထဲ ပြောင်းလာ တဲ့ကောင်တွေကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းထားမှဆိုပြီး ပညာပြချင်တာ သေချာနေပြီပေါ့။
ပြီးတော့ သူတို့ကို အကြောင်းမကြားဘဲ အိမ်ငှားထားရသလားဆိုပြီး အပြစ်တင်သေးသဗျ။ အိမ်ရှင်က ကျွန်တော့်ကို တိုက်ရိုက်အပေးအယူလုပ်ပြီး သူ့အခန်းမှာနေဖို့ ခွင့်ပြုထားတာ သူတို့ ရပ်ကွက်ကို အကြောင်း ကြားရမှာလားဗျာ။

လုပ်ထုံးလုပ်နည်းတွေ နားလည်သပေါ့။ ဒီနေ့ရောက် ညကျရင် သူတို့ရုံးဖွင့်ချိန် ဧည့်စာရင်းသွားတိုင်၊ တောင်းတာပေးရမှာပါပဲ။ ဒါပေမဲ့ ငါဘာကောင်ဆိုတဲ့ ပါဝါအာဏာပြလာတာတွေဟာ မြန်မာနိုင်ငံမှာ နေရာအနှံ့ ရှိနေသေးတယ်ဆိုတာ ထင်ရှားလှပါတယ်။
ဘယ့်နှယ်ဗျာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးက ရပ်ကွက်တွေထဲမှာ ခယဝပ်တွား ပိုက်ဆံပေး၊ ဧည့်စာရင်းတိုင် လူပါးဝ လည်းခံနေရပြီး ၊တိုင်းခြားမြေခြားမှာ နေတဲ့သူကိုတော့ လာပါ လာပါ … ကြိုက်တဲ့နေရာမှာ နေနိုင်ပါတယ်လို့ ဖိတ်ခေါ်နေတာကို အသည်းနာလှသဗျာ။
၃၁.၁၀.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...