Sunday, November 22, 2015

"ရင်နာစရာဇာတ်လမ်း တစ်ပုဒ်"

Thanlay Ko

ညနေက ကောင်လေးတစ်ယောက် ကျနော့်ကို လာပြီး ရင်ဖွင့်တယ်။
ရင်ထဲ မကောင်းဘူးဗျာ။
ဒီ စင်္ကာပူမှာ အလုပ်လုပ်ရင်း အနာဂတ်အတွက် ကြိုးစားနေကြတဲ့ ချစ်သူစုံတွဲလေးကြားထဲက မကြားဝံ့မနာသာ ဇာတ်လမ်းလေး တစ်ပုဒ်ကို အားလုံးဆင်ခြင်နိုင်ကြစေချင်လို့ အမည်နာမတွေ လွှဲပြီး ပြန်လည် ဖောက်သည်ချလိုက်တာပါ။
အားလုံး ဒီလိုအဖြစ်မျိုးက ကင်းလွတ်ကြပါစေလို့ ... ....


.
လေးသန်ရယ် ကျနော်ပြောပြပါရစေဗျာ
နားနဲ့မနာ ဖဝါးနဲ့သာ နာပါတော့
ဒီလို လေးသန်... ....
ကျနော့်မှာ ချစ်သူလေး ရှိတယ်
လေးနွယ်... တဲ့။
ကျနော် သူ့ကို သိပ်ချစ်ပါတယ်။
သူကလည်း ကျနော့်ကို ချစ်ဟန်ရှိတယ်။
ကျနော်က သင်္ဘောကျင်း လုပ်သားပါ။
သူက အိမ်အကူလုပ်တယ်။
နှစ်ယောက်လုံး သူများနိုင်ငံမှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရင်း အနာဂတ်အတွက် ချွေတာစုဆောင်းကြပါတယ်။
ဖုန်းတောင်မှ Bill ကုန်မှာစိုးလို့ သိပ်အရေးအကြောင်းမရှိရင် မဆက်ဖြစ်ဘူး။
ဒီရက်ပိုင်း ပိုဆိုးပေါ့
သူလည်း သူ့အိမ်ရှင်ရဲ့ ခရစ်စမတ်အကြိုပြင်ဆင်မှုတွေမှာ အလုပ်များနေတယ်။
ကျနော်လည်း အချိန်မှီပြီးရမယ့် ဒေါက်တင်သင်္ဘောအတွက် အလုပ်များနေတယ်။
ဖုန်းမပြောဖြစ်တာ ၂ ရက်၊ ၃ ရက်ရှိပြီ။
မနေ့ညတော့ သူ့ကို အရမ်းသတိရလို့ ဖုန်းခေါ်ဖြစ်တယ်။
ဖုန်းပြန်ဖြေတဲ့ သူ့အသံလေးမှာ ပင်ပန်းနွမ်းနယ်နေသံတွေ ပါနေတယ်... ...
"လေးနွယ်... နေကောင်းရဲ့လား"
"ကောင်းပါတယ် ကိုကြီးရယ်"
"အလုပ်တွေ အရမ်းများနေတာလား"
"ဟုတ်တယ် ကိုကြီး၊ ပင်ပန်းလိုက်တာ"
"အေးပါကွယ်.... အားတင်းထားနော်"
"ဟုတ်ကဲ့ပါ... ကိုကြီးကို ပြောရအုံးမယ်"
"ပြောလေ..."
"အလုပ်များရတဲ့အထဲ လေးနွယ်ကလေးချီရတော့မယ် ကိုကြီး"
"ဟမ်.... ဘာ ဘယ် ဘယ် ဘယ်လို"
"ဟုတ်တယ် ကိုကြီး၊ ဒီနေ့ သူဌေးမနဲ့ ဆေးခန်းသွားတာ၊ ကိုယ်ဝန်က သုံးလရှိနေပြီတဲ့"
"ဟမ်... လေးနွယ်ရယ် ရက်စက်လိုက်တာ"
"ဟင်... ဘာဖြစ်လို့ လေးနွယ်က ရက်စက်ရတာလဲ ကိုကြီးရဲ့"
"ဒီကိုယ်ဝန်ဟာ ကိုကြီးနဲ့ မဆိုင်ဘူးလေ ဒါ လေးနွယ် ရက်စက်တာပေါ့"
"ကိုဂျီးးးးးးးးးးးးးးးးးး... ရှင် ဘာစကားပြောတာလဲ ဟမ်"
"ခု... ခု... ကိုယ်ဝန်ရှိနေပြီဆို... အဲ့ဟာ ဘယ်သူနဲ့ ရတာလဲ"
"သူဌေးနဲ့ .. အဲလေ ဟုတ်ပေါင် အဲ... ဟုတ်တယ်"
"ဘာတွေလဲ လေးနွယ်ရယ် တောက်စ်"
"ကိုကြီး စကားဆုံးအောင် နားထောင်၊ သူဌေးမမှာ ကိုယ်ဝန်ရှိတာ သူဌေးနဲ့ မရလို့ ဘယ်သူနဲ့ ရရမှာလဲ ဟမ်..."
"ငင်.... ကိုယ် ကိုယ်ဝန်က လေးနွယ်မှာ ရှိတာ မဟုတ်ဘူးလား"
"ကိုဂျီးးးးးးးး.... လေးနွယ်က ဘာလို့ရှိရမှာလဲ"
"ငင်... ခုနလေးနွယ်ပြောတော့ ကလေးချီရတော့မယ်ဆို"
"အေးလေ... ဒီသူဌေးမ ကလေးမွေးရင် မွေးလာတဲ့ကလေးကို ကျမ မချီမထိန်းလို့ ဘယ်သူက လာပြီး ချီနေထိန်းနေမှာလဲ"
"ဟူးးးးးးးးးးး... လေးနွယ်ရယ် အစထဲက ရှင်းရှင်းပြောပါလားကွယ်"
"လေတာပေါ့...."
.
.
ဒါပါပဲဗျာ...
ရင်ထဲမကောင်းဘူး
ခညားတို့က ကျနော်ပြောတာကို အဟုတ်မှတ်ပြီး ဖတ်နေကြလို့
.
.
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...