Thursday, October 22, 2015

သူ လို လူ


ဂန့်ဂေါ မြို့ နယ် အတွင်းရှိ ဈေးတွင် အမျိုးသမီး (၂) ဦး အချီ အချ ပြောနေကြစဉ်....
ဟဲ့ ကောင်မ ဦး လှဆွေကြီး နင်တို့ ရွာ ရောက်ပြီလား
ဘယ်က ဦးလှဆွေလည်းဟဲ့ မထိတ်သာ မလန့်သာ
ဟိုလေ ဖေ့ဘုတ်မှာ နာမည်ကြီး နေတဲ့ ဘူးလက်လှဆွေလေ။ ညည်းက ဒါတောင် မသိတော့ဘူးလား
သြော် .သိပြီ။ ဟို ဗိုလ်ချူ ပ် ၀င်စားတဲ့လူ မဟုတ်လား။ မလာသေးပါဘူးတော်။

အေး ..လာခိုင်း အရမ်းရီရတာတော့ ကိုဗေကြီးထက်တောင် သာသေး။ မဲဆွယ်တုန်း ပြောသွားလိုက်တာများ။ ဂျက် နဲ့ လက်နဲ့တော့။ ပြောင်းလဲချိန် တန်ပြီ ဆိုတာ အလကားတဲ့။ အခု ပြောင်းလဲနေတာ ၅ နှစ်တောင် ရှိပြီ တဲ့ တော်ရေ။
ဘာတွေများ ဂျက် နဲ့ လက်နဲ့ ပြောသွားတာတုန်း။ လုပ်ပါအုန်း ပြောစမ်းပါအေ။
အခုဆို တဲ့ ရွာတွေမှာ လက်ကိုင်ဖုန်း ဆိုင်ကယ် တွေ လူတိုင်းမှာ ရှိနေတာ ပြောင်းလဲလာတာတဲ့
နင်ကလည်း ဒီ လက်ကိုင်ဖုန်း ဆိုင်ကယ်က သူတို့ ပါတီကလူတွေ တနိုင်ငံလုံး ဒါပဲ ရှောက်ပြောနေတာ လူတိုင်းသိ။ ကျူ ပ်လည်း သိပါ့တော်။ မကြားချင်မှ အဆုံး။
ရှိသေးတယ်။.ကောင်မ ရဲ့ မလောနဲ့။ အရင်ကတဲ့ ရွာထဲ သူ လမ်းလျောက်ရင် မိန်းမ ၁၀ ယောက်လောက် သန်းထိုင် တုတ်နေကြရတယ်တဲ့။ အခု မတုတ်ရတော့ဘူးတဲ့ ။ ဘာဖြစ်လို့ ဆိုတော့ အရင်ကလို တယော ကင်ပွန်းတွေနဲ့ ခေါင်းလျော်စရာ မလိုပဲ ခေါင်းလျော်ရည် အကောင်းစားတွေနဲ့ လျော်နိုင်ပြီတဲ့လေ။
အေးဟယ်...ဟုတ်ပါရဲ့၊ သူပြောမှ သတိထားမိတော့တယ်။ လုပ်ပါအုန်း ဆက်ပါအုန်း
သူဆိုတဲ့ အရင်က ဆင်ချီးတုန်း ဆပ်ပြာ တိုက်ရတာတဲ့။ ၀ဲတွေ ပေါက်ခဲ့သေး ဆိုပဲ။ အခု ဆို ဆပ်ပြာတွေ အကောင်းစားတွေ တိုက်နေကြရတော့တဲ့ ခင်ဗျားတို့မှာ ၀ဲတွေ ယားနာတွေ ဘယ်သူ ရှိသေးလဲတဲ့။ လူတွေက တအုန်းအုန်း နဲ့ ရီကြတာ။ လွှတ်ကို သဘောကျကြတာ။ ပြီးတော့ အဲ့တာ ပြောင်းလဲနေတာ မဟုတ်လို့ ဘာလဲတဲ့။ ဘာကို ပြောင်းလဲကြအုန်းမှာတုန်းတဲ့တော်ရေ။
အေးဟယ်..ပြောသွားလိုက်တာ အချက် နဲ့ အလက်နဲ့တော့။
ပြီးတော့ ပြောသေးတယ်။ သူလို ကွာလတီ နဲ့ကယ်လီဘာကို NLD က ဘယ်သူမှ မယဉ်နိုင်လို့ သူ မစိုးရိမ်ဘူးတဲ့။
အေး..ဒါတော့ ဟုတ်မှာအေ့ ခုန လို ရီစရာ စကားတွေ ဟိုကလူတွေ ဘယ်ပြောတတ်ပါ့မလဲ။
အေး..နင်က ရီတယ်ဆိုလို့ ပြောရအုန်းမယ်။ ရွာထဲမှာလည်း သူပြန်သွားရော ရီတဲ့လူတွေအပြင် ငိုတဲ့လူတွေလည်း ငိုကုန်ကြရော။
ဘာလို့ ငိုရတာတုန်းဟဲ့။ သူ လွမ်းလို့လား။
ဘယ်ကလာ.. သူလို လူမျိုး ကိုယ်စားလှယ် အဖြစ် ၅ နှစ် ခန့်ခဲ့မိလိုတဲ့တော်ရေ။ ကဲ..ကဲ့ စကားပြောကောင်းနေ ကားမမှီပဲ နေအုန်းမယ်။ ပြန်လိုက်အုန်းမယ်ဟေ့။

ကိုးကား။ ။ RFA အသံဖိုင်မှ ဦးလှဆွေ ရဲ့ မဲဆွယ်ဟောပြောချက်ကို ကိုးကားသည်။
HSW.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...