Monday, October 26, 2015

ကျမချစ်သူက.....


ကျမချစ်သူက ဘီလံနာသူဌေးကြီး ဖြစ်ဖို့မလိုပါဘူး။ အလုပ်ကို ရိုးသားကြိုးစားလုပ်ချင်စိတ် ရှိနေဖို့ပဲ လိုတယ်။
ကျမချစ်သူက နောက်ခံ background တောင့်တင်းတဲ့သူ ဖြစ်ဖို့ မလိုပါဘူး။ နောက်ကြောင်း ရာဇဝင် ရှင်းခဲ့ဖို့ပဲ လိုတယ်။

ကျမချစ်သူက ကျမထက် အသက်ကြီးနေဖို့လည်း မလိုပါဘူး။ အသက်ရွယ်နဲ့ လိုက်ဖတ်တဲ့ ရင့်ကျက်တည်ငြိမ်မှုလေး ရှိဖို့ပဲလိုတယ်။
ကျမချစ်သူက စကားလုံးလှလှလေးတွေနဲ့ အပြောကောင်းတဲ့သူ ဖြစ်ဖို့ မလိုပါဘူး။ ကျမဝမ်းနည်းအားငယ်နေချိန်မှာ နှစ်သိမ့်ပေးနိုင် ပေးနိုင်ဖို့ပဲ လိုတယ်။
ကျမချစ်သူက ဘုရားလောင်းလို သူတော်ကောင်းစိတ် အပြည့်ရှိဖို့ မလိုပါဘူး။ ယုတ်ညံ့သေးသိမ်တဲ့စိတ်မျိုး မရှိဖို့ပဲ လိုတယ်။
ကျမချစ်သူက ဘွဲ့ထူးဂုဏ်ထူးတွေ တသီတတန်းကြီး ရှိဖို့ မလိုပါဘူး။ အတွေးအခေါ် ဆင်ခြင်တုံ တရားနက်တဲ့ ပညာဉာဏ် ရှိနေဖို့ပဲ လိုတယ်။
ကျမချစ်သူက မြင်သူတကာ ငေးရလောက်အောင် ရုပ်ချောဖို့ မလိုပါဘူး။ အကြောင်းသိတဲ့သူတိုင်း နှာခေါင်းရှုံ့စရာ မဖြစ်ဖို့ပဲ လိုတယ်။
ကျမချစ်သူက ကျမအပေါ်ရူးရူးမူးမူးကြီး ချစ်နေဖို့ မလိုပါဘူး။ စွဲစွဲမြဲမြဲ သစ္စာရှိနေဖို့ပဲ လိုတယ်။
ကျမချစ်သူက မိန်းမဘက်က တ ဆွေလုံး တမျိုးလုံးကို တင်ကျွေးထားဖို့ မလိုပါဘူး။ ဇနီးနဲ့ သားသမီးအပေါ် တာဝန်ယူရဲ၊ တာဝန်ကျေတဲ့ ယောက်ျားကောင်း ဖြစ်ဖို့ပဲလိုတယ်။
ကျမချစ်သူက ဒရမ်မာ ဇာတ်ကားထဲကလို ရိုမန်တစ်ဆန်ဆန် suprise တွေ လုပ်ပြဖို့မလိုပါဘူး။ ဒါပေမယ့် ကျမအတွက် တစ်လောကလုံးကို လက်တွေ့ဆန်ဆန် စိန်ခေါ် တိုက်ခိုက်ရဲ ဖို့တော့လိုတယ်။
ကျမချစ်သူက ကျမစိတ်ကို ထပ်တူထပ်မျှ နားလည်နေဖို့မလိုပါဘူး။ ဒါပေမယ့် ရှိုက်သံမဲ့တဲ့ ကျမရဲ့ မျက် ရည်တွေကိုတော့ သူ မြင် တတ် ဖို့ လိုတယ်။

Credit : စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...