Wednesday, October 7, 2015

နှုတ်ဝစီကံ အကျိုး


ရဟန္တာမကြီး နှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးကမေးတယ် ။ အသက်ကလည်းငယ်တယ် ။
အရွယ်လည်းရှိနေပါလျက်နဲ့ ဘာကြောင့်အိမ်ထောင်မပြုဘဲ တရားလာကျင့်ပါသလဲ ဆိုတော့ ရဟန္တာမထေမကြီးက သူဘဝဇာတ်ကြောင်းကိုပြောပြတယ် ။ သူဟာ ဘဝတစ်ခုမှာ
အခြားတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်ပြီး အမေတပ် ဆဲဆိုခဲ့မိတယ် ။

နောင်တစ်ချိန်မှာ သူဟာ ကုန်သည်
ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ် ။ ပေါင်းသင်း
ပြီးမကြာခင်မှာဘဲ ယောက်ျားလုပ်သူက ကုန်ကူးသွား
တော့  သဘောမတူတဲ့ ယောက္ခမတွေက. ဒီခလေးက
သသူတို့သားနဲ့ရတာမဟုတ်ပါဘူးဆိုပြီးတော့ အိမ်ကနေ
ဆူပူမောင်းချလိုက်တယ် ။ ကိုယ်ဝန်ရင့်မာကြီး ဗိုက်
တစ်လုံးနဲ့. ယောက္ခမအိမ်ကဆင်းခဲ့ရတယ် ။ ဇရပ်တစ်ခု
ရောက်တော့ ဗိုက်နာပြီးခလေးမွေးတယ် ။ ခလေးကို
ဇရပ်မှာထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်
ကစွန့်ပစ်ထားတဲ့ခလေးမှတ်ပြီး ကောက်ယူသွားခဲ့တယ်
ဒီလိုနဲ့ စိတ်လေပြီးလျှောက်သွားနေတုန်း ဒမြဗိုလ်ကြီးနဲ့
တွေ့ပြီး ပေါင်းသင်းနေထိုင်ပြန်တယ် ။ တစ်နေ့ ခလေး
ပုခက်ထဲကပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာရလို့. ဒမြဗိုလ်
ကြီးရိုက်နှက်မှာကိုကြောက်ပြီး ခလေးကိုထားပြီးထွက်
ပြေးသွားခဲ့တယ် ။ အဲဒီလိုနဲ့. တစ်ယောက်ထဲ နှစ်ပေါင်း
များစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်
နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ် ။ အဲလိုကုန်သည်
ပေါက်စလေးနဲ့ ပေါင်းသင်းနေထိုင်တာကြာလာတော့
တစ်နေ့မှာ ကုန်သည်လေးက. မိန်းကလေးတစ်ယောက်
ကိုခေါ်လာပြီး နှစ်ယောက်ပေါင်းသင်းနေထိုင်တယ်
တစ်နေ့တော့ မယားအကြီးကမယားအငယ်လေး ကို
သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့
သူ့သမီးလေးဒဏ်ရာနဲ့တူလိုက်တာဆိုပြီး မယားအငယ်
လေးရဲ့ဇာတိနဲ့ အကြောင်းစုံကိုမေးတော့ သူဒမြဗိုလ်ကြီးနဲ့
ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ် ။ မပြီးသေးဘူးနော်
နှုတ်ဝစီကြောက်စရာကောင်းတယ် ဆက်ပြောပြမယ်
အဲတော့ သားအမိနှစ်ယောက် ယူကြုံးမရဖြစ်နေပြီး တော့
ကုန်သည်လေးသူ့ ယောက်ျားပြန်လာတော့ သူတို့. ယောက်ျား ကို
အကြောင်းစုံပြောပြတယ် ။ သူတို့ပြောပြ
တာကို နားထောင်ပြီးတော့ သူတို့ ယောက်ျား ကလည်း
ဝမ်းနည်းစွာ ငိုကြွေးတာမြင်တော့ သူတို့ ယောက်ျားကို
မယားနှစ်ယောက်ကမေးတယ် ။ အဲမှာ ယောက်ျားဖြစ်သူ
က သူဟာ ဇရပ်မှာပျောက်သွားတဲ့ ဒမြဗိုလ်ကြီးနဲ့သူနဲ့ရခဲ့
ဲတဲ့သူ့သားဖြစ်နေတယ် ။ အဲတော့သူတို့ သုံးယောက်က
ဘာတော်ကြလဲ သိကြရောပေါ့ ။ အဲဒါကြောင့်
ရဟန္တာမထေမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြ
ပြီး လောကီမှာမနေဝံ့တော့လို့. တရားထူးရအောင် အား
ထုတ်ရတာပါလို့. ပြောပြခဲ့ပါတယ် ။ အဲဒါဟာ သူမအေနဲ့
တပ်ပြီးဆဲခဲ့လို့. သူပြန်ပေးဆပ်ရတာပါတဲ့ ။ ဘယ်လောက်
ထိကြောက်စရာကောင်းလဲ ။ ဒါကြောင့် ဘယ်လောက်ဘဲ
ဒေါသထွက်နေပါစေ. သူတစ်ပါးကို မအေနဲ့တပ်ပြီး မဆဲ
ဖြစ်အောင် ဂရုစိုက်ကြပါလို့. အသိပေးသတိပေးချင်ပါ
တယ် ။ ဘုရားစာရွတ်လို့. ကုသိုလ်ရတာလည်းဒီပါးစပ်
နှုတ်ဝစီမစောင့်လို့ အကုသိုလ်ဖြစ်စေတာလဲဒီပါးစပ်
ဒါကြောင့် ဘုရားရှင်က. ပါးစပ်ကထွက်လာတဲ့ စကားတွေ
ဟာ အကျိုးမခံစားရဘဲ ပျောက်ပျက်မသွားပါဘူးတဲ့
ဒါကြောင့် ပါးစပ်စည်းကမ်းရှိကြပါ ။ ငါ့ပါးစပ် ငါပြောချင်
ရာပြောလို့ရတယ်ဆိုပြီး နှုတ်ဝစီမစောင့်ထိန်းဘဲ ပြောချင်
ရာမပြောကြပါနဲ့. ။ မအေတပ်ပြီးမဆဲမိကြပါစေနဲ့…
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။ ။
Thein Than Win
Cre: မိုးငယ်လေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...