Friday, October 30, 2015

ပြည်သူကို တရားခံမလုပ်ပါနဲ့ သမ္မတကြီးရာ

Tin Nyunt

ဒီမနက် လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ဒီနေ့ထုတ်သတင်းစာကိုကိုင်ပြီး
“သမ္မတကြီးလည်း သနားပါတယ်။ ဘာပြောင်းရမှန်းမသိဘူး။ သူ့နားကလူတွေ မပြောပြဘူးလား မသိဘူး” လို့ စကားစလိုက်တယ်။
မနေ့က သမ္မတကြီး ငပုတောကို သမ္မတခရီးလိုလို၊ ပါတီစည်းရုံးရေးယောင်ယောင်၊ မဲဆွယ်သလိုတစ်နည်း ခရီးထွက်စဉ်က ပြောသွားတဲ့ စကားဟာ အကြောင်းမဲ့ ပြောသွားတာ မဟုတ်ပါဘူးဗျာ။
ဘာကြောင့်လည်းဆိုတော့ သမ္မတက ဘာမှစဉ်းစားစရာ၊ တွေးစရာမှမလိုတာ။ အနားမှာ ပြည်သူ့အခွန်တော်စား အကြံပေးများကို ခေါ်ထားတာ အလကားမဟုတ်ပါဘူး။ ပညာရှင်ကြီးတွေ အကွက်ရွှေ့လိုက်တဲ့အတိုင်း သမ္မတက လိုက်ကပြီး သူ့ကိုယ်သူ ချောက်ထဲခုန်ချလိုက်တာ လည်း ဖြစ်နိုင်တာပဲ။
ကွန်မြူနစ်ဆိုတာ စစ်တပ်ရဲ့ သည်းခြေစာဗျ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အင်ဒိုနီးရှားမှာ ကွန်မြူနစ်တွေ စစ်ဗိုလ်ချုပ်ကြီးတွေကို သတ်တယ်ဆိုပြီး ဆူဟာတိုက တိုင်းပြည်အာဏာသိမ်း၊ အမေရိကန်ကို မျက်နှာချို သွေးခဲ့တာ။ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရ အစဉ်အဆက် ကွန်မြူနစ်အမြစ်ဖြတ်ချေမှုန်းရေးဆိုပြီး လုပ်ခဲ့ကြ တာပဲ။

ခုတစ်ခါ ကျွန်တော်တို့သမ္မတက ဘာပြောင်းမှာလဲ။ ကွန်မြူနစ်စနစ်ကိုပြောင်းမှာလားဆိုတာကတော့ တစ်တိုင်း ပြည်လုံးကွန်မြူနစ်ဖြစ်ချင်နေလို့ စစ်တပ်ကပြန်ပြီး အာဏာသိမ်းရပါတယ်ဆိုတဲ့ အချိုးမျိုးကို အကွက်ဆင်နေ တယ် ဆိုရင်တော့ အလွန်ခေတ်မမီတော့တဲ့ အတွေးအခေါ်တွေလို့ ပြောရတော့မှာပဲ။
သမ္မတကြိးခင်ဗျား
သမ္မတကြီးက ပြည်သူကို ကွန်မြူနစ်စနစ်ပြောင်းချင်တာလားလို့ ပြောင်ပြောင် တင်းတင်း စော်ကားလိုက်တာဟာ ဘယ်သူ့အကျိုးအတွက် ပြောတာလဲဆိုတာ အရှင်းကြီးပါ။
ဖုန်ကြားရှင် တစ်ချိန်ကဘာလဲ။ ကွန်မြူနစ်တွေကို မြန်မာပြည်ထဲမှာ နယ်စားပယ်စားတွေလိုနေထိုင်ခွင့် ပြုထားတာ ဘယ်သူတွေလဲ။ ခုတစ်ခါ ဖုန်ကြားရှင်ကို မြန်မာနိုင်ငံထဲ ကြိုက်တဲ့ နေရာ လာနေနိုင်ပါတယ်ဆိုပြီး ခေါ်နေတာ ဘယ်သူလဲ။ ဖုန်ကျားရှင်ကို ကျောထောက်နောက်ခံပေးထားတာ ကွန်မြူနစ်တွေပါဗျာ။ ပြည်သူတွေကို ကွန်မြူနစ်ကြောက်ချင်ယောင်ဆောင်ပြီး ကွန်မြူနစ် တရုတ်နိုင်ငံကြီးက တရုတ်ခေါင်းဆောင် ကြီးတွေကို ရှိခိုးနေတာ ဘယ်သူများလဲဗျာ။
ပြည်သူကို ကွန်မြူနစ်တွေလို့ ချနင်းပြီး အမေရိကန်ထောက်ခံမှုရအောင် လုပ်တဲ့ ဗျူဟာ ခေတ်မမီတော့ပါ သမ္မတ ကြီးရာ။ ကွန်မြူနစ်ဟာ စိုးရိမ်စရာလို့ သမ္မတကြီးမြင်ရင် ရှိခိုးပြီး စီးပွားလုပ်၊ အကျိုးတူပူးပေါင်းနေတဲ့ တရုတ်နဲ့ တရုတ်မွေးသူပုန်တွေကိုသာ ခင်ဗျားတို့ အမြစ်ဖြုတ်ချေမှုန်းရမှပါ။ တိုင်းပြည်ထဲမှာ ကွန်မြူနစ်တွေ မရှိပါ။ မရှိတဲ့ ကွန်မြူနစ်တွေကို မြန်မာပြည်ထဲခေါ်သွင်းနေတာ သမ္မတကြီးကိုယ်တိုင်ပါ။ ဒါကြောင့် တရားခံဟာ …
၃၀.၁၀.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...