Saturday, October 31, 2015

အရှုံးကိုရိုးသားစွာရင်ဆိုင်လိုက်ခြင်းဟာ၊ ပန်းများကိုပွင့်စေခြင်းပါပဲ (မင်းဒင်)

U Kyi Nyunt


(တစ်)
ဒီမယ်ဆရာရဲ့။ကျုပ်စကားနည်းနည်းပြောပါရစေ။ဟမ်၊ဆရာမဟုတ်ဘူး။
ငါကဗိုလ်ချုပ်ဟောင်းဟုတ်လား။ ခက်ပါ့ကွာ။ ကျုပ်ပြောတဲ့ဆရာဆိုတာ၊
ဒုတပ်ကြပ်ကို ရည်ညွှန်းတာမဟုတ်ဘူးလေ။
အနန္တောအနန္တဂိုဏ်းဝင်စာရင်းသွင်းပြီး ဆရာလို့တလေးတစားခေါ်လိုက်တာဟ။
မင်းတို့ဟာလေ၊ အဘ၊ အဘလို့ အခေါ်ခံရတာကို၊ ဘဝင်လေဟပ်ပြီး၊
ကိုယ့်ကိုယ်ကိုလောကသုံးပါးရဲ့ကျေးဇူးရှင်ကြီးတွေလို့ ထင်တလုံးဖြစ်နေတဲ့သောက်ကျင့်က အခုထက်ထိမပျောက်ချင်သေးပဲကိုး။

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၃)

Advanced Engineering Myanmar LLC's photo.

အမေရိကန်ပြည်ထောင်စု National Highway System ထဲမှာ ရှိတဲ့ လမ်းတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ကတ္တရာလမ်းတွေ ဖြစ်တယ်။ ကတ္တရာဟာ ကွန်ကရစ်ထက် အားသာမှုတွေ အများကြီးရှိတယ်။ ဒါပေမယ့် တည်ဆောက်တဲ့အခါမှာ ခေတ်မှီ material science တွေ၊ mix design တွေကို သေချာနားလည်ဖို့ လိုတယ်။ မြန်မာနိုင်ငံက အင်ဂျင်နီယာတွေဟာလည်း ဒီနည်းပညာတွေကို သိခြင်းအားဖြင့် ပြည်သူ့ ဘဏ္ဍာတွေကို အကျိုးရှိရှိ အသုံးချနိုင်ရင် လမ်းမိုင်များများ ခင်းနိုင်မယ်။

ရပ်ကွက်ထဲမှာ ဒီလိုပဲ

Tin Nyunt

ဂျစ်ဆီလိုဘဝမျိုးနဲ့ နေထိုင်ရသူဆိုတော့ ဒီနေ့ မြောက်ဒဂုံကနေ သာကေတကို ပြောင်းရပြန်ပြီဗျာ။ တစ်ခါ ပြောင်းတိုင်း ပြောင်းရွှေ့ရတဲ့စရိတ်တွေက အိမ်လခနဲ့ မတိမ်းမယိမ်းကပ်လိုက်နေတော့တယ်။
ရပ်ကွက်တစ်ခုကနေ တစ်ခုကို ပြောင်းတိုင်း စိတ်ဆင်းရဲစရာ ကောင်းတာက ရပ်ကွက်အုပ်ချုပ်ရေးဆိုတဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရတာပဲဗျ။ ခုလည်း နေထိုင်တဲ့ရပ်ကွက်ကို မရောက်သေးဘူး ရှေ့ပြေးသွားပြီး ရှင်းလင်း သန့်ရှင်းရေး လုပ်ရုံရှိသေးတယ်။
“မင်းတို့ ကုလားတွေလား” လို့ စော်စော်ကားကား လာမေးတာ ခံလိုက်ရတယ်။ လူပုံတွေက ဘယ်လိုမှ ကုလားပုံ မပေါက်တဲ့ ဗမာစစ်စစ်တွေကို ကုလားတွေလားလို့ လာမေးတယ်ဆိုကတည်းက စော်ကားမှုစတင်ပြီပေါ့။ ဒီရပ်ကွက်ထဲ ပြောင်းလာ တဲ့ကောင်တွေကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းထားမှဆိုပြီး ပညာပြချင်တာ သေချာနေပြီပေါ့။
ပြီးတော့ သူတို့ကို အကြောင်းမကြားဘဲ အိမ်ငှားထားရသလားဆိုပြီး အပြစ်တင်သေးသဗျ။ အိမ်ရှင်က ကျွန်တော့်ကို တိုက်ရိုက်အပေးအယူလုပ်ပြီး သူ့အခန်းမှာနေဖို့ ခွင့်ပြုထားတာ သူတို့ ရပ်ကွက်ကို အကြောင်း ကြားရမှာလားဗျာ။

ဆေးဖက်ဝင် သတ္တ၀ါအပင်

ကျန်းမာရေးသတင်းများ

ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေးဖော်ပြချင်ပါတယ်။
ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။

“အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”


မယုံနိုင်စရာ ထူးဆန်းလွန်းလို့ နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားသွားတဲ့ မှုခင်းကြီး တစ်ခု ၂၀၁၃ ခုနှစ်တုန်းက အမေရိကားမှာ ပေါ်ပေါက်လာခဲ့တယ်။ တရားခံကို ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်အပြင် နောက်ထပ် နှစ် ၁,၀၀၀ ပေါင်းလိုက်သေးတယ်ဆိုတော့ ဘယ်လောက် အပြစ်ကြီးတဲ့ အမှုလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။
အဲဒီမှုခင်းဟာ စဉ်းစား အဖြေရှာစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီမှုခင်းကို လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေလည်း တူညီတဲ့ ဖြစ်ရပ်တွေ အတွေးထဲမှာ အလိုလို ပေါ်လာပါလိမ့်မယ်။

ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်မြတ်အား ကာကွယ်ခဲ့သူ

Ko Pauk Sa


ဦးချန်ထွန်းသည် ၁၈၈၁ ခုနှစ်တွင် အင်္ဂလန်၌ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးတို့၏ ရှေ့ ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ၀ိတိုရိယဘုရင် မကြီး ကိုယ်တိုင် ၀ိတိုရိယ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍ ဘာသာ ရပ်တခုလျှင် ထိုခောတ်က စတာလင်ပေါင် (၁၀၀)စီ ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

ဗျိုင်းဟောတဲ့တရား

Su Mg


တောရွေးကောက်ပွဲမှာ
ဗျိုင်းက မဲဆွယ်တယ်
သူသာ အဖြူစင်ဆုံးပါတဲ့။

ကျီးကန်းတို့ ဇရက်တို့ ကျားတို့ ဆင်တို့
ဘာမှမပြောသာဘူးလေ
ဗျိုင်းလောက်ဖြူစင်တာ မရှိတော့သလိုလို။

သွားတိုက်ဆေးအသုံးဝင်ပုံများ


သွားတိုက်ဆေးကို လူတိုင်းသုံးနေကြ၊ သိနေကြပေမယ့် သွားတိုက်ရုံသာမက အခြားနေရာတွေမှာပါ သွားတိုက်ဆေးက အလွန်အသုံးဝင်တယ်ဆိုတာ world inside pictures.com မှာ တင်ပြထားပါတယ်။
သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ဘ၀မှာ ပိုမိုသက်သာအဆင်ပြေမယ့် နည်းလမ်း ၁၈ သွယ်ရှိပါတယ် တဲ့။ အဲဒီ နည်းလမ်း ၁၈ သွယ်ကို ဖော်ပြထားတာမှာတော့…
၁။ အိမ်သာ ကြွေခွက် ( မိလ္လာခုံ) ကို သွားတိုက်ဆေးသုံးပြီး အညစ်အကြေး ကြေးညှော်တွေကင်းစင်ပြီး ၀င်းလက် တောက် ပအောင် လုပ်နိုင်စွမ်း ရှိပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၀)

သစ်ထူးလွင်


Friday, October 30, 2015

"IQ နိမ့်တဲ့ ကျနော်"

Thanlay Ko


1.
ဒီအသက်ဒီအရွယ်ထိ ရောက်ခဲ့ပြီ၊
စာတွေလည်း သင့်တင့်လျှောက်ပတ်သလောက် သင်ခဲ့ပြီ၊
ဒါပေမယ့် တချို့အကြောင်းအရာတွေကို ခုထိနားမလည်နိုင်သေးဘူးဗျာ။

2.
ငယ်ငယ်က တာဇံဇာတ်ကားတွေကြည့်တော့ ဇာတ်လိုက်တာဇံက ကျားသစ်ရေလေးပဲ ခါးပတ်လို့။
ဒါနဲ့ အဖေ့မေးကြည့်တယ်... ...
"ဘာလို့တာဇံက အင်္ကျီမဝတ်တာလဲ"

ကားလမ်းတည်ဆောက်ရာဝယ် စဉ်းစားသင့်သည်များ

Advanced Engineering Myanmar LLC
Advanced Engineering Myanmar LLC's photo.

လမ်းတစ်လမ်းဖောက်မယ်ဆိုရင် ဘာတွေကို ထည့်သွင်းစဉ်းစားပြီး ပလန်ချကြမလဲ၊ ဘယ်လို ဒီဇိုင်းဆွဲကြမလဲ။ လမ်းဖောက်တယ်ဆိုတာ မြို့ပြအင်ဂျင်နီယာတွေရဲ့ အလုပ်လို့ ပြောလို့ရပေမယ့် အရည်အသွေးပြည့်မီတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့ အင်ဂျင်နီယာဘာသာရပ်လောက်ကိုပဲ သိနေပြီး အင်ဂျင်နီယာရှူထောင့်ကပဲ စဉ်းစားတည်ဆောက်သွားလို့ မဖြစ်တော့ပါဘူး။ ဥပမာ - ယာဉ်ကြပ်လို့ဆိုပြီး ရွှေတိဂုံဘုရားနားမှာ ဂုံးကျော်တံတားအမြှင့်ကြီးတွေ သွားဆောက်လို့ မရဘူး။

Achilles heel

BrainWave ဉာဏ်လှိုင်း's photo.
Achilles heel ဆိုတာကတော့ အခု အင်္ဂလိပ်စာ အသုံးအနှုံးမှာ တွင်ကျယ်စွာ သုံးနေခဲ့တဲ့ အီဒီယမ် တခု ဖြစ်ပါတယ်။ ခေါမ ဒဏ္ဏာရီ ထဲက ဆင်းသက်လာပါတယ်။
နတ်ဘုရားတွေက အာချီလီ ဆိုတဲ့ ကလေးကို နတ်ရေကန်ထဲ ခြေနှစ်ချောင်းက ကိုင်ပြီး စိမ်ကာ ဘယ်လို ရန်သူကမှ သူ့ အပေါ် အောင်မြင်မှု မရအောင် စီရင်ထားခဲ့ပါတယ်။
ခက်တာက ခြေထောက် နှစ်ချောင်းက ကိုင်ပြီး ရေထဲကို အနှစ်ခံလိုက်ရတဲ့ အာချီလီရဲ့ ခြေထောက်က ရေမထိခဲ့ပါဘူး။

ပြည်သူကို တရားခံမလုပ်ပါနဲ့ သမ္မတကြီးရာ

Tin Nyunt

ဒီမနက် လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ဒီနေ့ထုတ်သတင်းစာကိုကိုင်ပြီး
“သမ္မတကြီးလည်း သနားပါတယ်။ ဘာပြောင်းရမှန်းမသိဘူး။ သူ့နားကလူတွေ မပြောပြဘူးလား မသိဘူး” လို့ စကားစလိုက်တယ်။
မနေ့က သမ္မတကြီး ငပုတောကို သမ္မတခရီးလိုလို၊ ပါတီစည်းရုံးရေးယောင်ယောင်၊ မဲဆွယ်သလိုတစ်နည်း ခရီးထွက်စဉ်က ပြောသွားတဲ့ စကားဟာ အကြောင်းမဲ့ ပြောသွားတာ မဟုတ်ပါဘူးဗျာ။
ဘာကြောင့်လည်းဆိုတော့ သမ္မတက ဘာမှစဉ်းစားစရာ၊ တွေးစရာမှမလိုတာ။ အနားမှာ ပြည်သူ့အခွန်တော်စား အကြံပေးများကို ခေါ်ထားတာ အလကားမဟုတ်ပါဘူး။ ပညာရှင်ကြီးတွေ အကွက်ရွှေ့လိုက်တဲ့အတိုင်း သမ္မတက လိုက်ကပြီး သူ့ကိုယ်သူ ချောက်ထဲခုန်ချလိုက်တာ လည်း ဖြစ်နိုင်တာပဲ။
ကွန်မြူနစ်ဆိုတာ စစ်တပ်ရဲ့ သည်းခြေစာဗျ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အင်ဒိုနီးရှားမှာ ကွန်မြူနစ်တွေ စစ်ဗိုလ်ချုပ်ကြီးတွေကို သတ်တယ်ဆိုပြီး ဆူဟာတိုက တိုင်းပြည်အာဏာသိမ်း၊ အမေရိကန်ကို မျက်နှာချို သွေးခဲ့တာ။ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရ အစဉ်အဆက် ကွန်မြူနစ်အမြစ်ဖြတ်ချေမှုန်းရေးဆိုပြီး လုပ်ခဲ့ကြ တာပဲ။

ဆေးဖက်ဝင် သတ္တ၀ါအပင်


ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေးဖော်ပြချင်ပါတယ်။
ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၀)

သစ်ထူးလွင်


Thursday, October 29, 2015

လူပျိုရည်ပျက်ချင်တဲ့ ကောင်လေးတစ်ယောက်ရှာတွေ့ခဲ့သော ညမွှေးပန်းလေးတစ်ပွင့်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်


ကျွန်တော့်နာမည် အောင်သော် ပါ။
အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကို ဂိုဏ်းဝင်သွားအောင်
မင်္ဂလာဈေး JJ အောက်မှာ … ညမွှေးပန်းသွားရှာမယ် လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့ စူးစမ်းချင်တဲ့
စိတ်နဲ့ လိုက်သွားခဲ့တယ်..

ဟိုရောက်တော့ .. သားကြီး မင်းက ဒီည အထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့ သူတို့က သူတို့
စိတ်ကြိုက်တစ်ယောက်ရွေးတယ်..
အဲဒီမှာ ၀ိုင်းဆိုတဲ့ ကောင်မလေးကိုကျွန်တော်စတွေ့ခဲ့တယ်…

“ ယုံကြည်မှုအကြောင်း ”


မိန်းမပျိုတဦးဟာ လူခြေရှင်းစ ညအချိန်မှာ တယောက်တည်း
အငှားယာဉ်စီးလာပါတယ်။ မဲမှောင်ပြီး လူပြတ်တဲ့ နေရာတွေ
ရောက်တဲ့အခါ လွန်ခဲ့တဲ့ရက်တွေက မသမာသူ အငှားယာဉ်
မောင်းသမားတွေရဲ့ လုပ်ရပ်အချို့ကို ကြားသိရပြီး ငါမှားပြီ
လားလို့လဲ တွေးမိပါတယ်။ ကားသမားကို အကဲခတ်ကြည့်
တော့လဲ ဦးထုပ်ငိုက်ငိုက်နဲ့ တစုံတရာကို သဲသဲမဲမဲ ကြံစည်
နေသလိုလို ။

ရေကျော်ပွဲဈေးတန်းမှ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန်

Thein Than Win-Happiness

ရေကျော်ပွဲဈေးတွင် ဘိုးတော်
တစ်ပွေ ဗေဒင်ဟော နေတာကို
ဘေးက လူငယ် အုပ်စု ၄,၅ယောက် က လှောင်သလိုလို ပြောင်သလို စောက်ခွက် ပြောင်နေကျသည်။
အဲ့ဒါ နဲ့ ဘိုးတော်လဲ ကြာလာတော့ ပေါက်လာပြီး "ဟေ့ရောင်တွေ မင်းတို့ ငါ့ကို ဘာထင်နေလဲ ..ငါကျိန်စာတိုက် အင်းခွက်ရေးလိုက်ရင် မင်းတို့  ဘဝတွေ ဘာဖြစ် သွားမယ် ထင်လဲ!"

"သုဂတိဘုံသို့ ဘဝကူးနည်း ..သေနည်း"

OneOne Kaw

မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။

မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြသည် ။

ဘာပြောင်းရမှန်းမသိသောသူများသို့

Tin Nyunt

“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲနှင့် နောက်ထပ်ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်ပဲ ရှိတော့ဟု သမ္မတ ဦးသိန်းစိန် ပြောကြား”
“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲနှင့် နောက်ထပ် ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်သာ ရှိတော့ဟု သမ္မတ ဦးသိန်းစိန်က ငပုတောမြို့နယ် ဥသျှစ်ကွင်း ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း သိရသည်”
“သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောသို့ သွားရောက်ခဲ့ပြီး ဥသျှစ်ကွင်း ကျေးရွာသို့ ရောက်ရှိချိန်တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါ သည်”
အထက်က စကားတွေက သမ္မတဦးသိန်းစိန်ရဲ့ စကားကောက်နုတ်ချက်တွေ။ Eleven Media Group က Facebook ပေါ်တင်လိုက်တာ ဖတ်လိုက်ရပြီး ကွန်မြူနစ်တစ္ဆေ အခြောက်ခံနေရတဲ့ စစ်အစိုးရဟာ ခုထိ မရှိတော့တဲ့ ကွန်မြူနစ်နဲ့ ပြည်သူကို ဖြဲချောက်နေတုန်းပါလားဆိုပြီး အံ့အားသင့်သွားမိသဗျာ။

ဥာဏ်ပညာဖြင့် တော်လှန်သူ

ဘို ဘို

အိန္ဒိယရဲ့လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ အင်္ဂလန်မှာ ဥပဒေပညာ သင်ယူနေတုန်းက သူနဲ့ မတည့်တဲ့ ပါမောက္ခတစ်ယောက်ရှိခဲ့ပါတယ်..။ သူ့နာမည် မစ္စတာ A ဆိုကြပါစို့ ..။ အဲဒီပါမောက္ခဟာ ဂန္ဒီကို ကြည့်မရသူပီပီ တနည်းနည်းနဲ့ ချိုးနှိမ်ဖို့ အမြဲကြိုးစားနေသူဖြစ်ပါတယ်..။ ဒါပေမယ့် ဂန္ဒီက စာတော်သူ ဖြစ်လေတော့ သူချိုးနှိမ်လို့မရအောင် ဖြစ်ခဲ့ရပါတယ်..။

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၂)


ကတ္တရာလမ်းတွေဟာ Fatigue လို့ခေါ်တဲ့ နှစ်ရှည်လများ ၀န်အလေးချိန်သက်ရောက်မှုဒဏ်ကို ခံနိုင်ရမယ်။ ကတ္တရာလမ်းတွေကို Flexible pavement လို့ ခေါ်တယ်။ ကွန်ကရစ်တွေလို မဟုတ်ပဲ ကတ္တရာလမ်းတွေက flexible ဖြစ်တယ်။ လမ်းပေါ်ကို သက်ရောက်လာတဲ့ ၀န်အလေးချိန်ကို အောက်ခံ အလွှာတွေနဲ့ မျှတတောင့်ခံပေးတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၀)

သစ်ထူးလွင်


Wednesday, October 28, 2015

“သံသရာရထား”

Soe Min

          သီတင်းကျွတ်မှာ ဘာကိုသတိအရဆုံးလဲ လို့မေးရင် ကိုယ့်ရဲ့ကလေးဘဝကိုသတိရသွားပြီး အဲသည်ကလေးဘဝတုန်းက နှစ်တိုင်း သွားသွားကန်တော့ခဲ့တဲ့ သက်ကြီးဝါကြီးတွေ အကုန်ပါပါတယ်။ လူမှန်းသိတတ်စကတည်းက အမျိုးထဲရှိရှိသမျှ သက်ကြီးဝါကြီးတွေနဲ့ အိမ်နီးနားချင်း လူကြီးသူမတွေကို ကိတ်မုန့်ကလေး၊ ဖယောင်းတိုင်ကလေးနဲ့ဖြစ်ဖြစ် တစ်အိမ်တက်ဆင်း လိုက်ကန်တော့ရတာ အလွန်ပျော်စရာကောင်းပါတယ်။ တစ်နှစ်နေနေ တစ်နွေဆန်းဆန်း မတွေ့ဖြစ် မဆုံဖြစ်တဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း သီတင်းကျွတ်ချိန်ခါကျမှ တကူးတက လာကန်တော့ သွားကန်တော့ရင်း ပြန်လည်ရင်းနှီး နွေးထွေးစေခဲ့တာလည်း အမှတ်ရမိတာပဲ။ မုန့်ဖိုးတွေလည်း အများကြီးရတာပေါ့။ ကိုယ့်မောင်နှမချည့်ပဲ ခြောက်ယောက်တောင်ရှိတာဆိုတော့ အမြဲလို ကိုယ်ကသာ ခေါင်သူကြီးလုပ်ပြီး မုန့်ဖိုးအများဆုံးရတယ်လေ။ ကိုယ့်အဖွားနဲ့ မတိမ်းတယိမ်း ဖိုးလေးဖွားလေး၊ ဒွေးလေးကြီးဒေါ်တွေကို လိုက်ကန်တော့တဲ့အခါ အိမ်တိုင်းအိမ်တိုင်းမှာ ကိုယ်တို့မောင်နှမတွေနဲ့ သက်မကွာရွယ်မကွာ ဝမ်းကွဲမောင်နှမ တူအရီးသားချင်းတွေနဲ့ ရင်းရင်းနှီးနှီး လက်ပံပင်ဆက်ရက်ကျတာ ထုံးစံပါပဲ။

Traffic အင်ဂျင်နီယာဘာသာရပ်

Advanced Engineering Myanmar LLC's photo.

Traffic အင်ဂျင်နီယာဘာသာရပ်ကို အသေးစိတ်လေ့လာလိုသူများအတွက် မျှဝေလိုက်ပါတယ်။ အမေရိကန်တက္ကသိုလ်များမှာ လက်ရှိသင်ကြားနေတဲ့ စာအုပ်တစ်ခုပါ။ အောက်ပါ လင့်မှာ ဒေါင်းလို့သော်လည်းကောင်း၊ အဆင်သင့်ဖတ်လို့သော်လည်းကောင်း လေ့လာနိုင်ပါတယ်။

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၁)

Advanced Engineering Myanmar LLC
January 28 · Edited ·
Advanced Engineering Myanmar LLC's photo.

ကတ္တရာလမ်းတစ်ခုဟာ ကွဲအက်ခြင်း၊ ပုံပျက်ခြင်း မရှိပဲ အချိန်ကာလတစ်ခုအထိ တာရှည်ရမယ်။ ရေတိုက် စားမှုဒဏ်၊ စိုထိုင်းဆစိမ့်ဝင်မှုဒဏ်တွေကို တောင့်ခံနိုင်ပြီး ကျောက်သားပေါ်က ကတ္တရာ ကွာကျတာမျိုး မရှိသင့်ဘူး။ မျက်နှာပြင်ဟာ အလွန်တရာချောနေခြင်းမရှိပဲ ကားဘီးနဲ့ သဟာဇာတ ဖြစ်နေ ရမယ်။ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ခင်းနိုင်ရမယ်။

ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး

ဆရာတော် ဦးနရိန္ဒ (ငြိမ်းချမ်းရေး)

ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင် သည်ဟု ရှေးလူကြီးများပြောကြသည်။
တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာသော အပူအခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောက်ကတမ်းပြောခြင်းများသည် လေပူအထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။

အမေရိကန်ကျောင်းသားတွေအကြောင်း တစေ့တစောင်း

သားသမီးတွေကို ကျောင်းကောင်းတွေမှာထား၊ နိုင်ငံရပ်ခြားတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့အတွက် ရည်မှန်းချက်ကြီး မျှော်လင့်ချက်ကြီးမားနေတဲ့ မိဘတွေကို မကြာခဏတွေ့ရတယ်။ တချို့ကတော့ ခံစားရတာတွေ၊ အခက်အခဲတွေကို ပြောပြကြတယ်။
ကိုယ့်သားသမီးတွေကို ကောင်းစားစေချင်တာ မိဘတိုင်းဆန္ဒပါ။ ဒါပေမယ့် တဘက်မှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လူတန်းစားတရပ်လို ဖြစ်သွားစေမယ့် အနေအထားမျိုးတော့ မလုပ်စေချင်ဘူး။
အမေရိကန်ကျောင်းသားတွေအကြောင်း ဆက်ပြောပါရစေ။
ကျွန်တော် ကျောင်းစတက်တုံးက အတန်းထဲမှာ ဂရေဘယ် ဆိုတဲ့ကောင်လေးတယောက်ရှိတယ်။ သူက ကျွန်တော်တို့ နိုင်ငံတကာ ကျောင်းသားပွဲတော်ရှိတဲ့နေရာ ဆိုရောက်လာတတ်တယ်။ (၂၀၀၀ တန်ကားစုတ်လေးကို စီးပြီး (၃၅) မိနစ်လောက်ဝေးနဲ့နေရာမှာ နေတယ် လို့ ဆိုတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၀)

သစ်ထူးလွင်


Monday, October 26, 2015

ကျမချစ်သူက.....


ကျမချစ်သူက ဘီလံနာသူဌေးကြီး ဖြစ်ဖို့မလိုပါဘူး။ အလုပ်ကို ရိုးသားကြိုးစားလုပ်ချင်စိတ် ရှိနေဖို့ပဲ လိုတယ်။
ကျမချစ်သူက နောက်ခံ background တောင့်တင်းတဲ့သူ ဖြစ်ဖို့ မလိုပါဘူး။ နောက်ကြောင်း ရာဇဝင် ရှင်းခဲ့ဖို့ပဲ လိုတယ်။

💧နားလည်ခြင်း💧

သူများကို နားလည်တာနဲ့ ကိုယ့်ကိုယ်ကို နားလည်တာနဲ့ဟာ ဆက်စပ်မှု ရှိနေတယ်။ သူများကို ပိုနားလည်လေလေ ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လေလေပဲ။
💐💐💐
လူတစ်ယောက်နဲ့တစ်ယောက် စရိုက်မတူဘူး၊ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံ မတူဘူး။ ဒါကြောင့် အခြေအနေတစ်ခုကို မြင်ပုံ ခံစားပုံ အဓိပ္ပါယ်ကောက်ပုံ မတူဘူး။ ကိုယ်မြင်သလို သူလည်းမြင်မယ်လို့ ပုံသေမတွေးပါနဲ့။ ငါမြင်သလို မမြင်ရကောင်းလားဆိုပြီး စိတ်မဆိုးပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။

ပုစွန်ချဉ်


အိမ်မှာ မေမေလုပ်တဲ့နည်းကို မျဝေလိုက်ပါတယ်။
ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ ။
ဇကာနဲ့ရေခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ ။ နာရီဝက်လောက်ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။
နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော်ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။

နှလုံးသားဒဏ်ရာ

Tin Nyunt

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် အားကောင်းတဲ့ ဝက်လက်မဲဆန္ဒနယ်မှာ ကျောင်းအုပ်ဆရာကြီး တစ်ယောက်ရဲ့ ပြုမူဆောင်ရွက်လိုက်တဲ့ ကိစ္စဟာ စဉ်းစားစရာပဲဗျ။
ဝက်လက်မြို့နယ် သစ်စိမ့်ကြီးကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးထွန်းအေးက အောက်တိုဘာလ ၁၅ ရက်နေ့ NLD အောင်နိုင်ရေးအဖွဲ့ လှည့်လည်တာကို သွားကြိုဆိုတဲ့ ကျောင်းသား ၄၀ ကျော်ကို ကျောင်း အလံတိုင်ရှေ့မှာ တန်းစီခိုင်းပြီး ထန်းလက်တုတ်နဲ့ ရိုက်လို့ ပြင်းထန်စွာ ဒဏ်ရာရကြတယ်ဆိုတဲ့ သတင်းကို ဒီနေ့ထုတ် Daily Eleven သတင်းစာမှာ ဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ်မိသပေါ့။
ကလေးတွေက NLD ကို သွားကြိုတာ ကျောင်းချိန်အတွင်းဆိုရင်တော့ စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူ သင့်ပါတယ်။ ဒါပေမဲ့ အများမြင်သာတဲ့ ကျောင်းရှေ့မှာ ရိုက်နှက်အပြစ်ပေးတယ်ဆိုတာ ကတော့ ကျောင်းဆရာ စိတ်ဓာတ်မရှိတာပဲလို့ ဆိုချင်သဗျာ။

ရွှေနွယ်ရိုး


သူ့ အမည်ကို ရွှေနွယ်ရိုး လို့ ခေါ်ကြပါတယ်..၊
အပင်က သစ်ခွပင်များလို အပင်မှာ တွယ်ကပ်ပြီး
ပေါက်တယ်လို့ ဆိုပါတယ်..၊ ပုံမှာ မြင်ရတဲ့ အတိုင်း
ခြုံကြီး ဖြစ်တဲ့အထိ ပေါက်ပါတယ်တဲ့..၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၀)

သစ်ထူးလွင်


Sunday, October 25, 2015

မိန်းမတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ


မိန်းမတယောက်ရဲ့ အရည်အချင်းကို ရုပ်ရည်နဲ့မသတ်မှတ်ဘူး။
သူဘယ်လောက်အလှပြင်နိုင်သလဲဆိုတာနဲ့မသတ်မှတ်ဘူး။
မိန်းမတယောက်ရဲ့ အရည်အချင်းဆိုတာ
သူ့အလှအပတရားကို သူဘယ်လောက် ထိန်းသိမ်းနိုင်သလဲ ဆိုတာနဲ့ သတ်မှတ်တယ်။

သင့်ကလေးကို ထိခိုက်လွယ်သော စကားများ

မောင်(စွယ်စုံကျမ်း)

တစ်ခါတစ်လေ စကားတစ်ခွန်းကြောင့် ကလေးဘ၀တစ်ခုလုံးကို ထိခိုက်သွားတာမျိုးရှိတတ်ပါတယ်။ အောက်ပါ စကားများကို သင်ပြောမိတာမျိုး ရှိတတ်ပါသလား ဆန်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။
၁။ အလကားကောင် အသုံး မကျတဲ့ကောင်
မိဘများ အထူးဆင်ခြင်သင့် ပါတယ်။ ကလေး ဆိုတာမျိုးက မိဘ ရည်ညွန်း သလို ဖြစ်တတ် သွားပါ တယ်။

မြန်မာ့သမိုင်းတွင် အကြီးမားဆုံး သယံဇာတဓားပြမှုတစ်ခု

Kyaw Swar Myint

==================================================
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ဟောင်းနှင့် ခရီုနီတို့၏ ဖားကန့်
ကျောက်စိမ်းတွင်းများ မြန်မာ့သမိုင်းတွင် အကြီးမားဆုံး သယံဇာတဓားပြမှု
အဖြစ် အမည်တပ်ခံရ ။
-----------------------------------------------------------------------------

KAIZEN (သို့) စစ်ပြာပုံအောက်ကဂျပန်ကို.ကမ္ဘာ့ထိပ်တန်းနိုင်ငံရောက်စေခဲ့တဲ့စံနစ်

သုတကြယ်စင်

လွန်ခဲ့တဲ့အနှစ်၂၀လောက်က.KAIZENဆိုတဲ့.စာအုပ်ကလေးကိုဖတ်ခဲ့ဖူးတယ်။.ခိုင်ဇန်လို့အသံထွက်မှာပါ။.စာအုပ်ထဲမှာ.KAIZENဆိုတာဘာလဲဘယ်လိုပေါ်ပေါက်လာသလဲဘယ်လိုအသုံးချသလဲဆိုတာရေးပြထားတာလေးတွေ.စိတ်ဝင်စားစရာကောင်းလို့.မျှဝေပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုံးက.အမေရိကန်နိုင်ငံက.ဂျပန်နိုင်ငံကို.အနုမြုဗုံးကြဲချခဲ့တာ.အားလံုးသိကြမှာပါ၊.-၁၉၄၅ခုနှစ်ဩဂုတ်လ၆ရက်နေ့မှာ.ဟီရိုရှီးမားမြို့ကိုပထမဆုံးအနုမြူဗုံးချခဲ့ပြီး.နောက်၃ရက်အကြာမှာနာဂါဆာကီမြို့ကို.ဒုတိယအနုမြူဗုံးထပ်ချလို့လူတွေသိန်းချီပြီးအသက်သေဆုံးခဲ့ကြရတယ်။.အဲဒါကြောင့်ဂျပန်အစိုးရဟာ.-၁၉၄၅ခုနှစ်စက်တင်ဘာ၂ရက်နေ့မှာ.အမေရိကန်နဲ့မဟာမိတ်တပ်တွေထံမှာ.လက်နက်ချအညံ့ခံလိုက်ကြပါတယ်။.မရှေးမနှောင်းမှာပဲ-၆နှစ်ကြာခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးဟာပြီးဆုံးသွားတယ်။

မြန်မာစာတန်းထိုးရုပ်ရှင် စုစည်းမှု ( ၁ )

ချမ်းငြိမ်း - မှော်ဝန်း

ညတုန်းက မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား ၂၀၀ ကျော်ကို
စုစည်းပြီး တင်ပေးခဲ့တာ ပို့စ်က အရမ်းရှည်သွားတော့ ဖုန်းသမားတွေ ရှယ်လို့
မရ ဖြစ်သွားလို့ ၂ ခါခွဲပြီး တင်ပေးလိုက်ပါတယ်..
အမှတ်စဉ် ( ၁၀၀ ) ကို မြန်မာစာတန်းထိုးရုပ်ရှင် စုစည်းမှု ( ၁ )
အဖြစ် သီးသန့် ထက်တင်ပေးလိုက်ပါတယ်..

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၀)

သစ်ထူးလွင်


Saturday, October 24, 2015

ပြည့်တန်ဆာမလေးတစ်ယောက်၏အကြောင်း

 ★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်
>>> ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် ….
★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်းတယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …

သမီးရှိသော ဖခင်များသိထားရန် ၁၃ ချက်

Lwin Pyin

ကလေးတွေရှိပြီး မိန်းကလေးသမီးတွေရှိတယ်ဆိုတော့ စောင့်ရှောက်ရတာ မလွယ်ဘူးလို့ အများကထင်ကြ ပါတယ်။ ကျွန်တော်ကတော့ တခါမှ စိတ်ထဲမှာတောင် မတွေးမိခဲ့ပါ။ မိသားစုနဲ့ စည်းစည်းလုံးလုံးနေရ တာကိုပဲ စိတ်ထဲမှာ ပျော်လှပါတယ်။ သမီးတွေကို ဒီနေ့ထက် မနက်ဖြန် ပိုပြီးချစ်လာတာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှုစောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်း မှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။

ဘာကြောင့် သူတို့  ချမ်းသာကြသလဲ ဘာကြောင့် ငါဒို့  ဆင်းရဲ ကြသလဲ

Moethee Zun

ကမ္ဘာကြီးမှာ နိင်ငံပေါင်း ၁၉၆ နိင်ငံရှိတယ်။ ဒီထဲက၂၅ နိင်ငံ က ကျိကျိတက် အချမ်းသာဆုံးနိင်ငံတွေ။ ဒီထဲက နိင်ငံ ၂၀ က ဆင်းရဲ နုံချာ လွန်းရှာတဲ့နိင်ငံတွေ။ ဒီဆင်းရဲ နုံချာလွန်းတဲ့ နိင်ငံထဲမှာ မြန်မာနိင်ငံဟာရှေ့ ဆုံးက ပါနေတယ်။

အချမ်းသာ ဆုံးနိင်ငံများ
အမေရိကန် ပြည်ထောင်စု၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ကနေဒါ၊ဖင်လန်၊ ပြင်သစ် ၊ ဂျာမဏီ၊ ဗြိတိန်၊ ဂျပန်၊နယ်သာလန်၊ လူဇင်ဘတ်၊ တောင်ကိုရီးယား ၊ စင်္ကပူ၊ ဟောင်ကောင် ၊ တိုင်ဝမ် ၊သြ စတီးယား၊ သြစတေးလျား၊ အိုင်ယာလန်၊ အိုက်စလန်၊ စပိန် ၊ အီတလီ တို့ ဖြစ်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၀)

သစ်ထူးလွင်


Friday, October 23, 2015

ဓာတ်ခွဲခန်းထဲက ဘေ့စ်ဂစ်တာ (သို့) ကမ္ဘာ့အတော်ဆုံးသိပ္ဖံပညာရှင်(၁၀၀)ထဲမှ မြန်မာလူမျိုး နာနိုသိပ္ဖံပညာရှင် ပရော်ဖက်ဆာဒေါက်တာစောဝေလှ (Real Lives Real Stories)

နည်းစနစ်ကျကျအတွေးအခေါ်

(၁)
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
(၂)
“တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘ၀မှာ နိုင်ငံတကာက သိတဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်”
၁၉၈၂ ခုနှစ် စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။

အစမ်းလေ့ကျင့်ထားကြပါ

Wai Lin Aung

ကိုယ်ဘဝရဲ့ နောက်ဆုံး အသက်ထွက်မဲ့အချိန်မှာ
ဘာအကြောင်းကိုတွေးပြီး သေမယ်ဆိုတာ
စဉ်းစားကြပြီးပြီလား

ဖေါင်းပိန်လေးလား
ဝင်လေထွက်လေလေးလား
မိမိနှစ်သက်တဲ့ ဘုရားပုံတော်ကိုအာရုံပြုမလား

ဒီမိုလား ဒစ်တေတာလား

Tin Nyunt


ဗိုလ်ချုပ်စောမောင် စစ်အစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံတော်ကောင်စီက ၁၆.၉.၈၈ ရက်စွဲပါ ကြေညာချက် အမှတ် (၁၄/၈၈) နဲ့ ဝန်ထမ်းတွေကို ဘယ်နိုင်ငံပါတီ အဖွဲ့အစည်းကိုမှ မဝင်ရဘူးဆိုတဲ့ တားမြစ်ခဲ့တယ်။ ဝန်ထမ်းတွေကို
၁။ မည်သည့်ပါတီနိုင်ငံရေးကိုမျှ မလုပ်ရ၊ ပါတီနိုင်ငံရေး လှုပ်ရှားမှုအတွက် ငွေကြေးနဲ့ အခြားနည်း ထောက်ပံ့ ကူညီခြင်း မပြုလုပ်ရ
၂။ ပါတီနိုင်ငံရေး အဖွဲ့အစည်းများမှာ မပါဝင်ရ
၃။ မိမိအား မှီခိုနေသူများ၊ မိမိက အုပ်ထိန်း စောင့်ရှောက်ထားသူများဟာလည်း နိုင်ငံတော်အစိုးရအား ဆန့်ကျင် လှုပ်ရှား မှန်သမျှမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပါဝင်ဖို့ တားမြစ်ရမယ်
၎။ နိုင်ငံတော် အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ ဖွဲ့စည်းထားခြင်း မဟုတ်တဲ့ ဝန်ထမ်းဆိုင်ရာ အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့မှာ မပါဝင်ရ ဆိုပြီးတော့ ပြဋ္ဌာန်းထားခဲ့တာတွေ ရှိခဲ့တယ်။

တရုတ်-မြန်မာ ကျောက်စိမ်းမှောင်ခိုကုန်သွယ်မှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုအပါအ၀င် စစ်ဗိုလ်ချုပ်ဟောင်းကြီးများက လွှမ်းမိုးချုပ်ကိုင်ထားကြောင်း Global Witness အစီရင်ခံစာက ဖွင့်ချ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်သော ကျောက်စိမ်းလုပ်ငန်းများ၏ နောက်ကွယ်မှာ ယခင်စစ် အစိုးရဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုပိုင်ကုမ္ပဏီများအပါအ၀င် စစ်အစိုးရနှင့်နီးစပ်သော စီးပွား ရေးလုပ်ငန်းရှင်များပါ ပါဝင်ပတ်သက်နေကြောင်း ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများ နောက်ကွယ်ရှိ စီးပွား ရေးလုပ်ငန်းများနှင့် ဆက်သွယ်နေမှုများကို ဖော်ထုတ်လျက်ရှိသော Global Witness မှ အောက်တိုဘာ ၂၃ ရက်တွင် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

မန္တလေးမြီးရှည်

Mandalarian

မန္တလေးရဲ့နံနက်စာလို့ပြောလိုက်ရင် မြီးရှည်ဆိုတာမပါမဖြစ်ပဲပေါ့။ မန္တလေးမြီးရှည်ဆိုတာ မန္တလေးမြို့မှာပဲ ရနိုင်တဲ့ အစားအစာ။ တခြားမြို့က မြီးရှည်တွေက မန္တလေးမြီးရှည်နဲ့မတူတတ်ပါဘူး။
မြီးရှည်ဆိုတဲ့စကားလုံးဟာ တရုတ်စကားလုံး မီရှန့်ကနေ ဆင်းသက်လာသတဲ့။ မီဆိုတာ ဆန်။ ရှန့်ဆိုတာ ကြိုး/နန်း။ မီရှန့်ဆိုတာ ဆန်နဲ့လုပ်ထားတဲ့ နန်းလုံးပေါ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၀)

သစ်ထူးလွင်


စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...