Saturday, September 12, 2015

အများညီခဲ့ရင်

တရားစီရင်ရေးမှာ တပ်အရာရှိတွေ ရောက်လာတာကို ဆန့်ကျင်တဲ့အနေနဲ့ အဝါရောင် ဖဲကြိုး လှုပ်ရှားမှုတွေ နေပြည်တော်မှာ စတင်နေပြီဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ အားရသဗျာ။ ကျန်းမာရေးဌာနက ပုဂ္ဂိုလ်တွေက လည်း အနက်ရောက်ဖဲကြိုးတွေ တပ်ဆင်ပြီး ကန့်ကွက်ခဲ့ကြလို့ ကျန်းမာရေးဝန်ကြီး ယောင်တောင်တောင် ဖြစ်ပြီး တောပြောတောင်ပြောတွေ ပြောတဲ့အထိဖြစ်ရုံမက “နောက်မလုပ်တော့ပါဘူး” ဖြစ်သွားခဲ့ရတယ်။ ပြည်သူ့အား .. ဝန်ထမ်းအား .. ညီညွတ်မှုအား ပဲခင်ဗျ။
ပညာရေးဌာနကတော့ အစိမ်းရောင်ဖဲကြိုးတွေ မတပ်သေးဘူးဗျ။ သူတို့လည်း မိုးကျရွှေကိုယ်တွေကို ကြိုက်လို့ တော့ မဟုတ်ပါဘူး။ စာသင်ဖို့ကလွဲပြီး ဘာမှစိတ်မဝင်စားဖူးဆိုတာ ပြနေတာလား၊ အားမလို အားမရဖြစ်မိ တယ်။ ဆရာ ဆရာမတို့ခင်ဗျား ကျွန်တော်တို့ သားသမီးတွေ အနာဂတ်အတွက် တစ်ခုခုတော့ စဉ်းစားသင့်ပြီ ထင်ပါတယ်။ စစ်တပ်က ပညာရေးထဲရောက်လာပြီး စိတ်ကြိုက်လုပ်ချင်တိုင်း လုပ်ခဲ့တဲ့ အကျိုးဆက်ကို ကျွန်တော်တို့ သားသမီးတွေ နှစ်ပေါင်းများစွာ နလံမထူနိုင်အောင် ဖြစ်ခဲ့ကြပြီးပြီ မဟုတ်လား။
ပညာရေးမှာ လည်း နောက်ထပ် မိုးကျရွှေကိုယ်တွေ ရောက်မလာရေးနဲ့၊ ယခင် မိုးကျရွှေကိုယ်တွေကို ဆန့်ကျင်တဲ့ အနေနဲ့ တစ်ခုခုတော့ ညီညွတ်မှုအားကိုပြဖို့ လိုပြီထင်ပါတယ်။
ပြည်သူလူထုကြီးခင်ဗျား ..
အာဏာရှင် အကျိုးပြု၊ တိုင်းပြည်ကောင်းမှုမှန်သမျှ လူတစ်ကောင်းစားရေးအတွက် အကောင်အထည် ဖော်ပေးမယ့်သူတွေ လွှတ်တော်ထဲ မရောက်လာရေးဟာ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ လွှတ်တော်ထဲ အာဏာရှင်အုပ်စု မလွှမ်းမိုးရေးဟာ ပြည်သူတိုင်းမှာ တာဝန်ရှိ ပါတယ်။ ဒါကြောင့် ပြည်သူတိုင်းလည်း လွှတ်တော်ထဲကို မိုးကျရွှေကိုယ်တွေ ရောက်မလာရေးအတွက် ဖဲကြိုး အရောင်တစ်ခုခု သတ်မှတ်ပြီးတော့ လူထုလှုပ်ရှားမှုတစ်ခုခုကို စတင်သင့်ကြောင်း အကြံပြုပါတယ်။ လူတိုင်း အာဏာရှင်ဆန့်ကျင်ရေးဖဲကြိုးတပ်ပြီး ခွဲခြားလိုက်ရင် အဖြေပေါ်သွားနိုင်ပါတယ်။
ပြည်သူအားလုံး ညီညွတ်မှုအားနဲ့ အာဏာရှင်အကျိုးပြုအဖွဲ့တွေကို ဆန့်ကျင်ကြပါစို့။
၁၀.၉.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...