Thursday, September 24, 2015

ဟာသ စုစည်းမှု (၂၄-၉)

ကြိုပေးပြီးသား(ဟာသအမြင်ဖြင်.ဖတ်ပါရန်)
အမျိုးသမီးနှစ်ယောက် ဈေးသွားရင်း လမ်းမှာတွေ့ လို့  ရပ်ပြီး စကားပြောနေကြတယ်..။
" အိမ်ငှားခပေးရမဲ့ပိုက်ဆံတွေ ညည်း ချဲထိုးပစ်လိုက်တယ်ဆို...အဲ့ဒါ ဘယ်လိုလုပ်လိုက်လို့  အဆင်ပြေသွားတာလဲ "
" အိမ်ရှင်လူပျိုကြီးက အိမ်လခတစ်လ မပေးနိုင်ရင် သူနဲ့ တစ်ည အိပ်ရမယ်တဲ့  "


" ဟင်..မိုက်ရိုင်းလိုက်တာ..ညည်းက မငြင်းဘူးလား.."
" ငြင်းတော့ရော ဘာထူးမှာလဲအေ...ပိုက်ဆံမှ မပေးနိုင်တာ..."
" ဒါနဲ့  လူပျိုကြီးနဲ့ အိပ်ရတာရော ဘယ်လိုလဲ..အိုကေရဲ့ လား.."
" အိုကေတာတော့ ပြောမနေနဲ့ ..ခုဆို အိမ်လခ ၆ လစာတောင် ကြိုပေးပြီးနေပြီ..."
" ငင့်.."
Credit-မင်းခေါင်


ကျမက အပြောင်းအလည်း မမြန်တတ်ပါဘူး မောင်..
စိမ်းတုန်းကလည်း ဒီအရသာ၊ မှည့်သွားတော့လည်း ဒီအရသာပါပဲ မောင်..
ကျမကို အစိမ်းတိုင်း စား စား၊ ဟင်းချက် စားစား မောင် အဆင်ပြေသလို စားပါ မောင်..
အသုတ်ထဲ ထည့် နယ်လည်း ရပါတယ် မောင်..
တခုတော့ ရှိပါတယ် မောင်..
ကျမကို စားရင် နဲနဲတော့ ချွေးထွက် ပါလိမ့်မယ် မောင်..
ကျမကို ထောင်းချင်ရင်တော့ မောင့် ကျည်ပွေ့က မာမာ ကြီးကြီးမှ ဖြစ်ပါလိမ့်မယ် မောင်..
ဘာလို့ ဆို ကျမ အစိက သေးပေမယ့် တော်ရုံ ကျည်ပွေ့နဲ့ ကွဲဘို့ မလွယ်လို့ပါ မောင်..
ကျမ ကို တကယ်ချစ်ရင် အစိကွဲအောင် ထောင်းပေးပါ မောင်..
......................................
......................................
..................................
..............................
......................................
..........................
..........................
ကျမက ငရုတ်သီးပါ မောင်..
Credit- Snow Flake

အားတက်သရော
လမ်းပေါ်မှာ ကားတွေ အရမ်းပိတ်နေတုန်း လူတစ်ယောက်က ကားမှန်ကိုလာခေါက်လို့  ဖွင့်ပေးလိုက်ပြီး မေးလိုက်တယ်..။
" ဘာကိစ္စ ရှိလို့ လဲဗျ.."
" ဒီလိုပါဗျာ...အခု အကြိမ်းဖက်သမားတွေက လွှတ်တော်ကို ၀င်စီးပြီး.အစိုးရအမတ်တွေကို ဓားစားခံ ဖမ်းထားတယ်ဗျ..။အဲ့ဒါ
ဒေါ်လာတသန်းနဲ့ ပြန်ရွေးရမယ်တဲ့..။ မဟုတ်ရင် အကုန်လုံးကို ဓာတ်ဆီလောင်းပြီး မီးရှို့ သတ်ပစ်မယ်ဆိုလို့  ကျနော်တို့ အဖွဲ့က
ကားတစ်စီးချင်းစီ လိုက်ပြီး အလှူခံနေတာပါ.."
" သြော်...ဂလိုလား...တခြားကားတွေကရော ဘယ်လောက် လှူကြသလဲဗျ."
" အင်း..တစ်စီးကို တစ်ဂါလံလောက်စီတော့ လှူကြပါတယ်..."
Credit-မင်းခေါင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...