Sunday, September 27, 2015

* အိမ်ထောင် တစ်ခု၏ ရေရှည်တည်တံ့ခြင်းအတွက် ( မယား ) ကောင်းတစ်ယောက်ပီသပါရဲ့လား

 
အိမ်ထောင်ရှင် မိန်းမသားမှန်သမျှသည် ယောကျာ်းများထက် များစွာပင် မိမိ၏ အိမ်ထောင်ရေးကိုတည်တံ့
ခိုင်မြဲချင်သူ များပင် ဖြစ်ကြလေသည် ။

လင် နှင့် မယား ကံအားလျော်စွာ လမ်းခွဲရခြင်း အကြောင်းများစွာတွင် မိန်းမသားတို့သည် မိမိတို့၏
အပြစ်များကို ပြန်လည်သုံးသပ်တတ်ခြင်း မရှိကြသူတွေ များပေ၏ ။

အကြောင်းရင်းအစသည် ခင်ပွန်းလင်ကြောင့် ဆိုလျှင်
တောင် မိန်းမသားတို့၏ ထိန်းကွပ်တတ်ခြင်းအမူ့ကို ရှေ့တန်းမတင်မိကြဘဲ မိမိ၏ အတ္တ မာန ဖြစ်ချင်မူ့ များကိုသာ ရှေ့တန်းတင်ခဲ့မိ၍ မိမိတို့၏ လှပသော ဘ၀ အိမ်ထောင်ရေးကို မိန်းမသားအတော်များများ စွန့်လွတ်ခဲ့ရဘူးလေသည် ။
ထို့ကြောင့် ကျွန်မတို့ အိမ်ထောင်ရှင် မိန်းမသားတိုင်းသည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ ပဋိပက္ခ တရား
များ ဖြစ်ပွားပေါ်ပေါက်လာခဲ့ပါလျှင် ဖတ်ပေါ် ဆူးကျလည်း ဖတ်ပင်ပေါက်တတ်ပေ၏ ။
ဆူးပေါ် ဖတ်ကျလျှင်လည်း ဖတ်
ပင်ပေါက်တတ်သော သဘောတရားကို လေးနက်စွာ ထား၍
အိမ်ထောင်တစ်ခု ပြိုပျက်လျှင် မိမိတို့မိန်းမသားပင် အကျနာ
အထိနာတတ်သည်ကို သတိချပ်သင့်သည်။
လင်ကို ဘုရား သားကိုသခင် လို ကိုးကွယ်တတ်သူ မိန်းမသား မယားကောင်းများ
မဖြစ်သော်ညားလည်း မိမိ၏ တစ်စုံတစ်ခုသော ပယောဂ တာဝန် မကျေပွန်မူ့ကြောင့် အိမ်ထောင်ရေးကို ဖြိုဖျက်သူ
မဖြစ်အောင် မိမိ၏ အိမ်ထောင် ဘ၀ကို ကာကွယ်စောင့်ရှောက်သင့်ပေသည် ။
ယောကျာ်းကောင်းတို့ အိမ်ထောင်ကို စိတ်ကုန်စေသော မိမိ ကိုပြစ်ခွာစေသော အကြောင်းတရားများကို
လည်း သိသင့်ရှောင်ရှားသင့်ပေသည် ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်တိုင်းပြည်လုံး၏ ဆန္ဒကို ဆန့်ကျင်၍ နပိုလီယံကြီး၏ တူတော်
တတိယ နပိုလီယံ ဘုရင်သည်
( မာရီ အီဇယ်နီ၂ ) ခေါ်သော မထင်ရှားသည့် မိန်းမလှတစ်ဦးအား တောင်ညာစံဒေ၀ီ
တင်ခဲ့ဖူးလေသည် ။
ဘုရင်မင်းမြတ်သည် မိဖုရားကြီးကို အလွန်ပင်မြတ်နိုးတော်မူသော်လည်း မိဖုရားကြီး၏ နားပူနားဆာ
လုပ်လွန်းအားကြီးသောကြောင့် အတန်ကြာသော အခါ မေတ္တာပြယ်လေရ၏ ။
အလွန်ကြီးမားကျယ်ပြန့်သော နန်းတော်ကြီး တစ်ခုလုံးတွင် ဘုရင်မင်းမြတ်သည် ဆိတ်ငြိမ်ရာကို ရှာမတွေ့
ရပေ ။
ဘုရင်မင်းမြတ်ကြီး တိုင်းရေးပြည်ရေးရာများစီမံလျှင်လည်း အခြားမိဖုရားငယ်တစ်ဦးနှင့် ပျော်ပါးနေသည် အထင်နှင့်
အလုပ်ခန်းအတွင်း ဇွတ်တိုးဝင်၍ နှောက်ယှတ်တတ်၏ ။
အရေးကြီးသော တိုင်းရေးပြည်ရာများတွင်လည်း မိဖုရားကြီး
အစဉ်ဝင်ရောက်စွက်ဖတ်၏ ။
ဘုရင်မင်းမြတ်ကြီးသည် ဘယ်သောအခါမျှ နားအေးပါအေးမနေရပေ ။
အလားတူပင် ကျွန်မတို့ မြန်မာရာဇ၀င်တွင်လည်း မိဖုရားများစွာ ရှိခဲ့ဘူးလေသည် ။
အချစ် နှင့် ခင်ပွန်း ယောက်ျားကို မိန်းမသားတိုင်းသည် တစ်ဦးတည်း ပိုင်ဆိုင်ခံစားလိုသည်မှာလည်း အမှန်တရားတစ်
ခုပင်ဖြစ်လေသည် ။
သို့သော်ငြားလည်း ကျွန်မတို့ မိန်းမသား အိမ်ထောင်ရှင်မများသည် ဤအရာတို့တွင် မိမိ၏ အတ္တ
ကိုရှေ့တန်း မတင်ပဲ ခင်ပွန်းယောကျာ်းများ၏ စိတ်နေ သဘောထားများကို ထွှင်းဖောက်နိုင်စွမ်းရှိသော နည်းလမ်းများကို
ပိုင်ဆိုင်သင့်ပေသည် ။
ခင်ပွန်း၏ သဘောတရားများကို နားလည်ခွင့်မပေးပဲ မိမိဖြစ်ချင်သော ဆန္ဒကိုသာ ရှေ့တန်းတင်၍ ပြဿနာတစ်ခုကို ရင်ဆိုင် ဖြေရှင်းပါက ဤသို့သော ယောကျာ်းသည် မည်မျှသော စည်းစိမ်ကို ပိုင်ဆိုင်သော်လည်း
နားပူနားဆာဒဏ်ကို ခံလိမ့်မည် မဟုတ်ပေ ။
စိတ်သက်သာရာ သာယာသည်ထင်သော အရာတွင်သာ ခိုနားပေလိမ့်မည် ။
ယောက်ျားအတော်များများသည် နားပူနားဆာလုပ်ခြင်းကို မနှစ်သက်ကြပေ ။
တစ်ဦး နှင့်တစ်ဦး မည်မျှ
ပင် ချစ်ခင်စုံမက်ခဲ့ကြသော်လည်း နားပူနားဆာလုပ်ခြင်းသည် အချစ်ကို ပြယ်စေနိုင်သည် ။
သတိချပ်သင့် ၏ ။
အိမ်ထောင်သည်တိုင်းသာယာချမ်းမြေ့
နိုင်ကြပါစေ"
Ma Ma

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...