Tuesday, September 8, 2015

ကမ္ဘာကျော်ဓာတ်ပုံထဲက Aylan Kurdi ဆိုတဲ့ ကလေးငယ်လေးရဲ့ ဇာတ်ကြောင်းလေး

Kokyaw Swarwin

Abdullah Kurdi ဆိုတဲ့ ဆီးရီးယားနိုင်ငံသား Kurd လူမျိုးနဲ့သူ့ဇနီးတို့မှာ သားကြီးGhalib Kuidi နဲ့သားငယ် Aylan Kurdi ဆိုတဲ့ သားနှစ်ယောက် ထွန်းကားခဲ့ပြီး ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ နေထိုင်ကြ သူများဖြစ်ပါတယ်။

ဒမတ်စကတ်မြို့မှာနေထိုင်စဉ်အတွင်း ကာ့ဒ်လူမျိုးများ ခံစားရတဲ့အတိုင်း Abdullah Kurdiဟာ ဆီးရီးယား သမ္မတ အတ်ဆတ်ရဲ့ လေတပ်ထောက်လှမ်းရေးက မတရားချုပ်နှောင်ထားခြင်းကို ခံခဲ့ရပါတယ်။

ဆီးရီးယားလေတပ်ရဲ့ (၅)လ ကြာ ဖမ်းဆီးခံထားရစဉ်အတွင်းမှာ Abdullah Kurdiဟာ နည်းမျိုးစုံနဲ့နှိပ်စက်ညှဉ်းပမ်းခြင်းကို ခံခဲ့ရပြီး သူ့ရဲ့သွားတွေကို ပလာယာနဲ့ ဆွဲနှုတ်ခြင်းကို ခံခဲ့ရပါတယ်။
နောက်ဆုံး ဒမတ်စကတ်မြို့မှာရှိတဲ့ မိသားစုပိုင် ကုန်စုံဆိုင်လေးကို သူ့မိန်းမကရောင်းချပြီး အာဏာပိုင်တွေကို ဆီးရီးယားငွေ သိန်း(၅၀) (ဒေါ်လာ ၂၅၀၀၀) လာဘ်ငွေပေးလိုက်မှ အချုပ်က လွတ်မြောက်လာခဲ့ရပါတယ်။
လာဘ်ငွေပေးပြီး အဖမ်းအဆီးခံးရာမှ လွံတ်မြောက်လာပြီးနောက် Abdullah Kurdi ဟာ မိသားစုနဲ့အတူ ဆီးရီးယားနိုင်ငံအပိုလိုမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အပိုလိုမြို့ရဲ့အခြေနေဟာ လေကြောင်းဗုံးကြဲမှုကြောင့် တစ်နေ့တစ်ခြားဆိုးဝါးလာတဲ့အတွက် သူ့မိသာစုဟာ ဇာတိမြို့ဖြစ်တဲ့ကိုဗာနီမြို့ကို ပြောင်းရွှေ့နေထိုင် ခဲ့ကြပြန်ပါတယ်။


၂၀၁၄ နှစ်က ISIS များမှ ကိုဗာနီမြို့ကို တိုက်ခိုက်လာကြတော့ သူတို့မိသားစုဟာ ဇာတိမြို့မှာ ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် တူရကီနိုင်ငံကို စစ်ပြေးဒုက္ခသည်တွေအဖြစ် ထွက်ခွာ လာခဲ့ကြပါတယ်။
၂၀၁၄ ဇွန်လအတွင်းက ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရှိရေးအတွက် Abdullah Kurdi က လျောက်ထားပေမယ့် ကနေဒါနိုင်ငံဘက်က ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။
တူရကီနိုင်ငံမှာ မိသားစု ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။တူရကီနိုင်ငံအစိုးရကလည်း မည်သည့်က်ေပံ့မှု မရတဲ့အတွက် လက်ကျန်ငွေလေးနဲ့ လူ ၄ ယောက်သာဆန့်တဲ့ ရာဘာလှေတစ်စင်းကို ဒေါ်လာ ၆၀၀၀ ပေးဝယ်ယူခဲ့ပြီး ဥရောပ နိုင်ငံတစ်ခုခုမှာ အခြေချ ခိုလှုံခွင့် ရှိနိုင်ရေးအတွက် ဂရိနိုင်ငံ Kos ကျွန်းကို ထွက်ခွာလာခဲ့ကြပါတယ်။


ပယ်လယ်ပြင်အရောက်မှာ ရာသီဥတု ဆိုးဝါးလာပြီး လှိုင်းလေပြင်းထန်း ကြမ်းတမ်းလာမှုကြောင့် ရာဘာလှေ နစ်မြုတ်ခဲ့ရပါတော့တယ်။လှေရောင်းသူက လှေနဲ့အတူ ထည့်ပေးလိုက်တဲ့အသက်ကယ်အင်္ကျီများဟာ အတုတွေဖြစ်နေတဲ့အတွက် လှေနစ်မြုတ်ချိန်မှာ ဘာမှအသုံးမဝင်ဘဲ ဇနီးနဲ့သားလေးနှစ်ယောက်ဟာ Abdullah Kurdi ရဲ့ မျက်စိရှေ့မှာတင် နစ်မြုတ်သွားကြပါတယ်။
သားငယ်ဖြစ်သူ Aylan Kurdi လေးရဲ့ အလောင်းဟာ တူရကီကမ်းခြေမှာ သောင်တင်ပြီးနောက် သတင်းမီဒီယာတွေရဲ့တင်ပြမှုကြောင့် တစ်ကမ္ဘာလုံးက Aylan Kurdi ဆိုတဲ့ကလေးအလောင်းကို မြင်တွေ့ရပြီး Abdullah Kurdi မိသာစုရဲ့အဖြစ်အပျက်ဟာ နိုင်ငံတကာ သတင်းဖြစ်ခဲ့ပါတယ်။
ဥရောပနိုင်ငံ့ခေခါင်းဆောင်တွေနဲ့ ပြည်သူတွေ တုန်လှုတ်သွားခဲ့ကြပတယ်။ကနေဒါအစိုးရကလည်း Abdullah Kurdi ကို ကနေဒါနိုင်ငံက အခုမှ ခိုလှုံခွင့် ပေးခဲ့ပြီး ကနေဒါနိုင်ငံသားအဖြစ် လက္ခံမယ်ဆိုတာ အကြောင်းကြားလာပါတယ်။
ခင်ဗျာ့တို့ခံစားကြည့်ကြပါ။
ချစ်တဲ့ဇနီးနဲ့ကိုယ်အရမ်းချစ်တဲ့ သားနှစ်ယောက် ကိုယ်မျက်စိရှေ့မှာ ဆုံးရှုံးသွားတာကို လူသားချင်းကိုယ်ချင်းစာကြည့်ပါဗျာ။
Abdullah Kurdi ကတော့ ကနေဒါနိုင်ငံကိုလည်း မသွားချင်တော့ပါဘူး။ဘယ် ဥရောပနိုင်ငံမှလည်း မသွားချင်တော့ပါဘူးလို့ ငြငိးပယ်လိုက်ပါတယ်။
သူဟာ ဇနီးနဲ့သားနှစ်ယောက်အလောင်းတွေကို သူရဲ့ဇာတိမြို့ဖြစ်တဲ့ ကိုဗာနီမြို့ကို ပြန်လည်သယ်ဆောင် သင်္ဂြုလ်ပြီးတော့ ISIS တွေကို ပြန်လည်တိုက်ထုတ်တဲ့ အလုပ်ကိုပဲ အသက်ပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ သူချစ်ရတဲ့ မိသာစုနဲ့ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ မှန်သမျှ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ပိုင်း သူအသက်ရှင်ဖို့မလိုအပ်တော့ပါဘူး လို့ Abdullah Kurdi က မျက်ရည်များနဲ့ ပြောပြပါတယ်။
အဲဒီတော့ ယဉ်ကျေးလှတဲ့ ကမ္ဘာကြီးအနေနဲ့ Abdullah Kurdi ရဲ့ မိသားစုလေးလို အဖြစ်အပျက်မျိုးကို မိသားစုတွေ ဘယ်လောက်များများ ဖြစ်ပြီးကြပြီလဲ……
သူတို့လို မိသားစုအဖြစ်မျိုးတွေ နောက်ထပ်မတွေ့လိုပါဘူးဗျာ
Aylan Kurdi ကလေးငယ်မျိုး အလောင်းတွေ သဲသောင်ပြင်ပေါ် လာတင်တာမျိုးတွေ ကျနော်တို့ မမြင်လိုတော့ပါဘူးဆိုရင်……
စစ်ပွဲတွေရပ်
့လူသားအချင်းချင်းမေတ္တာတရားထားကြပါ
ကိုယ်ချင်းစာတရားထားကြပါ
လူသားအချင်းချင်းနှိပ်စက်ခြင်းကို တကမ္ဘာလုံး ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့
လိုအပ်နေပါပြီ ။ ။
.
ဒီကမ္ဘာကြီးသာယာပါစေ
Nyi Say Min - ရေးသည်။.
  https://www.facebook.com/nyisay.min.90

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...