Tuesday, August 4, 2015

သုတ ထွေလာ

တစ်/ MARKETING
ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ
့လိုက်ပြီဆိုပါတော့။ သူ့ ဆီတိုက်ရိုက်ဝင်ပြီး ကျွန်တော်က
”အင်မတန်ချမ်းသာတဲ့သူဌေးပါ။ကျွန်တော်ကို လက်ထပ်မလား” လို့ မေးရင် အဲဒါ Direct
Marketing ။ တိုက်ရိုက်ဈေးကွက်တင်တာပေါ့။


>>>>>>>>>>>>>>>>>>>>
နှစ်/
ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ့  ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့မိန်းကလေး
ကိုတွေ့ တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီကလေးမဆီ လျှောက်သွားပြီး ခင်ဗျားကို
လက်ညိုးထိုးပြတယ်။
“ သူက သိပ်ချမ်းသာတာ၊ သူ့ ကိုကြိုက်လိုက်ပါလား” လို့ ပြောရင် အဲဒါ Advertising
။ ကြော်ငြာသဘောတရား။
>>>>>>>>>>>>>>>>>>>>>>
သုံး/
ပါတီမှာ မိန်းမချောလေးကိုတွေ့ လို့ တယ်လီဖုန်းနံပါတ် တောင်းထားလိုက်တယ်။
နောက်နေ့ ကျတော့ တယ်လီဖုန်းနဲ့ လှမ်းပြီး “ ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ။
ကျွန်တော်ကို လက်ထက်မလား” လို့ မေးရင် အဲဒါ Telemarketing ။
>>>>>>>>>>>>>>>>>>>>>>>>>
လေး/
ပါတီမှာ ကောင်းမလေးကိုတွေ့ တယ်။
စကားရောဖောရောတွေလုပ်ပြီးအချိုရည်ယူပေး၊ စားစရာယူပေးတွေလုပ်တယ်။ပြန်မယ်ဆိုတော့ ကားအထိလိုက်ပို့ ပေးပြီးတံခါးဖွင့်ပေးတယ်။
ပြီးတော့မှစကားကြီးသုံးခွန်းပြောတယ်။ အဲဒါ Public Relation ။
>>>>>>>>>>>>>>>>>>>>>>>>>>>>
ငါး/
ပါတီမှာ ကောင်မလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး “ ရှင်က သိပ်
ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထပ်ပါလားဟင်” လို့ မေးရင်အဲဒါ Brand Recognition။ ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။
Credit-Sai Comedy

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...