Tuesday, August 18, 2015

မိမိအိပ်တဲ့ပုံစံနဲ့ပတ်သတ်ပြီး မိမိရဲ့ပင်ကိုယ်ကိုသိနိုင်တယ်ဆိုတာ ဟုတ်မဟုတ်လေ့လာကြည့်ကြရအောင်။


အိပ်နည်းနဲ့ပတ်သတ်ပြီး မထင်မှတ်နိုင်လောက်တဲ့အရာထိ ကျွန်တော်တို့ရဲ့ ပင်ကိုယ်အမူအကျင့်တွေကို ထိုအိပ်နည်းတွေကပြောပြနိုင်မှာပဲဖြစ်ပါတယ်။ တစ်ညတစ်ညမှာ ကျွန်တော်တို့တွေဟာ အကြိမ်ပေါင်း ၄၀ ထက်မနည်း အမျိုးမျိုးပြောင်းလဲပြီးအိပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေဟာ ကိုယ်ကြိုက်တဲ့နည်းနဲ့ကိုယ်အိပ်ကြတာပါပဲလေ။
ကျွန်တော်တို့အကြိုက်ဆုံး ကျွန်တော်တို့ရဲ့အိပ်နည်းတွေကိုတော့ အိပ်ရာနိုးတဲ့အချိန်တွေမှာ အမြဲတွေ့လေ့တွေ့ထရှိတဲ့အိပ်နည်းပဲဖြစ်ပါတယ်။( နိုးစက်မှနိုးတဲ့ အိပ်နည်းကလွဲရင်ပေါ့။)
ကျွန်တော်တို့မှာ အိပ်နည်း ၄ နည်းရှိကြပါတယ်။ အဲဒီထဲမှ ကိုယ့်အကြိုက်ဆုံးအိပ်နည်းကဘယ်ဟာလည်းဆိုတာနဲနဲလေးစဉ်းစားကြည့်ပါနော်...
၁-) ပလက်လန်ပြီးအိပ်ခြင်း
ဒီလိုအိပ်နည်းကတော့ သင်သက်တောင့်သက်သာဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်။ ပြီးတော့ဒီလို အိပ်တတ်တဲ့သူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲရောက်နေပါစေမိမိကိုယ်ကို ယုံကြည်မှုပြည့်ဝပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်သူလို့ဆိုနိုင်ပါတယ်။ အရာရာကို သင်ယူတတ်မြောက်လွယ်ပြီး အခြားသူများနဲ့လည်း လျှင်မြန်စွာမိတ်ဖွဲ့ပေါင်းသင်းဆက်ဆံနိုင်တဲ့လူမျိုးပဲဖြစ်ပါတယ်။ ပလက်လန်ပြီး ခြေဆံ့ လက်ဆံ့ကာအိပ်တတ်တဲ့သူတွေဟာ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝသည်ထက်ပြည့်ဝတဲ့လူမျိုးလို့ ဆိုနိုင်ပါတယ်။
၂-) ကွေးပြီးအိပ်စက်ခြင်း
ဒီလိုအိပ်နည်းကတော့ တစ်ခါတစ်လေ မိမိလက်ကိုပိုက်ပြီး အိပ်ခြင်းနဲ့ စောင်ကိုဖက်ပြီးအိပ်စက်ခြင်းတို့နဲ့တူညီနိုင်ပါတယ်။ ကုတင်ရဲ့ အစွန်းတစ်နေနေရာမှာ အိပ်တတ်ပြီး နံရံတောင့်မှာအိပ်လေ့အိပ်ထရှိတဲ့အိပ်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအိပ်တတ်တဲ့သူဟာ အရာရာကိုရင်ဆိုင်ရမှာကြောက်ပြီး ပြဿနာနဲ့ရင်ဆိုင်ဖြေရင်းရမှာကို သိပ်မလိုလားတဲ့လူမျိုးပဲဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းသင်းတွေကို အရမ်းကိုခုံမင်၍ သူငယ်ချင်းနဲ့ ချစ်သူရည်းစား ဂရုစိုက်နွေးထွေးမှုကိုနှစ်သက်ကျေနပ်တတ်တဲ့လူမျိုးပဲဖြစ်ပါတယ်။
၃-) မှောက်လျှက်အနေအထားဖြင့်အိပ်စက်ခြင်း
ဒီအိပ်နည်းကတော့ များသောအားဖြင့်မှောက်လျှက်အိပ်ကာ လက်ကို ခေါင်းအုံးဘေးထားပြီးခြေဆန့်အိပ်တတ်တဲ့အမူအကျင့်ပဲမျိုးပဲဖြစ်ပါတယ်။ ဒီလိုအိပ်တတ်တဲ့လူမျိုးဟာ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်တတ်တဲ့လူမျိုးဖြစ်ပြီး ကိုယ်ဆုံးဖြတ်လိုက်တဲ့အရာတွေသာအမှန်တွေဖြစ်ပြီး အရာရာကို ကိုယ်တိုင် ဆုံးဖြတ်ရမှကျေနပ်တဲ့လူမျိုးပဲဖြစ်ပါတယ်။ တစ်ခြားသူရဲ့ဆုံးဖြတ်ချက်ပေးမှုကိုသိပ်မလိုလားတဲ့လူမျိုးဖြစ်ပြီး မိမိလုပ်နေတဲ့အရာကို သူတစ်ပါးက ပြောင်းလဲပြင်ဆင်လိုက်ရင် လုံးဝမကြိုက်တဲ့လူမျိုးပဲဖြစ်ပါတယ်။ မိမိရဲ့ရည်ရွယ်ချက် ရည်မှန်းချက်ကို အကောင်အထည်ဖော်တတ်တဲ့လူမျိုးဖြစ်ပြီး မိမိမက်ထားတဲ့အိပ်မက်အတိုင်း လျှောက်လှမ်းပြီး အကောင်အထည်ဖော်တတ်တဲ့စိတ်ဓါတ်ရှိတဲ့လူမျိုးပဲဖြစ်ပါတယ်။
၎-) ကိုယ်ကိုစောင်း၍ ဘေးတစ်ခြမ်းစောင်းအိပ်ခြင်း
ဒီအိပ်နည်းကတော့ ကွေးပြီးအိပ်နည်းနဲ့တော့ဆင်ပါတယ်။ ဒါပေမယ့် အရမ်းတော့ မနီးစပ်ပါဘူး။ ခြေနဲ့လက်က နဲနဲဆန့်နေပါသေးတယ်။ ဒါပေမယ့်နည်းနည်းလေးတော့ ကွေးကောင်းကွေးနိုင်ပါတယ်။ သက်တောင့်သက်သာအိပ်နည်းဖြစ်ပြီး ဒီလိုအိပ်တတ်တဲ့လူမျိုးတွေဟာ ပွင့်လင်းမှန်ကန်တတ်တဲ့လူမျိုးဖြစ်ပြီး ယုံကြည်စိတ်ချလို့ရနိုင်တဲ့လူမျိုးပဲဖြစ်ပါတယ်။ သူတို့တွေဟာ နေရာဌာနဒေသအလိုက် ရောက်ရာအရပ်မှာမိမိကိုယ်ကို ထိုနေရာနဲ့လိုက်လျှောညီထွေမှုရှိအောင်ပြုပြင်ပြီးနေတတ်တဲ့လူမျိုးပဲဖြစ်ပါတယ်။ ပြီးတော့ အင်အားသုံးစရာမလိုပဲအရာရာကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်တဲ့လူမျိုးပဲဖြစ်ပါတယ်။ တနည်းအားဖြင့် စည်းရုံးအားကောင်းတဲ့လူ လို့လည်းဆိုနိုင်ပါတယ်။
အားလုံးကိုလေးစားလျှက်...
J Jin Tai မှဖတ်မိသမျှပြန်ဆိုရေးသားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...