Saturday, August 1, 2015

စစ်ကိုင်းတိုင်းရေကြီးမှု ဆန်းစစ်ခြင်း ကြားဖြတ်အစီရင်ခံစာ

 
လောလောဆယ်ဆယ် ပြီးဆုံးသွားတဲ့အလုပ်ကို ကျနော် ချရေးပြပါ့မယ်။
-
တစ် ရေကြီးတဲ့ အကြောင်းတွေ ဖေ့ဘုတ်ပေါ်ကို ၁၉ရက်နေ့ လောက်မှာ အများကြီးတက်လာပါတယ်၊
ကျနော်လဲ စိတ်ထင်ရာတွေလျှောက်ရေးမိတယ်။
-
နှစ် တနင်းလာနေ့ မှာ သတင်းထောက်တယောက်က Ei Phyu Mon အင်တာဗျူးးလုပ်ချင်တယ် ။ လာပြောတယ် ဒါနဲ့ ပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဖွင့်ပြီးပြောကြတယ်။
-
သုံး အင်္ဂါနေ့ မှာ ဂြိုလ်တုဓါတ်ပုံတွေတောင်းဖို့ လိုအပ်ကြောင်း ဆွေးနွေးဖြစ်ကြတယ်။
-
လေး ဗုဒ္ဓဟူးနေ့ မှာ သူရဲကောင်းတယောက်ဖြစ်တဲ့ Nwet Yin Aye


Ms. Nwet Yin Aye
Director
Policy and Legal Analyses Division
Ministry of Social Welfare, Relief and Resettlement ကနေ ကျနော့်ကို ဆက်သွယ်လာတယ် ဘယ်မြေပုံတွေတောင်းပေးရမလဲတဲ့၊ သူ့ ညွှန်ချူပ်ကို ပြောပြီး ဂျပန်ကို တောင်းမယ်
-
ငါး ကျနော် သူ့ ကို ပြန်ပြောပြီး ဓါတ်ပုံရရင် ဆန်းစစ်ဖို့  ကို Nway Aung ကိုချိတ်တယ် Kyaw Naing Win ၀င်လာတယ်
-
ခြောက် ကြာသားပတေးနေ့ မှာ ၂၂ရက်နေ့ ပုံတွေရလာတယ် Khun San Aung တနေ့ လုံး အလုပ်လုပ်တယ်
-
ခုနှစ် ဒီနေ့  အရေးကြီးဆုံး စာရင်းဇယားတွေ ကျနော်တို့  ၀န်ကြီးဌာနကို အပ်လိုက်နိုင်ပြီ
နောက်အပတ်ထဲ ရေကျချိန် ၀င်မဲ့လူတွေအတွက် အရေးကြီးတဲ့ဒေတာတွေပါ၊ မြေပုံတွေလဲ goggle drive မှာ တင်ပေးထားတယ်၊ goggle KML KMZ တွေ အပြည့်ပဲ
နာဂစ်တုံးကလို ၀င်ကြတော့မဲ့အချိန်မှာ နောက်ဆု့းပေါ်နည်းပညာနဲ့ မြေပုံတွေ အွန်းလိုင်းမှာရှိနေညပီ
-
ပြောချင်တာက ပြီးသွားတာဟာ လွယ်လွယ်ကူကူလို့ မထင်ပါနဲ့  နိုင်ငံခြားကို အကူအညီတောင်းဖို့ ဆုံးဖြတ်ရဲတဲ့ ဌာနဆိုင်ရာ ညွှန်ချူပ်ကို လေးစားပါတယ်
MIMU ဟာလဲ သူ တချိန်လုံးလုပ်ခဲ့တဲ့ ဒေတာဘေ့စ်တွေရဲ့ အကျိုးကျေးဇူးကို ခံစားလိုက်ရတာပါပဲ
-
ကျနော့်အတွက်လဲ ဒါ လွယ်တယ်မထင်ပါနဲ့ တသက်လုံး လုပ်လာခဲ့ရတြ့ အတွေ့ အကြုံတွေပါပဲ ကျော်နိုင်ဝင်း၊ နွေအောင် ခွန်ဆန်းအောင် အသုံးချခဲ့ရတဲ့ ဆည်းပူးခဲ့ရတဲ့အလုပ်တွေအားလုံးကို mandate မရှိပဲနဲ့ကို ဆောင်ရွက်နိုင်ခဲ့ကြတာပါပဲ

-ဒီအလုပ်ဟာ case study မဟုတ်ပါ မြန်မာနိုင်ငံအတွက် တကယ့် real time processing ပါပဲ ဂျပန် ADRC ကကို Thank you for valuable reporting.
We were not able to know the real use example of the satellite image until now. လို့  သုံးသပ်ပြခဲ့ပါတယ်
-
အားလုံးကို လေးစားပါတယ်
-
ဒီဆောင်ရွက်မှုကနေ ရရှိနိုင်မဲ့ ကုသိုလ်ကိုလဲ ကျနော်တို့ အဖွဲ့ ကိုယ်စား အမျှဝေပါတယ်ဗျာ အမျှ အမျှ အမျှပါ
(ဒေါ်နွဲ့ရင်အေးကတော့ ဒါကို ဇူကာဘတ် ကောင်းမှုလို့ ပြောပါတယ်ခင်ဗျား၊ ဖေ့ဘုတ်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်၊ နေပြည်တော် အင်တာနက် ကျနော် အိမ်မှာသုံးတဲ့ အော်ရီဒူး စတဲ့ ဆရာတွေကိုလဲ ကျေးဇူးတင်ပါတယ်)

အလုပ်လုပ်သွာူးတဲ့ကွန်ပျူတာတွေက ကျနော် နေပြည်တော် MIMU ရန်ကုန်၊ ကျော်နိုင်ဝင်း ပါကစ္စတန် JAXA ဂျပန်၊ တကယ့်ကို အိုင်တီနည်းပညာရဲ့ ပြယုဂ်ကောင်းတခုပါပဲ

ဒေတာတွေကို ဒီမှာသိမ်းထားပါတယ် နောက်လာမဲ့အလုပ်တွေကိုလဲ ဆက်တင်ပေးသွားမှာပါ ကွင်းထဲမှလူများ လိုချင်တာရှိရင်လဲ ပြောကြပါ
https://drive.google.com/folderview

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...