Tuesday, August 25, 2015

စိတ်ချမ်းသာတယ်ဆိုတာ

‪#‎Zawgyi‬ Version

စိတ်ချမ်းသာတယ်ဆိုတာ ငွေကြောင့် ၊ တခြားလူတွေကြောင့်ထက် ကိုယ့်ကိုယ်တိုင် နေတတ်တာကြေင့်မို့ ဖြစ်ပေါ်လာတာလို့ ပြောရင် ပိုမှန်ပါတယ်။

အသက်ငယ်သည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ အသိဥာဏ်ကတော့ ရင့်ကျက်သင့်ပါတယ်။
ချစ်တဲ့ ... မနုဿ
‪#‎Unicode‬ Version
စိတ်ချမ်းသာတယ်ဆိုတာ ငွေကြောင့် ၊ တခြားလူတွေကြောင့်ထက် ကိုယ့်ကို်ယ်တိုင် နေတတ်တာကြေင့်မို့ ဖြစ်ပေါ်လာတာလို့ ပြောရင် ပိုမှန်ပါတယ်။
တစ်နေ့တစ်နေ့ တဖြည်းဖြည်းခြင်း ပျော်ရွှင်မှုသေးသေးလေးတွကို ရသလောက်လေး နှစ်ရှည်လများစုဆောင်းလိုက်တဲ့အခါ ကိုယ့်ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ ပျော်ရွှင်မှုတွေဟာ ဂိုထောင်ထဲမှာအပြည့်ဖြစ်နေတတ်ပါတယ်။
ပူပန်ငြူစူပြီး အလိုမကျမှုတွေချည်း တဖြည်းဖြည်းကောက်ထည့် သိမ်းဆည်းလာကြတဲ့အခါ ကိုယ့်ဘဝကြီးဟာလည်း တဖြည်းဖြည်း အမှိုက်သရိုက်တွေနဲ့ ဖုံးအုပ်လာတတ်ပါတယ်။
ပျော်ရွှင်လိုသူ၊ စိတ်ချမ်းသာလိုသူများဟာ သူတစ်ပါးကို ထိခိုက်ဖို့ ဘယ်တော့မှ စဉ်းစားကြမှာမဟုတ်ပါဘူး။ ချစ်သောသူကိုဖြစ်စေ ၊ မုန်းသောသူကိုဖြစ်စေ မည်သူ့ကိုမှ သွားရောက်တိုက်ခိုက်မှာ မဟုတ်ပါဘူး။
အသက်ငယ်သည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ အသိဉာဏ်ကတော့ ရင့်ကျက်သင့်ပါတယ်။
အသက်ကြီးလို့ ရင့်ကျက်နေပါပြီလို့ တထစ်ချယုံကြည်လိုက်လို့မရပါဘူး။
တာဝန်ယူတတ်တဲ့စိတ် ၊ သူတစ်ပါးပေါ် ကူညီလိုစိတ်၊ တန်ဖိုးထားမြတ်နိုးတတ်တဲ့စိတ် နဲ့ အချင်းချင်း နားလည်မှုတွေနဲ့ ဆက်ဆံကြမှ သာယာတဲ့ဆက်ဆံရေးကို ရရှိကြမှာပါ။
ဆုံးရှုံးခဲ့တဲ့ အရာတွေအတွက် အပြစ်တင်နေတာထက် ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ ချို့ယွင်းချက်တွေ အမှားတွေကို ပြုပြင်နိုင်ပြီဆိုရင် လောကကြီးမှာ ကိုယ့်လောက်စိတ်ချမ်းသာတဲ့သူဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။
ချစ်တဲ့ ... မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ
www.facebook.com/manotetha

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...