Thursday, August 13, 2015

ဒီမိုကရေစီ နှင့် အင်ပါယာ ဘယ်လို ဆက်စပ်သလဲ

ယေးလ်တက္ကသိုလ် အပါအဝင် နာမည်ကြီး တက္ကသိုလ်တွေမှာ
“ အမေရိကန်နိုင်ငံခြားရေးမူ” နှင့် “ နိုင်ငံတော်လုံခြုံရေး” ဒီဂရီတွေကို ယူမည်ဆိုလျင်၊ အင်ပါယာတွေ အကြောင်းတွေကို လေ့လာရသည်။
“ရောမန်အင်ပါယာ” ဆိုသည့် ဘာသာရပ်ကို ယူတုံးက
ပြဇာတ်တို တပုဒ်ကရင်း ဒီမိုကရေစီ နှင့် အင်ပါယာ အကြောင်း ရှင်းပြခဲ့တာကို သတိယမိသည်။
တကယ်တော့ ဂျူးလိယက် ဆီဆာ လက်ထက်မှာ ရောမန်အင်ပါယာ ဆိုတာ မပေါ်သေး။
ရောမန် သမ္မတ နိုင်ငံတော် ဖြစ်သည်။
ဆီဆာ က ထူးချွန်ထက်မြက်သည့်၊ သြဇာကြီးမားသည့် စစ်ခေါင်းဆောင်။
သူ့ လက်ထက်မှာ မြေယာ ပြုပြင်ပြောင်းလဲရေးတွေ၊ တိုင်းပြည်အတွက် အရေးပါသည့် လုပ်ငန်းတွေကို လုပ်ခဲ့တာ အမှန်။
သို့သော် ပြဿနာက သူက ဆီးနိတ် ကို မထေမဲ့မြင် ပြုလုပ်ခဲ့သည်။
အရာရာကို သူစိတ်တိုင်းကျ လုပ်သည်။
ဒါကြောင့်လည်း “ အာဏာရှင်ဘွဲ့ ” ကို တရားဝင်ခန့် အပ်ပေးရသည်အထိ ဖြစ်ခဲ့သည်။

လွှတ်တော်ကို လိုတာထက် ပိုပြီး မထေမဲ့မြင် လုပ်လာတော့၊
ဆီးနိတ်တာ တချို့ က သူ့ ကို လုပ်ကြံဖို့ ဆုံးဖြတ်ကြသည်။
……………………….
အာဏာရှင် ကို မဝိုင်းရံ နဲ့
…………………………
တကယ်တော့ လုပ်ကြံမှုကို ဦးဆောင်သူတွေထဲမှာ
( သူ့ ရာထူး ကို လက်ခံမည့် ဒုတိယ ညာလက်ရုံး)လည်း ပါနေသည်။
တချို့ က လုပ်ကြံမှုမှာ ပါဝင်ပတ်သက်ဖို့ အတွက်
အစပိုင်းမှာ ချီတုံချတုံ။ သို့သော် ဘရူးတပ်စ်က စကားပြောကောင်းသည်။
ဘရူးတပ်စ် နှင့် ဆီးနိတ်တာတွေ ပြောဆိုခဲ့သည့် စကားတချို့ ကို မှတ်မိနေဆဲ။
“ ဒီမိုကရေစီ ကို ယုံလား။ ရောမန်အင်ပါယာ ထူထောင်ချင်တယ်။ ဒီမိုကရေစီ ကို ဆက်လက်ဖွံ့ ဖြိုးရှင်သန်ချင်တယ် ဆိုရင်၊ အာဏာရှင် ကို မဝိုင်းရံ နဲ့။ အဆုံးသတ်ပစ်လိုက်” တဲ့။
မှောင်ရီနေသော ညနေခင်းများ။
ဘရူးတပ်စ် ရဲ့ ခြေသံတွေ၊ စကားသံတွေက တိတ်တဆိတ် လမ်းလျှောက်နေသည်။
“ ဒီမိုကရေစီကို ဖွံ့ ဖြိုးတိုးတက်စေချင်ရင် အာဏာရှင်ကို ဘယ်တော့မှ မဝိုင်းရံ နဲ့
ဒီမိုကရေစီ ဖွံ့ ဖြိုးတိုးတက်စေချင်ရင် အာဏာရှင်ကို ဘယ်တော့မှ မဝို်င်းရံနဲ့။ အဆုံးသတ်ပစ်လိုက်” တဲ့
ဂျူးလိယက်ဆီဆာ နောက်ကျောမှာ ဓါးဒဏ်ရာ အချက် (၂၃) ချက်ဝင်သွားခဲ့ပြီ။
နိုင်ငံရေးက သိပ်ပြီး ရှုပ်ထွေးနေပြီ။
ပုန်ကန်မှုတွေ ဖြစ်မှာ စိုးတော့၊ ဆီးနိတ်က လုပ်ကြံသတ်ဖြတ်သူများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရသည်။
…………………………………….
Octavian ( သို့ မဟုတ် ) သြဂတ်စတပ်
…………………………………………
သို့ သော် “ သြဂတ်စတပ်” လက်ထက်မှာ ထိုအမှု ကို ပြန်ကိုင်သည်။
“ သြဂတ်စတပ် ” က ဂျူးလီယက်ဆီဆာ ရဲ့ မွေးစားသား၊ ဆီဆာ ရဲ့ အရိုက်အရာကို ဆက်ခံမည့်သူ အဖြစ် လျာထားသူ။
“သြဂတ်စတပ်” လက်ထက်မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ရင်း၊ စစ်အင်အားကို ကြီးမားသထက် ကြီးမားလာအောင် ချဲ့ ထွင်သည်။ ဆီးနိတ် နှင့် နိုင်ငံရေးသမားတွေ ရဲ့ အိုင်ဒီယာတွေကို အလေးအနက် နားထောင်ရင်း နိုင်ငံကို အင်အားကြီးမားအောင် လုပ်သည်။
ဂျူလိယက်ဆီဆာ ကို သတ်ဖြတ်ခဲ့သည့် သူများကို “ လူသတ်သမားများ” အဖြစ် စစ်ကြေငြာခဲ့သည်။
သြဂတ်စတပ် က သူ့ ရဲ့ ပြိုင်ဘက်များကို အောင်မြင်ခဲ့သူ။
သူလက်ထက်မှာ ရောမန်အင်ပါယာ ကို စတင်တည်ထောင်တော့သည်။
ဒီမိုကရေစီ ရဲ့ အငွေ့ အသက်ကို ကျယ်ပြန့် သထက် ကျယ်ပြန့်အောင် လုပ်ပြီး
ဆီးနိတ် နဲ့ နိုင်ငံရေးသမားတွေ ရဲ့ ညီညွတ်မှု၊ အကြံဥာဏ်တွေကို အသုံးချနိုင်ခဲ့သည်။
သမိုင်းက ရှေ့ သို့ ချီတက်နေသည်။
ဂျူးလိယက်ဆီဆာ လုပ်ကြံခံရပေမယ့်၊ သူမရှိလို့ ရောမန်သမ္မတ နိုင်ငံတော်က မပြိုကွဲခဲ့။
ရောမန်အင်ပါယာ အဖြစ် ပေါ်ပေါက်လာခဲ့ပြန်သည်။
ဒီမိုကရေစီ နှင့် အင်ပါယာ ဘယ်လို ဆက်စပ်သလဲ ဆိုသည့် သင်ကြားချက်တွေက
အမေရိကန်တက္ကသိုလ်တွေ ဆီမှာ အခိုင်အမာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...