Friday, August 14, 2015

" ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသလား "

မိဘများက မိမိတို့ရဲ့ရင်သွေးကလေးများကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်
သစ် လူုဖြစ်လာကတဲက ဝါးဖတ်တော်ကစီဓာတ်နဲ့လူဖြစ်အောင်ကျွေးမွေးလာခဲ့ကြ
တဲ့အပြင် -----မှက်။ခြင်။ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ်။


ညကျရင်ကလေးအိပ်ရာထဲမှာ ကြမ်း
ပိုးရှာပေးရတာနဲ့မအိပ်ရတဲ့မိဘတွေရှိကြပါတယ်။
မေတ္တာပို့တဲ့အထဲမှာ ကြွက် ခြင် ယင်
ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ ဆိုကြသူတွေလဲရှိကြတယ်။


လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်
ခန်း၊ စာသင်ကျောင်း၊ဘော်ဒါ၊စာသင်
တိုက်၊ မီးရထား၊ထောင် စတာတွေမှာ
ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်
အဲဒီလောက်တောင်ဒုက္ခပေးနေတဲ့
ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုး
သောဆေးဝါးတွေနဲ့ အကြိမ်ကြိမ်နှိမ်နင်း
ခဲ့ကြပါတယ်။ခေါင်းမူးတာပဲ အဖတ်တင်
ပါတယ်။
ကြမ်းပိုးသတ်ဆေးရောင်းသူတွေက
တိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာပိုဝ
လာကြပါတယ်။
+ + .+
ခု တော့ နည်းကောင်းရပါပြီ။
.+ + +



တစ်နေ့မှာတော့ ပုဂံကုန်းရွာက လူ
ငယ် ကိုရွှေမောင်ရောက်လာပါတယ်။
ကျွန်တော့ဧည့်ခန်းမှာ ဖင်တကြွကြွ။ဆ
ရာ့အိမ်ကကြမ်းပိုးကိုက်တယ်ဗျာတဲ့။
အေးကွာ။ငါစိတ်ညစ်နေတာ နှစ်
ပေါင်း ၃၀ ရှိပြီ ဘယ်လိုမှနိမ်နင်းလို့မရ
ဘူး ဆိုတော့ ကိုရွှေမောင်က လွယ်လွယ်
လေးလုပ်ပြသွားပါတယ်။
တစ်ဘူး ၅၀၀ ကျပ်သာပေးရတဲ့ ဖူ
ဂျီကရင်ဆပ်ပြာ နဲနဲကော်ပြီးရေနဲ့ဖျော်ပါ
တယ်။ပြီးတော့ ဆေးထိုးပိုက်တစ်ချောင်း
ရှာပြီး ကြမ်းကြားတွေထဲထိုးပန်းလိုက်ရာ
ကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင်
သေလိုက်ကြတာ တစ်စက္ကန့်လောက်အ
တွင်းမှာ အတုံးအရုန်းပဲ။
ပိုက်ရှာမရရင် ဖလားထဲ အဝတ်နှစ်
ပြီး အဝတ်ကိုကြမ်းကြားထဲ ညှစ်ချရင်လဲရပါတယ်။
တစ်အိမ်လုံး တစ်ကျောင်းလုံးဖျန်း
မယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ကြမ်းကြား
ပေါ်ရော ကြမ်းအောက်ကဆင့်ကြားတွေပါ ဖျန်းပက်ပါ။
လွယ်လွယ်နဲ့။ ငွေကုန်သက်သာစွာနဲ့ ကြမ်းပိုးမျိုးပြုတ်သွားမှာပါ။
ကဲ ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေ
ကြသူများ ခုလက်တွေ့ စမ်းကြည့်လိုက်ပါ။
အဆင်ပြေရင်ပြေကြောင်းလေးပြောပြပါ။
တစ်ခြားသူများကိုလဲ ဝေငှပေးပါဗျာ။

Credit ... မောင်ဘို ( https://m.facebook.com/profile.php…

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...