Tuesday, August 4, 2015

" နှစ်မျိုးပဲရှိတယ် ။ အသိဥာဏ်မဲ့တာလား တာဝန်မဲ့တာလား - "


( လက်ရှိရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ ဆုံမေးမြန်းခြင်း )
နိုင်ငံတစ်ဝှမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ၁၁ ခုအထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လာမည့် စက်တင်ဘာနှင့်အောက်တို ဘာတို့ ၌ အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းကာလအတွက်ကို ပို၍စိုးရိမ်စရာဖြစ်ရပ်အဖြစ် အစိုးရပိုင်းက သတိထားကာ ကြိုတင်ပြင်ဆင်မှု လုပ် ထားစေလိုကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားလာသည်။

လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေါက်တာထွန်းလွင်၏ ဝေဖန်သုံးသပ်ချက်များကို ပြည်မြန်မာ ပရိသတ်များသိရှိနိုင်စေရန်တွေ့ ဆုံမေးမြန်းပြီး ဖော်ပြလိုက်ပါသည်။
မေး - ဆရာ ဦးထွန်လွင် ခင်ဗျာ ။ ဆရာသတိပေးနေတဲ့အထဲမှာရေကြီး
ရေလျှံမှု ပထမအကြိမ် ၊ ဒုတိယအကြိမ် နဲ့ တတိယအကြိမ်ဆိုပြီးတော့ ရေကြီးရေလျှံကာလ သုံးပိုင်းရှိတယ်ပေါ့ ။ အခု ဒုတိယအကြိမ်က ပြီးပြီ
လား ၊ တတိယအကြိမ်ကရော ဘယ်လိုရှိမလဲခင်ဗျ ။
ဖြေ - ပထမအကြိမ်က ဖြစ်ပြီးသွားပြီ ၊ ဒုတိယအကြိမ်က ဖြစ်နေဆဲပေါ့ ။ အခု ဒီမုန်တိုင်း( ကိုမန် ) ပြီးရင်တော့ နည်းနည်းလောက်တော့ လျှော့
သွားမှာပေါ့ ။ ရေပြန်ကျသွားမှာပေါ့ ။ တတိယအကြိမ်ကဘယ်အချိန်မှာ
လာမလဲဆိုတော့ စက်တင်ဘာ၊ အောက်တိုဘာပေါ့ ။ စက်တင်ဘာ အောက်တိုဘာမှာ ရေက ပြန်ကြွလာဦးမှာပဲ ။ အဲဒီလိုပြန်ကြွလာတဲ့အခါ
မှာ ဒီလိုမိုးကောင်းတာတွေနဲ့ အဲဒီ တတိယအကြိမ်ကို နည်းနည်းစိုးရိမ် တယ် ။ ဘာလို့ စိုးရိမ်လဲဆိုတော့ ဒီနှစ်က အကြောင်းလေးချက်လောက်
ရှိတယ် ။ ပထမတစ်ချက်က ဒီနှစ်မိုးရာသီကုန် စက်တင်ဘာလကုန်
အထိ မိုးကကောင်းမယ် ၊ ရွာသွန်းမြဲထက်ပိုမယ်လို့ ရက်ရှည်ခန့် မှန်း
ချက်ကို အမေရိကားက ထုတ်ပြန်ထားတယ် ။ အဲဒီတော့ ဒီနှစ်က မိုး ကောင်းမယ့်နှစ်ဆိုတာကို ဆရာတို့ ကတွက်လို့ ရပြီးသား။ ဒုတိယ
အချက်က ဘာလဲဆိုတော့ ဘင်္ဂလားပင်လယ်အော်မှာ အမှန်အတိုင်း
ပြောရရင် အခုဖြစ်နေတဲ့ ကိုလ်မန် မုန်တိုင်းတစ်ခုသာလျှင် မုန်တိုင်း
ရယ်လို့ ပြောနိုင်သေးတယ် ။ ရှေ့ မှာတော့ တစ်လုံးဖြစ်တယ်ဆိုပေမယ့် မုန်တိုင်းလို့ ကြေညာတောင် မကြေညာဘူး ။ ကုန်းတစ်ဝက် ရေတစ်
ဝက်ကောင် မို့ လို့ စာရင်းမသွင်းတာ ။ အိန္ဒိယကတော့ စာရင်းသွင်း
တယ်ပေါ့ ။ ထားပါတော့လေ အဲဒါပါမှ နှစ်လုံးပဲရှိသေးတယ် ။ အဲဒီတော့ နောက်ထပ်မုန်တိုင်းဖြစ်ဖို့ အလားအလာက အများကြီးကျန်သေးတယ် ။ နောက်ပြီးတော့လည်း ရာသီဥတုပြောင်းလဲမှုအလားအလာအရ ၂၀၀၆ ကနေ ၂၀၁၄ အထိ မြန်မာနိုင်ငံမှာ မိုးရာသီကို မိုးကြို ၊ မိုးဦး ၊မိုးလယ် ၊ မိုးနှောင်း၊ မိုးလွန် ဆိုပြီး ငါးပိုင်း ပိုင်းလို့ ရတယ် ။ မိုးကြိုမှာဖြစ်တဲ့ မုန်
တိုင်းက ပျမ်းမျှအားဖြင့် သုည ဒသမ ၈၃ လောက်ရှိတယ် ၊ ဆိုလိုတာက မိုးကြို ငါးနှစ်မှာ လေးလုံးလောက်ဖြစ်တယ်ပေါ့ ။ နှစ်တိုင်းမဖြစ်ဘူး
ဒါပေမယ့် နှစ်တိုင်းနီးပါးရှိတယ်ပေါ့ ။ မိုးဦးရောက်လာရင် သုည ဒသမ ၃ ပဲရှိတယ် ။ အဲဒါက သုံးနှစ်မှ တစ်ကြိမ်လောက်ပေါ့ ။ မိုးလယ်မှာ
လည်း ဒီအတိုင်းပဲ မိုးနှောင်းလည်း ဒီအတိုင်းပဲ ။ မိုးလွန်မှာကျတော့ တစ်နှစ်ကို ၃ ဒသမ ၂ ဖြစ်တယ် ။ အဲဒါက တစ်နှစ်ကို အနည်းဆုံး
သုံးလုံးကနေ လေးလုံးအထိဖြစ်တတ်တယ် ။ ဆိုတော့ အခုလာမယ့် စက်တင်ဘာ အောက်တိုဘာက မိုးလွန်ဖြစ်သွားပြီ ၊ အဲဒီမှာ မုန်တိုင်းက သေချာပေါက်ဖြစ်မှာ ။ တစ်ခါ အဲဒီမှာလည်း နှစ်တိုင်းက ဘာဖြစ်တတ် လဲဆိုတော့ ရေကြီးတတ်တယ် ၊ တတိယရေကြီးကာလပေါ့ ။ ဒီနှစ်ခုက လာတိုက်နေတယ် ။ ဒါက ရေကြီးဖို့ အလားအလာ တိုးဖို့ အချက် တစ်ခု ဖြစ်လာတယ် ။ နောက်တစ်ခါ အရှေ့ လေပွေလှိုင်းလို့ ခေါ်တဲ့မြန်မာပြည်
ကို မိုးတွေ အများကြီးပေးတဲ့ အဓိက မိုးက မိုးလွန်မှာလာဦးမှာပဲ ၊ဆိုတော့ အဲဒါတွေလာလိုက်လို့ ရှိရင် မိုးက တစ်ပတ်ဆယ်ရက် မပြတ်
ဘူး ။ အဲဒီတော့အရှေ့ ဘက်က ရေကြီးလာမယ် ။ နောက်တစ်ခုမုတ်သုန်
က ပြန်အထွက်မှာ မိုးက အလယ်ပိုင်းတို့ အောက်ပိုင်းတို့ မိုးကောင်း
ကောင်းရွာပြန်ဦးမယ် ။ အရှေ့ ဘက်ကအားကောင်းတာနဲ့ ဒီဘက်က မုန်တိုင်းနဲ့ ဆုံလိုက်ရင် အောက်က မုတ်သုန်ကလည်း ရေကြီးမှုကို
ပြန်တင်ထားမယ် ဆိုရင် အဲဒါမျိုးက တော်တော်ဆိုးသွားမယ် ။ ၂၀၀၄ တုန်းကဖြစ်ခဲ့ဖူးတယ် ။ မတိုက်ဆိုင်ပါစေနဲ့ လို့ ပဲ ဆုတောင်းရမှာပဲ ။
မေး - မိုးတွင်းကာလအတွင်းမှာ ဖြစ်ပွားတတ်တဲ့ မုန်တိုင်းအနေအထား
ကို ရော ဘယ်လို ခန့် မှန်းထားလဲခင်ဗျ ။
ဖြေ - မုန်တိုင်းမှတ်တမ်းက ၁၈၇၇ ကနေ ၂၀၁၄ အထိ စာရင်းကို ချုပ် ပြီးပြီ ၊ ၁၃၇ နှစ်ကျော်ပေါ့ ။ အဲဒီကာလအတွင်းမှာ ဘင်္ဂလားပင်လယ် အော်မှာ မုန်တိုင်းပေါင်း ၁၃၁၀ လုံး ၁၃ လုံးလောက်ဖြစ်တယ် ။ အဲဒီ အထဲကနေ မြန်မာနိုင်ငံကို ၀င်ပြီးတာက ၈၅ လုံးလောက် ရှိတယ် ။ ၈၅ လုံးကို ပြန်ကြည့်တဲ့အခါမှာကျတော့ နံပါတ်တစ် အရေးကြီးဆုံးအချက် က ဘယ်တုန်းကမှ မိုးဦး ၊ မိုးလယ် ၊ မိုးနှောင်းမှာ မ၀င်ဘူး ၊ ဇွန် ၊ ဇူလိုင် သြဂုတ် ၊ စက်တင်ဘာ ဘယ်တော့မှ မ၀င်ဘူး ။ ဘယ်အချိန်မှာ ၀င်လဲ ဆိုတော့ မိုးမကျမီ မိုးကြို နဲ့ မိုးလွန်တွေမှာပဲ ၀င်တတ်တယ် ။ ဧပြီ ၊ မေ နဲ့  အောက်တိုဘာ ၊ နိုဝင်ဘာပေါ့ ။ ၀င်တဲ့အခါမှာ မိုးကြိုမှာဝင်တာက ရာခိုနှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်း ၊ မိုးလွန်မှာတော့ ၄၉ ရာခိုင်နှုန်း ဖြစ်နေ
တယ် ။ မိုးလွန်မှာဖြစ်နိုင်တဲ့ မုန်တိုင်းတွေကတော့ မြန်မာနိုင်ငံ အတွက် ဘယ်လိုမှကောင်းကျိုးပေးတဲ့ မုန်တိုင်းတွေဖြစ်လာမှာ မဟုတ်ဘူး ။ အကြောင်းက နှစ်ချက်ရှိတယ် ။ မိုးလွန်မှ မုန်တိုင်းဖြစ်ရင် အဲဒီမုန်တိုင်း က မြန်မာပြည်ကို ၀င်ဖို့ အန္တရာယ်ရှိတယ် ။ မြန်မာပြည်ရဲ့ ဒုတိယ မုန်တိုင်းရာသီပေါ့ ။ ၀င်မယ်လို့ အတိအကျမပြောချင်ပေမယ့် ၀င်လာ
နိုင်တယ်လို့ ပြောရမှာပဲ ။ အောက်တိုဘာ နိုဝင်ဘာကြီးမှာ မိုးရွာရင် ဒီမိုးက ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်ဆိုတော့ ဖျက်မိုးပဲ ဖြစ်မှာ ။ ကောင်းကျိုးထက် ဆိုးကျိုးပဲဖြစ်မှာ ။
မေး - ဒီလိုဖြစ်စဉ်တွေကို မြင်လာရပြီဆိုတော့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအပိုင်းတွေကို ဆရာ ဘယ်လို ဝေဖန်သုံးသပ်ချင်လဲခင်ဗျ။
ဖြေ - သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းမှာ
နှစ်ပိုင်းရှိပါတယ် ။ မဖြစ်မီ နဲ့ ဖြစ်ပြီး ပေါ့ ။ မဖြစ်မီ ကြိုလုပ်တာကိုတော့ ကာကွယ်ရေးလို့ ခေါ်မယ် ။ ကြိုတင်ပြင်ဆင်ရေးလို့ ခေါ်မယ်ပေါ့ ။ ဖြစ်
ပြီးမှ လုပ်တာကတော့ ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး၊ ပြန်
လည်ထူထောင်ရေးတို့ ပေါ့ ။ မြန်မာနိုင်ငံမှာ အစိုးရဌာနအပါအ၀င် ပြည်သူလူထု ပရဟိတ အပါအ၀င် အားလုံးက ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လုပ်ရတဲ့ အလုပ်ကို လူတိုင်းလိုလို အားသန်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာနိုင်ငံလည်းဖြစ်တယ် ၊ ပရဟိတ ထွန်းကားတဲ့ နိုင်ငံ လည်းဖြစ်တယ်ဆိုတော့ ဒုက္ခရောက်ပြီဟေ့ ဆိုရင် ဘယ်သူမှကြည့်မနေ ဘူး ။ လူမှုရေးဘာသာရေးအရတော့ ကောင်းပါတယ် ။ ဒါပေမယ့် သိပ္ပံ
နည်းအရ ကြည့်ရင်တော့ ဒါဟာမှားနေတယ် ။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရာတစ်ခုကို မဖြစ်ခင်ကတည်း ကြိတင်ကာကွယ်ရမယ့် အလုပ်တွေ အများကြီးရှိတာကို လုပ်တာ အလွန်နည်းတယ် ။ ပြည်သူ
တွေကလည်း နည်းတယ် အစိုးရကလည်း နည်းတယ် ။ အခု ရေကြီး
တာကိုဆိုရင် ဆရာပြောခဲ့တာ ဇူလိုင် ၁၄ ရက်ကတည်း သတိပေးခဲ့
တာပဲ ။ ဒီလောက် တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုဖြစ်နေတယ် ၊ သဖန်းဆိပ် ဆည်ကြီးကလည်း ရေတွေ အီနေပြီ ၊ တံတားတွေ လမ်းတွေလည်း ပျက်စီးကုန်ပြီ ၊ လူတွေလည်း ဒုက္ခတွေရောက်နေပြီ ၊ုမုန်တိုင်းကလည်း ထပ်လာဦးမယ် ။ ဒီလိုဖြစ်နေတာကို ဘာတစ်ခုမှ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိတာကို စိတ်ထဲမှာ တော်တော်လေး မချင့်မရဲ ဖြစ်နေမိတယ် ။ နာဂစ်မုန်တိုင်းမဖြစ်ခင် အိန္ဒိယသမုဒ္ဒရာ ဆူနာမီဖြစ်တယ် ။ အဲဒီကာလက ကွယ်လွန်သွားပြီဖြစ်တဲ့ ၀န်ကြီးချုပ်
ဟောင်း ဦးစိုးဝင်းပေါ့ ။၂၀၀၄ တုန်းက သဘာဝဘေးအန္တရာယ်ကာ
ကွယ်ရေးနဲ့  ပတ်သက်တဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးအဖွဲ့ ကြီးဖွဲ့ တယ် ။ ၀န်ကြီးချုပ် က ဥက္ကဋ္ဌ တာဝန်ယူပြီး တိုင်းမှုးတွေ အကုန်လုံး အဖွဲ့ ဝင်
အဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေ ၁၇ ဦးပါတယ် ။ မြန်မာနိုင်ငံ
မှာ ဒါထက်ကြီးတဲ့အဖွဲ့ အစည်းမရှိဘူး ။ အဲဒီအဖွဲ့ ကြီးထဲမှာ ကော်မတီ ၈ ခုရှိတယ် ။ လေးခုလောက်က မဖြစ်ခင်မှာ ကြိုတင်စီစဉ်ရမယ့် အဖွဲ့  တွေ ။ ဒါပေမယ့် အဲဒါကြီးက တစ်ခါမှအလုပ်မလုပ်ဘူး ။ ပထမဆုံးတွေ့  ရတာက ၂၀၀၈ နာဂစ်မှာပေါ့။ အစည်းအဝေးခေါ်တာ တစ်ခါမှ မကြား မိဘူး ။ အခုလည်း တစ်ခါဖြစ်နေပြန်ပြီ ဘာမှ ထဲထဲဝင်ဝင် အလုပ်မလုပ်
ဘူး ။ နာဂစ်ဖြစ်တော့ အစိုးရက ဌာနတွေအားလုံးကို မြို့ နယ် အဆင့် အထိ လုပ်ခိုင်းတာကသဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခိုင်းခဲ့တယ် ။ ဖြစ်လာခဲ့ရင် အလွယ်တကူလုပ်
ကြဖို့ ပေါ့ ။ နားလည်လည် မလည်လည်အကုန်လုံးလုပ်ထားကြရတယ်။ ဆရာ့အမြင်ကတော့ အားလုံးက ဗီရိုထဲမှာပဲရှိနေတယ် ၊ဒီဟာကိုဘာလို့ 
ထုတ်မသုံးတာတုန်း ။ အဲဒီအထဲမှာ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ အကုန်လုံးပါပြီးသား။ ဒါပေမယ့် ဒီဟာကို အသုံးပြုပြီးလုပ်တဲ့သူက မရှိ
သလောက်ကို ရှားနေတယ်။ အဲတော့ ဒီနိုင်ငံက ဘယ်လို နိုင်ငံဖြစ်နေလဲ ဆိုတော့ လုပ်စရာရှိတာကိုတော့ ဟန်ပြအဖြစ် အကုန်လုပ်ပြနေတာပဲ ။ လက်တွေ့ အကောင်အထည်ဖော်တာမှာတော့ အလွန်ညံ့တဲ့နိုင်ငံ ၊ အဲဒီ တော့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး ။ တစ်ခုခုဖြစ်လိုက် ကောက်လုပ်
လိုက်နဲ့ ကောက်ရိုးမီးပဲ ။ နာဂစ်ကိုပဲ ကြည့်လေ။ နှစ်နှစ်လောက်တော့
Shelter တွေ ဆောက်ဘာတွေဆောက်နဲ့ ပေါ့ လုပ်ပြတယ် ။ အခုလည်း
ကျရော ဘယ်သူမှလှည့်မကြည့်တော့ဘူး ။ ဒါက နိုင်ငံနဲ့ လူမျိုးရဲ့ ရှက်စ ရာကောင်းတဲ့ အကျင့်ပေါ့ ။ နောက်တစ်ခုက အမေရိကန်က နိုင်ငံတစ်ခု ချင်းအလိုက်ထုတ်ထားတဲ့ ရာသီဥတုဆိုင်ရာ အချက်အလက်တွေမှာ နိုင်ငံပေါင်း ၁၈၄ နိုင်ငံမှာ မြန်မာက အဆင့် ၁၇၉ မှာရှိတယ်။ တွက်ချက် တွေက အဲဒီနိုင်ငံတစ်နိုင်ငံမှာ အစိုးရ ဘယ်လိုပေါ်လစီရှိလဲ ။ လူထုက ဘယ်လိုအသိပညာရှိလဲ ၊ အစိုးရက ရံပုံငွေဘယ်လိုသုံးစွဲသလဲ စသဖြင့် အခြေခံ အချက်အလက်တွေကို ခြုံငုံတွက်ချက်တာလေ ။ အလွန်ညံ့တဲ့ နိုင်ငံပေါ့ဗျာ ။ ဒီနိုင်ငံက အားလုံးက For Show ( ဟန်ပြ) ပဲ ။ တကယ် လက်တွေ့ မှာ ဘာမှမလုပ်ကြဘူး ။ ဘာကိုသုံးရမယ်မှန်းလဲ မသိကြဘူး ။ နောက်ပြီးတော့ မဖြစ်မချင်းကို ထိုင်ကြည့်နေတဲ့ သဘောရှိတယ်။ ဖြစ်
ပြီးမှသာ အူးလျှားဖားလျှားနဲ့ လုပ်တော့တာ ။ အခု ရေကြီးနေတဲ့ နေရာ
တွေကိုဆိုရင် ပြည်သူတွေက ကူညီချင်ရင်တောင် နာဆာက ရိုက်ပြတဲ့ ပုံအရ ဘယ်လိုသွားမလဲ ။ ဒါတွေက အစိုးရပဲ လုပ်နိုင်မှာလေ ။ အစိုးရ
က အရေးပေါ် အခြေအနေကြေညာတာမှာလည်း နိုင်ငံတကာက ကူညီ မှုတွေကိုဖိတ်ခေါ်ရတော့မှာ ။ ဆရာလည်းပြောရတာ သူပုန်ကြီး ကျနေ တာပဲ ။ ဒီနှစ် ကိစ္စမှာ ဆရာ အရမ်း စိုးရိမ်တယ် ။ ဘာဖြစ်လို့ လဲဆိုတော့
နာဂစ်တုန်းကလည်း ပြောခဲ့တာပဲ အရာမထင်ခဲ့ဘူး ။ ဘာဖြစ်လို့ လဲဆို
တော့ ဖွဲ့ စည်းပုံကြီးက ရှိနေတယ်လေ( ဖွဲ့ စည်းပုံရေးဆွဲခဲ့ခြင်းကို ဆိုလို
သည်) ။ အခုတစ်ခါတည်း ပြောတာပဲ ။ ရွေးကောက်ပွဲကြီးက ရှိနေပြန် ပြီလေ ။ ဒီနိုင်ငံက သိတဲ့အတိုင်းပဲ အဲဒီလို ကိစ္စမျိုးကြုံလာရင် ကျန်တာ
တွေအကုန်လှည့်တောင် မကြည့်တတ်တဲ့ ဖြစ်စဉ်ရှိခဲ့ဖူးတယ်လေ။ အခု လည်း သဖန်းဆိပ် ဆည်ကြီးက ရေလွှတ်နေပြီတဲ့လေ ။ မလွှတ်ခင်သာ ကျိုးခဲ့ရင်တော့ ဘာပြောကောင်းမလဲ စစ်ကိုင်းတို့ မုံရွာတို့ မြို့ တောင် ကျန်ခဲ့မှာ မဟုတ်ဘူး။ အခု ရေလွှတ်နေတာမှာလည်းအောက်က ရွာတွေ ထိဦးမယ် ။ အဲဒီတော့ ဘာလုပ်ကြတာလဲ ၊မိုးလေ၀သ ခန့် မှန်းချက်တွေ
ကို အဲဒီပုဂ္ဂိုလ်တွေက မကြည့်ကြဘူးလား။ ဒါတွေက သူတို့ သိရမှာပေါ့ ။ သိရင်ရော ဘာလို့ ကြို မလုပ်တာလဲ ။ ဘာလို့ နောက်ဆုံးမိနစ်အထိ စောင့်နေတာလဲ ။ ဖြစ်သွားရင် ဘယ်သူကတာဝန်ယူမှာလဲ ။ အခုလည်း ကျိုးသွားတဲ့တံတားတွေ ၊ သေသွားတဲ့ လူတွေအများကြီးပဲ ။ ပြောလိုက် ရင်တော့ စကားကြီး စကားကျယ်နဲ့ သူတို့ ထက်ပိုပြီး လုပ်တာမရှိဘူးပေါ့ ။ တကယ်တမ်းကျတော့ ဘာမှ မလုပ်ဘူး ။
မေး - ရေကြီးမှုတွေ ဖြစ်လာချိန်မှာ သမ္မတနဲ့ တပ်ချုပ်တို့ က သွားကြည့် ခဲ့ကြတယ် ။ ဒီနောက်ပိုင်းမှာ ဘာမှ မထူးခြားတဲ့အပြင် ပိုဆိုးလာတာ
ကိုပဲ မြင်ရတယ် ။ ဒီဖြစ်စဉ်က နိုင်ငံ့ခေါင်းဆောင်အနေနဲ့ တာဝန်ကျေခဲ့
တယ်လို့ ဆရာ မြင်မိလား ။
ဖြေ - အလွန်တာဝန်မကျေတဲ့ လုပ်ရပ်တွေပါပဲ ။ ဒီနိုင်ငံသူ ဒီနိုင်ငံသား တွေ ဒုက္ခရောက်ရမယ့်အရေးကနေ အစိုးရ ကာကွယ်ပေးရမှာပဲလေ။ ဘာမှမလုပ်နိုင်ဘဲ ပြန်သွားတယ်ဆိုရင်တော့ တာဝန်မကျေတဲ့လုပ်
ရပ်ပေါ့ ။ ဓါတ်ပုံရိုက်ခံဖို့ အတွက်ပဲ လုပ်သွားတဲ့ သဘောပေါ့ ။
မေး - သူတို့ အနေနဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အားနည်းနေတာက အမှန်ပဲ ။ သူတို့ စိတ်ဝင်စားမှုမရှိတာလား ၊မသိတာလား ၊ မလုပ်ချင်
တာလား ။ ဆရာဘယ်လိုယူဆပါသလဲ ခင်ဗျ ။
ဖြေ - အတွေးလည်း မရှိဘူး ၊ စိတ်ဝင်စားမှုလည်းမရှိဘူး ၊ ဒီကိစ္စက သူတို့ အတွက် ကိစ္စတစ်ခုလို့ သတ်မှတ်ကြပုံမရဘူး ။ ဒီလောက် ကမ္ဘာ
မှာ အဆိုးဆုံးနိုင်ငံထဲမှာပါနေပြီ ဆိုတာ ၂၀၁၂ ကတည်းက ကမ္ဘာ့ပညာ
ရှင်တွေက ပြောနေကြတာကို ဆရာက မေးခွန်းထုတ်ချင်တာက အဲဒီ အစိုးရပိုင်းကလူကြီးတွေ သိရော သိရဲ့ လား ၊ သိတယ်ဆိုရင် အဲဒီ အ
တွက် ဘာလုပ်ထားလဲ ၊ အစိုးရပိုင်းအနေနဲ့ လုပ်တာဘာရှိလဲ လို့ ပြော
တာနော် ၊ နိုင်ငံတကာက လာလုပ်ပေးနေတာကို လာမပြောနဲ့ လေ ။ နိုင်ငံတကာက ကူညီတဲ့ငွေ ဆိုရင်တော့ အဖွဲ့ တွေ ဖွဲ့ ပြီး လုပ်တော့ လုပ်တယ်။ ဒါပေမယ့် ခပ်ရိုင်းရိုင်းပြောရရင်တော့ ငွေကြေးကိစ္စပါလာရင် မိုးလေ၀သက အဲဒီလိုအဖွဲ့ တွေမှာ တစ်ယောက်မှ မပါဘူး ။ ပါရင်လည်း ကိုယ်စားလှယ်တစ်ယောက်ပေါ့ ။ အကုန်ဝင်ပြီး နေရာဦးကြတာချည်းပဲ ။ ဘယ်သူမှ မလုပ်ချင်ရင်တော့ မိုးလေ၀သက လုပ်ရတော့တာပဲ ။
မေး - အစိုးရအဖွဲ့ တက်လာစဉ်ကအကြံပေးအဖွဲ့ တွေအများကြီးဖွဲ့ တယ်
။ ဒါပေမယ့် တစ်ကမ္ဘာလုံးကသတိထားလုပ်ဆောင်လာနေတဲ့ ရာသီဥတု
နဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအတွက် အဖွဲ့  ဖွဲ့ ထား
တယ်လို့ မကြားမိဘူး ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲခင်ဗျ ။
ဖြေ - ဘာအဖွဲ့ မှမရှိဘူး ။ အဲ - သူတို့ ပြောလိမ့်မယ် ။ မနေ့ တစ်နေ့ 
ကမှ ဖွဲ့ ထားတဲ့ အဖွဲ့ တစ်ခုရှိတယ်။အဲဒါက EU က ပိုက်ဆံပေးလို့ ထပြီး
ဖွဲ့ တာ ။ အဲဒီမှာ နေပြည်တော်မှာ ရှိတဲ့ ရှိသမျှ ညွှန်ချုပ်တွေကို စာရင်း
ထည့်ထားတာ။ ညွှန်ချုပ်နဲ့ ပညာရှင်က တစ်ခြားစီပဲလေ ။ ဒါကြောင့် ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဆရာ မကြာခဏ ဝေဖန်နေရတာပေါ့ ။
မေး - အခု ရေကြီးရေလျှံမှုဖြစ်စဉ်ကြီးမှာတောင် ပညာရှင်တွေကို ဖိတ်
ခေါ်ပြီး အကြံဥာဏ်အယူအဆတောင်းခံတာမျိုး မရှိတာတွေ့ ရတယ်။ ဒါက မှားယွင်းနေတဲ့ အယူအဆလို့ ပြောလို့ ရလားခင်ဗျ ။
ဖြေ - အများကြီးမှားနေတယ်။ မှားယွင်းတယ်လို့ မပြောချင်ရင်တောင် လုပ်ရမယ့် တာဝန်မကျေဘူး ။ ဒါက အစိုးရလုပ်ရမယ့် တာဝန်ကိုရှိတာ ။ သူတို့ ကအုပ်ချုပ်တဲ့ တာဝန်ယူထားတာလေ ။ တာဝန်ယူထားပြီ ဆိုက
တည်းက ဒါတွေက တာဝန်ဝတ္တရားရှိနေပြီသားပေါ့ ။ အဲဒါကို လစ်လျှု ရှု နေခဲ့ကြတာကတော့ တော်တော်ကို နားမလည်နိုင်အောင်ဖြစ်ရတယ် ။ မသိဘူးဆိုရင်လည်း ဒီလောက် အသိဥာဏ်နည်းရသလား ၊ သိတယ် ဆိုရင်လည်း ဒီလောက် တာဝန်မဲ့ရသလားပေါ့ ။ နှစ်မျိုးပဲရှိတယ် ။ အသိဥာဏ်မဲ့တာလား တာဝန်မဲ့တာလားပေါ့ ။
မေး - အခုဖြစ်စဉ်အပြီး ပြန်လည်ထူထောင်ရေးအပိုင်းပေါ့ ခင်ဗျ ။နာဂစ်
မှာ ကျွန်တော်တို့ မြင်ခဲ့ပြီးပြီပေါ့နော် ။ အခုဖြစ်စဉ်မှာရော အစိုးရပိုင်းက ပြန်လည်ထူထောင်ရေးကို တကယ်ပဲ ထိထိရောက်ရောက်လုပ်နိုင်မယ်
လို့ ထင်ပါသလား ။
ဖြေ - မထင်ပါဘူး ။ တစ်ခုတော့ ရှိတယ် စိတ်ရော ကိုယ်ရောဦးဆောင်
နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်တယ် ။ Political Support (နိုင်ငံရေးအရ ထောက်ပံ့ပေးခြင်း) သာရရင် ဒါတွေ အကုန်ရတယ် ။ နောက်ဆုံး ကိုယ် မလုပ်နိုင်ရင် လုပ်နိုင်တဲ့ သူတွေဆီကို အကူအညီတောင်းပေါ့ ။ ခက်တာ
က အကူအညီမတောင်းဘူးမဟုတ်ဘူး တောင်းတယ် ။ ပြည်သူဆီကို မရောက်ဘူးလေ ။ ကူညီမယ်ဆိုသူအချို့ ကိုလည်း လက်မခံတဲ့ဖြစ်စဉ်
လည်းရှိခဲ့တယ် ။ ဒီတော့ ခုနကစကားကိုပဲ ထပ်ပြောချင်တယ် ။ ဒီလောက် အသိဥာဏ်နည်းရသလား ၊ဒီလောက် တာဝန်မဲ့ရသလားပေါ့။
မေး - သမ္မတ ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့် 
ခွဲရေး ဆိုင်ရာကော်မတီကြီးက အစည်းအဝေးကြီးလုပ်ပါတယ် ။
ဖြေ - For Show ပါပဲ ။ ခေတ်က ကုန်သင့်ပါပြီ ။ ဒီဟာမျိုးက ရိုးနေပါပြီ ၊ ၀န်ထမ်းလုပ်လာတဲ့ သက်တမ်းတစ်လျှောက်အတွေ့ အကြုံအရ သိပါတယ် ။
မေး - နောက်တစ်ချက်က ဒီလိုဖြစ်စဉ်တွေဟာ ပတ်ဝန်းကျင် ထိမ်းသိမ်း
ရေးလုပ်ငန်းစဉ်ကို အထူးသဖြင့် သဘာဝ သယံဇာတနဲ့ သစ်တောတွေ
ကို မထိမ်းသိမ်းနိုင်ခဲ့တာတွေနဲ့ ဆက်စပ်မှုရော ရှိတယ်လို့ ယူဆသလားခင်ဗျ ။
ဖြေ - ပါတာပေါ့ ။ အားလုံး ဆက်စပ်ပါတယ်။ ဥပမာအားဖြင့် မုံရွာမှာ တစ်နှစ်က ရေမြုပ်တယ် ။ ဘာလို့ မြုပ်လဲ ။ ချင်းတွင်းမြစ်ရေကြီးလာရင် မုံရွာမရောက်ခင်မှာဝင်တဲ့ ရေထိန်းတဲ့ နေရာတစ်ခုရှိတယ်။အဲဒီနေရာမှာ မြေဖို့ ပြီးတော့ မြေကွက်တွေ ရိုက်ဖော်ပြီး မြစ်ရေလမ်းကြောင်းကို ပိတ်ပလိုက်တယ် ။ နောက်တစ်ခုကတောင်သမန်အင်းရှိတယ်။ အနားမှာ
စက်မှုဇုန်လာဆောက်တယ် ။ မြစ်နဲ့ အင်းနဲ့ အ၀င်အထွက်လုပ်တဲ့နေရာ ကို တံခါးတပ်ပြီး ပိတ်ပလိုက်တယ်။ မြစ်က ကန်လို ဖြစ်သွားချိန်မှာ
စက်မှုဇုန်တွေက ပစ္စည်းတွေစွန့် တဲ့အခါမှာ အဆိပ်တွေဖြစ်ပြီး ငါးတွေ သေကုန်တယ် ။ ဒါတွေက ပညာရှင်တွေ သတိပေးနေတာပဲလေ ။ ပြီး
တော့ သစ်တောပြုန်းတာနဲ့ အကုန်ပြဿနာရှိတယ်။ သစ်တောက သဘာဝအလျှောက် ထိန်းထားတဲ့အပိုင်း ၁၅ ခုလောက်ရှိတယ်။ မြေဆီ
လွှာ ထိမ်းသိမ်းခြင်းနဲ့ မြေအောက်ရေကအစပေါ့ ။ အဲဒါတွေက တစ်
တိုင်းပြည်လုံး ခါးကော့ပြီး ခံနေရမှာ ။ ဒါတွေကို အစိုးရတာဝန်ရှိသူ
တွေက သိဖို့ လိုနေပြီ ၊ တာဝန်ရှိသူတွေဆိုလို့ လက်ရှိအစိုးရအဖွဲ့ ထဲက ၀န်ကြီးတစ်ပါးက ပြောတယ်တဲ့ " တော်သေးတယ် ၊ ကျွန်တော်တို့ နိုင်ငံမှာ Climate Change မရှိလို့ " တဲ့ ။ ကဲ ခင်ဗျားကြည့် ဘယ်လောက်စိတ်ပျက်ဖို့ ကောင်းလဲဆိုတာ။
မေး - နောက်ဆုံးမေးခွန်းအနေနဲ့ ပေါ့ ခင်ဗျ ။ ဆရာ့ရဲ့ သုံးသပ်ချက်တွေ အရ ဒီလောက် တာဝန်ယူမှုမရှိမှတော့ ဒီအစိုးရအဖွဲ့ ခေါင်းဆောင်တွေ အနေနဲ့ အခြားသောနိုင်ငံတွေက ခေါင်းဆောင်တွေလိုပေါ့ ။ တာဝန်က နေကိုယ့်ဘာသာကိုယ်နှုတ်ထွက်သွားဖို့ သင့်တယ်ထင်ပါသလား ။
ဖြေ - ဒါကတော့ ကျွန်တော်ပြောမှရယ်မဟုတ်ပါဘူး ၊ တစ်နိုင်ငံလုံး တောင်းဆိုနေတာပဲလေ ။ တာဝန်မယူနိုင်ရင်တော့ ထွက်ပေါ့ဗျာ ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနိုင်ငံက ဇိမ်နဲ့  ငြိမ့်နေရမယ့် တိုင်းပြည်မှ
မဟုတ်တာ လုပ်စရာအလုပ်တွေမှာ အများကြီးဗျာ ။ ဥပမာပြောရရင် ဆရာ့ကို ပါတီသုံးခုလောက်က ၀င်ပြိုင်ဖို့ ဖိတ်တယ် ။ ကျွန်တော် ဘာကြောင့်မပြိုင်လဲဆိုတော့ ရှုံးတာနိုင်တာထက် နိုင်လို့ ရွေးသွားပြီးလို့ 
ရောက်တဲ့နေရာမှာ ဆရာမလုပ်နိုင်ရင် ပြည်သူတွေအပေါ်မှာ တာဝန်
မကျေမှာကို စိုးလို့ ပဲ ။
ဟုတ်ကဲ့ပါ - ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
(Photo - ဦးထွန်းလွင် ပေ့ခ်ျ )
((( မှတ်ချက် - သြဂုတ် ၄ ရက်၌ ထွက်ရှိသော ပြည်မြန်မာ ဂျာနယ်တွင် ပါရှိမည့်
အင်တာဗျုး တွင် ယခုဖော်ပြပါ အချက်အားလုံးကို ဖတ်၇ှုရမည် မဟုတ်ပါ - ယင်းအတွက်
ပြည်မြန်မာတွင် မပါသော အချက်များကို လုပ်ဇတ်ခင်း၍ ဖြည့်သည်ဟု ထင်မြင် ယူဆမှုများ
ရှိလာနိုင်ပါသည် - ယင်းအတွက် ကြိုတင် ရှင်းလင်းလိုသည်က - ပြည်မြန်မာ၏ မူဝါဒ အတိုင်း
ပြည်မြန်မာက ဖော်ပြခြင်းဖြစ်သည့်အတွက် အချို့ သော အချက်များ မပါရခြင်းဖြစ်သည်ကို
စာဖတ်သူများ နားလည်ပေးပါရန် )))))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...